မူလတန်းအရွယ် ..ကလေးငယ် .. များကိုဆုံးမရင် ….

fattyOctober 11, 20101min08

အကိုဝမ်းကွဲရဲ့ ကလေးက ၂ တန်းကျောင်းသားလေး … စာကောင်းကောင်းမလုပ်ချင်ဘူး … စာညံ့တယ်ဘဲဆိုကြပါစို့
လက်ရေးကလည်း ဘလချာ ရမ်းနေတာဘဲလေ … စာကလည်းလုံးဝ မကျက်ချင်ဘူး ….
အဖေက အင်ဂျင်နီယာ .. အမေက တက္ကသိုလ် က ကျူတာ ..ဆိုတော့ … သူတို့ကလေး ဒီလောက်ညံ့နေတာ
ဘယ်အဖြစ်ခံနိုင်ပါ့မလဲ … သူတို့ကိုယ်တိုင်သင်ပေးတယ် … ကလေးကလဲ ..စာရေးခိုင်းရင် စာလုပ်ခိုင်းရင်ငိုပြီ။

အမေက အထူးသဖြင့်လက်သံပြောင်သလားမပြောနဲ့ တံမြက်စီးတွေ့ရင် တံမြက်စီးကျိုးအောင်ရိုက် …
ဝါးခြမ်းပြား ရှိရင် ဝါးခြမ်းပြားကျိုးအောင်ဆော် … နောက်တော့ ကြိမ်လုံးသေးသေးလေး ဝယ်ထားပါရော …
ကလေးကလည်း …ဘယ်လိုကျင့်ပေးပေး ..လက်ရေးကို ဝိုင်းအောင်မရးနိုင်ဘူး ……။

ကျနော်တို့ကလည်းဘေးကနေ ကြာတော့မနေနိုင်တော့ဘူး … ကဲရှိပါစေတော့ အကိုရာ ဒီလောက်ကြီးတော့ရိုက်မနေပါနဲ့တော့ ..
ကလေးခမျာ … စာလုပ်ရအောင်လာဆိုရင် အကြီးအကျယ်တုန်လှုပ်ပြီး … ငိုတော့မငိုဘူး ..အံကြိတ်ထားလေရဲ့ ….

ကလေးမူလတန်းပြီးတော့ ..အကိုတို့မိသားစု ကနေဒါ ကိုအပြီးထွက်သွားကြပါတယ် ….။
ကျနော့သားလဲ ပုံစံတမျိုးပါဘဲ … သူငယ်တန်းတုန်းကပေါ့ … စာရေး ရအောင်ဆိုရင် ..ခဏဘဲရေးတယ်
သားလက်ညောင်းပြီတဲ့ … ဝရိယကိုမရှိပါဘူး …ဒီကနေ့ အပြိုင်အဆိုင်ခေတ်ကြီးမှာမှ ဒီပုံစံနဲ့ဆိုခက်ရချည်ရဲ့

သူများသားသမီးတွေများ …ဘာသာစုံအမှတ်ပြည့် … ဘယ်ရမလဲ ကျနော်တရက်တော့ ကြိမ်ကောင်းကောင်း တချောင်း ဝယ်လာတယ်
လာရေးစမ်း … ခဏဘဲရေးတယ် …ဒီကောင် မျက်ရည်တွေကျလာတယ် …တော်တော် အပျင်းကြီးတဲ့ကောင် … ကောင်းကောင်းဆော်ပေးလိုက်တယ်
ကြိမ်ကိုဖွာထွက်သွားတာဘဲ … သူ့အမေက တော်ပါတော့တော်တဲ့ ..ကလေးဘဲ အချိန်တန်ဖြစ်လာမှာပါတဲ့ … အဲဒီတုန်းက သားကကျနော့နား
မကပ်တော့ဘူးဗျ ။ သူ့ကိုပြန်ချော့ဘို့ ညနေလမ်းလျှောက်ထွက်ကြတော့လည်း …. သိပ်မလျှောက်ရသေးဘူး …သူ့ကိုချီတော့တဲ့ …ကဲ
ကျနော့ကိုတော့ မချီခိုင်းရဲဘူးလေ ..သူ့အမေနားသွားပြီးတိုးတိုးပြောတာ …။

