ကဗျာကယာ .. ဘိုသီဖတ်သီ .. ပြီးစလွယ် …

fattyOctober 11, 20101min06

ကျနော်အရင်တတ်ဖူးတဲ့ခေါင်းစဉ်မှာ အခုတော့တလုံးထပ်တိုးလာရပြန်ပြီ ….။
ကိုယ့်ခေါင်းစဉ်ကိုယ်ပြန်ဖတ်ကြည့်တော့ .. တခုမှကောင်းတာမပါဘူးဖြစ်နေတယ် …။
ကဗျာကယာလဲလုပ်သေး …ပြီးတော့ဘိုသီဖတ်သီနဲ့ …သပ်သပ်ယပ်ယပ်မရှိ ..ပြီးတော့ ပြီးစလွယ်ပါလုပ်ကြတော့ .. ပြီးပါလေရောဗျို့။

အရေးကြီးတာက ..ကိုယ်နိုင်ငံအုပ်ချုပ်မဲ့ အကြီးအကဲများ ..အဲ .. သမတကြီး ဝန်ကြီးချုပ်ကြီး စစ်ဦးစီးချုပ်ကြီး လွှတ်တော်အမတ်ကြီးများ
ကျနော့ခေါင်းစဉ်အတိုင်းမဖြစ်စေချင်တာပါ …။

အခုလောလောဆယ် TV ကနေ ၁၅ မိနစ်လား နာရီဝက်လား အမတ်လောင်းများကို စကားပြောခွင့်ပေးထားပါတယ် ။ တခါတလေတော့လဲ
နားထောင်ကြည့်ဖြစ်ပါတယ် ။ တကဲ့ကို ကဗျာကယာပါဘဲ …။ သူတို့ပြောနေတာက မဲဆွယ်ဖို့လား .. REPORT ဖတ်ပြနေတာလား ..
ကိုယ့်ပါတီရဲ့မူဝါဒတွေကို ပြည်သူတွေသိအောင်ရှင်းပြနေတာလား … အင်း ..အဲဒီရည်ရွယ်ချက်တွေအကုန်ပါမယ်ထင်ပါရဲ့ …

ဒါပေမဲ့ … ဒီလောက်အရေးကြီးတဲ့ တိုင်းပြည် တပြည် နိုင်ငံတနိုင်ငံရဲ့ အနာဂါတ်ကို ခေါင်းဆောင်ဖို့ …ရွေးချယ်တဲ့ပွဲမှာ …ပြီးစလွယ်လုပ်သလိုဖြစ်နေတယ်လို့ကျနော်တော့ထင်မိတယ်။ ကျနော်ဘဲ ကလေးအတွေးများဖြစ်နေသလားတော့မပြောတတ်ဘူး။
ပြောကြတဲ့သူတွေကြည့်ရတာလဲ ..ဘယ်ဟာကိုဘယ်လိုကောင်းအောင်လုပ်မယ်။ ဘယ်ကဏ္ဍကိုဘယ်လိုပြုပြင်မယ် ဆိုတာတွေပြောသွားကြတာများ
စာစီစာကုန်းတပုဒ်သာသာလောက်ဘဲရှိတယ်လို့ကျနော်ခံစားမိတယ် ။ ဆယ်တန်းကျောင်းသားတယောက်ကို တိုင်းပြည်အကျိုးတို့သယ်ပိုး …
လို့ ခေါင်းစဉ်တတ်ပြီး ဖြေခိုင်းကြည့်ပါ … ဒါထက်ကောင်းအောင်ရေးပြကြပါလိမ့်မယ်။

နောက်တခုက ကျနော်တို့လဲ အမတ်လောင်းများကိုသွားမေးလို့ရမှာမှုတ်ပါဘူး … ကျနော်တို့ကိုယ်စားမေးနေတဲ့ media သမားများရဲ့
interview များကလဲ အားမရလှပါဘူး … မမေးတတ်တာလား ..ဘောင်ခတ်ထားလို့လား .. ..။
အတိုချုံး ရရင်ဖြင့် … ပြီးစလွယ်လုပ်လိုက်လို့ ပြီးစလွယ်ဘဲအဖြေထွက်လာရင်တော့ … immigration မှာ မြန်မာကလား .. ဟိုနားခဏထိုင်နေအုံး ..
ဆိုတဲ့အဆင့်ကနေ တက်မယ်မထင်ဘူး ….။ ပြီးစလွယ်နိုင်ငံ မဖြစ်စေချင်တဲ့စေတနာပါ။

