မန္တလေးမြို့အောင်ပင်လယ်ရပ်ကွက် ရေကြီးမှု ဓာတ်ပုံများ

cruzOctober 11, 20101min03

မန္တလေးအောင်ပင်လယ်ရပ်ကွက်ရဲ့ရေကြီးနေတဲ့ ပုံတွေပါ.. တင်တာနောက်ကျတဲ့အတွက်တောင်းပန်ပါတယ် ခုချိန်မှာတော့ တစ်ချို့နေရာတွေ ရေပြန်ကျသွားပေမယ့် ခုပုံထဲမှာပါနေတဲ့နေရာတော်တော်များများကတော့ ရေထဲရောက်နေတုန်းပါပဲ … ကျန်တဲ့ မြို့သစ်တွေဖြစ်တဲ့ မြရည်နန္ဒာ ထွန်တုံး ပြည်ကြီးတံခွန်မြို့နယ်ထဲကနေရာအချို့ နဲ့ သမန်းကုန်းရပ်ကွက်တွေမှာလည်း ရေကြီးမှုတွေဖြစ်ခဲ့ပါတယ်…လူအသေအပျောက်ရှိပါတယ်…ကယ်ဆယ်ရေးတွေလည်း အချိန်မှီလုပ်ခဲ့ကြပေမယ့် တစ်ချို့ရပ်ကွက်တွေဆို ရေတက်တာ အရမ်းမြန်တဲ့အတွက် ဆုံးရှုံးမှုတွေများတယ်လို့ သိရပါတယ်.. လွန်ခဲ့သည့်ရက်များက မန်းလေးမှာ မိုးများ သည်းထန်စွာရွာသွန်းပြီးဆည်များမှလည်းရေမထိန်းနိုင်တော့ပဲရေများဖောက်ထုတ်ခဲ့ရာမှ

ခုလိုဖြစ်ပွားခဲ့ရခြင်းဖြစ်ပါတယ်…မြို့ပေါ်ရှိလူမှုရေးအသင်းအဖွဲ့များ စေတနာရှင်များမှရေဘေးဒုက္ခသည်များအတွက်လိုအပ်သည့် စားစရာနှင့်သောက်သုံးရေများကို လှူဒါန်းလျက်ရှိကြပါတယ် အားရစရာပါခင်ဗျာ.. လာလှူတဲ့အဖွဲ့တွေကလည်းမနည်းဘူးဗျ

ခြင်္သေ့တွေလည်းပါတယ်(သိတယ်နော်) သူတို့ကထိပ်ဆုံးကပေါ့ ကျန်တဲ့တစ်ဦးခြင်းအလှူရှင်တွေဆိုလည်းမနည်းပါဘူးဗျာ လာပြီးကူညီနေကြတာဒုက္ခသည်တွေအတွက် အားတက်စရာပါဗျာ

ပုံတွေကတော့သေးနေလို့ကောင်းကောင်းမတွေ့ကြရဘူးဆိုရင်

တောင်းပန်ပါတယ်ခင်ဗျာ… ဖုန်းကင်မရာနဲ့ရိုက်တာဖြစ်တဲ့အပြင်..ဆိုဒ်ကိုလည်းချုံ့ရိုက်လိုက်လို့ပါ။

3 comments

  • kai

    October 11, 2010 at 6:56 pm

    ပုံသေးပေမဲ့ ..တန်ဖိုးရှိပါတယ်။ အဲဒီအတွက် ကျေးဖူးတင်ပါတယ်ခင်ဗျား။

    ယူအက်စ်မှာဆို .. အဲဒါမျိုး သဘာဝဘေးဖြစ်ရင် အာဏာရအစိုးရရဲ့ပါတီက အသည်းအသန်ဘက်ဂျက်တွေညှိပြီး ဒုတ်ခရောက်သူတွေကို ကယ်တင်ကြရတယ်။ အတိုက်အခံပါတီက အစိုးရက မဖြည့်နိုင်တာတွေကို ထောက်ပြပြီး ဝေဖန်ကြရတယ်။
    သမ္မတ ဘုရှ်ရဲ့ပါတီ(ရီပါ့ဗလစ်ကန်)ကို ဆွဲချသွားတာက အဲဒါမျိုးဖြစ်ခဲ့တဲ့ လူစီယာနားပြည်နယ်က Katrina မုန်တိုင်းဝင်တုန်းကပေါ့။ သူက သေသေချာချာ မလုပ်ပေးလို့ အဲဒီသဘာဝဘေးကနေ သူ့ပါတီကိုပါနောင်သမ္မတရွေးပွဲအလှည့်ကျတော့ ဆွဲချသွားတာပေါ့။
    ဆိုတော့..
    အခုမန္တလေးရေကြီးတာမှ တာဝန်အရှိဆုံးဖြစ်ပြီး ငွေကြေးအကုန်ကျခံလုပ်ပေးဖို့တာဝန်ရှိသူတွေက ပြည်ခိုင်ဖြိုးပါတီဖြစ်ပြီး ထောက်ပြရင်း အမှတ်ယူရမှာက အဲဒီနယ်ကတက်မဲ့ အတိုက်အခံပါတီတွေက ဝင်အရွေးခံမဲ့အမတ်တွေဖြစ်ပါတယ်။ အဲဒီထဲကမှ တစညကအများဆုံးထောက်ပြရင်း အကူအညီပေးသင့်ကြတယ်ထင်ပါကြောင်း..ချွန်တွန်းလေးလုပ်လိုက်ရပါတယ်ခင်ဗျား။

    Reply

  • winkyawaung

    October 12, 2010 at 1:46 am

    အင်း မြန်မာပြည်မှာက (ဘယ်သူသေသေ ငတေမာရင် ပြီးတာပဲ…)လို့ လူမိုက်တစ်စုက ဖြစ်နေကြတာကိုး..။

    Reply

  • mG

    October 12, 2010 at 2:48 pm

    မန္တလေးမှာလည်း တော်တော်ဆိုးနေတာပါလားနော်……..။ငါတို့ရန်ကုန်မှာလည်း ဆည်တွေဆောက်ထားတာ နည်းတာမှမဟုတ်ပဲ..။ရန်ကုန်ရဲ့ ပတ်ပတ်လည်မှာ ဆည်တွေရှိတယ်။မိုးပြင်း လေပြင်းနဲ့ မိုးမုန်းတိုင်းကျလို့ကတော့လား။ရန်ကုန်လည်း ရေကူးကန်ဖြစ်သွားမှာ။နာဂစ်တုန်းကတောင် မနည်းထိန်းထားရတာ ဆိုပဲ……..။

    Reply

Leave a Reply to kai Cancel Reply

Your email address will not be published.