တရက်တော့ ကနေဒါကနေ အကို့ဆီက ဖုံးလာတယ် …။ ဟေ့ကောင် ငါတို့မှားပြီကွတဲ့ … သူ့သားကဟိုမှာလဲ တခြားကလေးတွေလို
စာမလိုက်နိုင်တော့ ပိုဆော်တာပေါ့ … ကလေးက တက်တောင်သွားသတဲ့ …နောက်မှ ဟိုကဆရာများက အကြံပေးလို့ ဆေးစစ်ကြည့်
တော့မှ …ကလေးက ငယ်ငယ်နဲ့ မျက်မှန်လိုနေတာကိုး …မျက်မှန်တတ်ပေးလိုက်မှ ..လှလိုက်တဲ့လက်ရေး …။

ကျနော်လဲ ဟာဒါဆိုငါလဲတခုခုတော့မှားပြီဆိုပြီး ကလေးကို စစ်ကြည့်လိုက်တော့ ..ကျနော့သားမှာ လေးဖက်နာ ရှိနေတာကိုး ..
အဆစ်လေးတွေက ကိုက်တော့စာကောင်းကောင်းမရေးနိုင် ..လမ်းကောင်းကောင်းမလျှောက်နိုင် ….
ဒါကိုမသိဘဲ …မိဘတွေက နင်းကန်ရိုက် … ကလေးဆိုတော့လဲ ဘာပြောတတ်တာမှတ်လို့ … ကျနော် နောင်တရလိုက်တဲ့ဖြစ်ခြင်း …
…………………. မိဘများသင်ခန်းစာယူကြပါ

8 comments

  • winkyawaung

    October 11, 2010 at 10:42 am

    အင်း သင်ခန်းစာ ယူသင့်ကြပါတယ်။ ကလေးဆိုတာ ငယ်ငယ်က ရိုက်လွန်းရင် ပိုပြီး အ သွားတာများပါတယ်။ သင့်တော်ရုံပေါ့ဗျာ…။အဓိက ပတ်ဝန်းကျင်ကောင်းမှာ ပျော်အောင်ထားသင့်ပါတယ်…။

    Reply

  • kyansitthar101

    October 11, 2010 at 11:18 am

    ကလေးတွေက သူတို့ဖြစ်နေတာကို သိပ်ပြီးမပြောပြတတ်ကြဘူးလေ
    ဒါကို လူကြီးတွေက ဆန္ဒတွေ စော နေကြတာပါ
    ပြောမယ့်သာပြောရတယ် မိဘ တိုင်း သားသမီး ကို ကောင်းစေချင် တော်စေချင် နေကြတော့ ဆန္ဒတွေ စောေ နကြတာပေါ့

    Reply

  • intro

    October 11, 2010 at 11:43 am

    ကျွန်တော့်တူ တစ်ယောက်ဆို TV Game အရမ်းကစားမက်တယ်… ဘယ်လောက်ဆော်ဆော် ခဏပဲ၊ အဲသည့်တော့ အကြံထုတ်ရတယ်… စာကို ဒီကနေ ဒီအထိ ရအောင် ကျက်နိုင်ရင် ဂိမ်းဖိုးပေးမယ် ဆိုပြီးတော့ဗျာ… အဲ့တော့မှ ရလိုက်တဲ့စာ။ ဒီခေတ်ကလေးတွေက တော်ကြပါတယ်၊ သူတို့ကို တော်စေချင်ရင် နည်းမှန်လမ်းမှန် ထိန်းကျောင်းဖို့လိုတယ် ထင်တာပဲဗျာ…

    Reply

  • kopauk mandalay

    October 11, 2010 at 11:54 am

    အရမ်းကို မှတ်သားစရာကောင်းတဲ့ စာစုလေးပါဗျာ။
    ကျနော်အပါအဝင်အကြီးတွေက ကိုယ်ထက်ငယ့်တဲ့ကလေးကို ကိုယ်လိုချင်တဲ့အတိုင်း မဖြစ်ရင် ဆော်ပလော်တီးရတာကို အကြီးရဲ့အခွင့်အရေးလို့ထင်ထားလို့
    ဆော်ကြတာကိုးဗျ။
    ဆင်ခြင်ကြရအောင်ဗျာ။