6 comments

  • michaelaungpu

    October 11, 2010 at 3:54 pm

    အမိန် ့
    ကဗျာကယာ .. ဘိုသီဖတ်သီ .. ပြီးစလွယ်
    ပို ့စ်ရေးတဲ့ fatty ကို အခုချက်ချင်း ဖမ်းစေ

    Reply

  • kai

    October 11, 2010 at 6:10 pm

    “in a democracy, the people get the government they deserve.”
    de Tocqueville

    Reply

  • blackchaw

    October 12, 2010 at 6:04 am

    ဦးဖက်တီးရေ
    နားမလည်လို့မေးဦးမယ်
    ရေးတဲ့လူကို အရေးယူလို့ရလား
    ဖတ်တဲ့လူကိုရော အရေးယူမှာလား
    ပြီးတော့ ကွန်မန့်ရေးတဲ့ အပေါ်က နှစ်ယောက်နဲ့ သားသားကိုရော အရေးယူမှာလား
    သားကြောက်လို့မေးတာနော်။

    Reply

  • fatty

    October 12, 2010 at 7:16 am

    ငါတို့တတွေကြောက်နေရင်တော့ …ချဲထိုးနေရအုံးမယ် …ဘောပွဲလောင်းနေရအုံးမယ် .. အရက်သမားဘဲဖြစ်နေအုံးမယ် ….
    ဝတ်လစ်စလစ်နဲ့ …ဒါဘယ်သူလေးလဲဆိုတာကနေ တက်မှာမှုတ်တော့ဘူး ….
    စာရေးကြီးနဲ့စာရေးမသားညားတော့သားက ပြာတာ ဘဲဖြစ်မှာပေါ့ … အမြင်ကျယ်တဲ့သူတွေက နိုင်ငံကြီးတွေ လစ်ကုန်ပြီ …
    ကိုယ်က မသွားနိုင်သေးရင်လဲ ..ပေးသမျှအခြေအနေနဲ့ … အကြားအမြင်ဗဟုသုတများအောင်ကြိုးစားပါ ..ညီငယ် .။
    kai ရဲ့ comment ကိုရောနားလည်ရဲ့လား …..။

    Reply

  • michaelaungpu

    October 12, 2010 at 4:28 pm

    ဟီဟိ

    Reply

  • computer__crazy

    October 12, 2010 at 4:52 pm

    အများစုကတော့ ပါတီတံဆိပ်နဲ့ အလံနဲ့ အကြောင်းရှင်းနေတာနဲ့တင် အချိန်ပြည့်သွားတာပါကွယ်.. Presentation နဲ့ပါတ်သက်တဲ့ အယူအဆတွေအတွက် အဲဒီနိုင်ငံ့ခေါင်းဆောင်လောင်းတွေကို သင်စရာရှိတာ သင်ပေးလိုက်ကြပါအုံး.. ကိုရီးယားကားကြည့်ရင်းက တဆက်တည်းမီးလာနေတုန်းမို့ တီဗွီလေးဖွင့်ထားမိပါတယ်.. ဟောပြောချက်လေးက ထပ်ပေါ်လာတော့ ကြည့်လိုက်မဟဲ့ပေါ့လေ.. ကြားတော်မူကြတဲ့အတိုင်းပါပဲဗျာ..
    လုပ်စမ်းပါ.. ပြောကြစမ်းပါ.. ကြားချင်လွန်းလို့ပါ.. ပြည်သူ့ရင်ထဲ စွဲသွားစေမယ့်၊ ပြည်သူ့ပါးစပ်ဖျား ရေပန်းစားသွားစေမယ့် နောင်လာနောင်သားတွေကို ဘယ်သူပြောခဲ့တဲ့စကားကွ ဆိုပြီး Quote လုပ်လို့ရစေမယ့် စကားလေး တစ်ခွန်းလောက် ပြောတတ်ရင် ပြောလိုက်ကြစမ်းပါ.. အိုဘယ့် မောင်တို့မယ်တို့ ခေါင်းဆောင်လောင်းတို့….။ 😀 😀 😀

    Reply

Leave a Reply to blackchaw Cancel Reply

Your email address will not be published.