    Reply

  • ဆူး

    October 11, 2010 at 11:56 am

    ကလေးတုန်းက မှတ်မိသေးတယ်.. အလီတွေ ကျက်ရတယ်.. အဲဒီ တုန်းက ကျူရှင်တွေ ခတ်မစားသေးတော့.. အိမ်မှာ ကျောင်းက အိမ်စာတွေပေးတာ လုပ်တယ်.. အလီက ကျက်ထားတာ အလွတ်ဆိုရင် ရတယ်.. ကြားဖြတ်ဖေါက်မေးရင် မရဘူး.. ဒါနဲ့ မရကောင်းလားဆိုပြီး.. ညတော်တော် ဉာဉ့်နက်တဲ့ အထိမအိပ်ရဘူး.. ကြာတော့ ခေါင်းတွေ ပူပြီး ငိုချင်တာလာဘဲ.. အတန်းထဲမှာ ၁၂၃ ကနေ မကျရအောင် လုပ်နေရတာ တော်တော် ပင်ပန်းခဲ့တယ်.. အသက် ကလေး နဲနဲ ကြီးလာတော့.. ထိုင်ရာ မထ စာကျက်ခိုင်းလဲ စိတ်မပါရင် မကျက်ဘူး အချိန်စိအောင်သာ ထိုင်နေလိုက်တာ.. အဲဒါကြောင့် အမှတ်တွေက ကျသွားတယ်.. ခေါင်းမာလို့ မနိုင်တော့ဘူး။ ဒုတိယ တန်းလောက်တုန်းက စာတွေ လုပ်ရလွန်းလို့.. အတွေး တခု ဝင်မိတယ်.. စာရေးတတ်ဖတ်တတ်ရင် တော်ရောပေါ့. အခု ၂တန်းတောင် ရောက်လာပြီ ဆိုပြီး.. အမှန်တော့ စိတ်ဖိစီးမှုပေါ့လေ.. အခုအရွယ်မှာတော့ စာဆိုတာ တော်တော် အဖိုးတန်မှန်းသိလာတယ်.. အရာရာ သင်လို့ကို မဆုံးနိုင်မှန်း ပိုသိလာတယ်..

    Reply

  • alien on the planet earth

    October 11, 2010 at 12:39 pm

    တချို့ ကိစ္စတွေမှာ.ကလေးငယ်များကိုရိုက်နှက်ဆုံးမတာကလေးရဲ့စိတ်မှာတသက်လုံးဒဏ်ရာဖြစ်သွားစေတယ် ကလေးပဲဆိုပြီးသူတို့ရဲ့စိတ်ခံစားမှုကိုလျစ်လျှမရှုသင့်ပါဘူး.အထူးသဖြင့်ကလေးနှစ်ယောက်သုံးယောက်ဆိုရင်တစ်ယောက်ယောက်ကလစ်သွားတတ်ပါတယ်
    တခါတရံကလေးချင်းရန်ဖြစ်တာတောင် တစ်ယောက်ဘက်ကပဲအမြဲပါပြီး တစ်ယောက်ကအမြဲရိုက်ခံရတတ်ပါတယ်.
    ဒီအခါလျှစ်လျှုရှုခြင်းခံရတဲ့အဒီကလေးဟာကြီးတဲ့အထိတိုင်အောင်သူငယ်စဉ်ဘဝရဲ့ ခံစားရတာတွေကိုနာကျဉ်းတော့တာပဲ.
    မိဘ တိုင်း သားသမီးတိုင်း ကို ကောင်းစေချင် တော်စေချင် ကြရင်တော့ မျှမျှတတနဲ့ ကလေးတွေအပေါ်နားလည်မှု ရှိဖို့ပါပဲ

    Reply

  • unclegyi1974

    October 11, 2010 at 2:29 pm

    မိဘ စေတနာအလွဲတွေပေါ့ဗျာ နောက်တခုက ဘုရားဟောတရားတွေသာနာနေကြတာ
    တရားထဲပါတာကိုကျ လိုက်နာရမှန်းမသိတာတွေလေ လောဘ ဒေါသ မောဟတွေမဖြုတ်နိုင်ကြတာလေ
    လက်ရေးလှဖို့က သူငယ်တန်ကအခြေခံပါ
    အတန်းကြီးမှပြင်ဖို့မလွယ်ပါဘူး
    နောက်ပြင်နိုင်တဲ့အချိန်က ၁ဝ တန်းအောင်ပြီး ကလေးကသူကိုယ်တိုင်လိုချင်လာတဲ့အချိန်ပါ
    အဲဒီအချိန် လက်ရေးလှပြန်ကျင့်ပြီး လက်ရေး လုံးဝကောင်းသွားတဲ့ကလေးမြင်ဖူးပါတယ်

    Reply

  • bigcat

    October 11, 2010 at 11:52 pm

    မှတ်သားသင့်သော စာတပိုဒ်ပါ။ လူအတော်များများ သိကြပေမဲ့ တကယ်လက်တွေ့ကြတော့ ကိုယ်ဖြစ်စေချင်တဲ့ စိတ်ဇောနဲ့ မေ့နေတတ်ကြပါတယ်။

    Reply

Leave a Reply

Your email address will not be published.