ခက်တော့ခက်နေပြီ Dilemma

dilemma

ခက်နေပြီ
လိင်တူချင်းဆက်ဆံတာဟာ လိင်ကွဲဆက်ဆံတာလိုမျိုး ပုံမှန်သဘာဝကျ၊ သင့်တော်တဲ့ ရွေးချယ်မှုမျိုး ဖြစ်တယ်လို့ ခလေးတွေရဲ့ အတွေးအခေါ်ကို ပြောင်းလိုက်စေတာမျိုးကို လက်မခံ နိုင်ဘူးလို့ ရီပတ်ပလစ်ကန်ပါတီကနေ ဝင်အရွေးခံမဲ့ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူးလောင်း ကားလ်ပလာဒီနိုက တနင်္ဂနွေနေ့မှာ ဝေဖန်ပြောကြားလိုက်ပါတယ်။ စီအန်န်အန်န်သတင်းဌာနက ရရှိတဲ့ အသင့်ပြင်ဆင်ထားတဲ့ သူ့ရဲ့မှတ်ချက်မှာတော့ ‘ပုံမှန်အတိုင်းမဟုတ်တဲ့ လိင်တူဆက်ဆံသူ ဖြစ်လို့ဘာမှ ဂုဏ်ယူစရာမရှိပါဘူးလို့ ပြောထားယုံသာမက ဒါမျိုးဟာ ဘုရားသခင် ဖန်ဆင်းပေး ထားခဲ့တာလည်း မဟုတ်ဘူးလို့’ သူဝေဖန် ပြောကြားစဉ်တုန်းက မပါတဲ့ စကားလုံးတွေကို ထည့်သွင်း ဖေါ်ပြထားပါတယ်။ ပလာဒီနိုက နယူယောက်မြို့ ဘရွတ်ကလင်အရပ်ရှိ ဝီလျမ်ဘာခ့်ရပ်ကွက်ရှိ ရှေးရိုးစွဲ ဂျူးအုပ်စုတခုကို မိန့်ခွန်းပြောကြားတဲ့ အခမ်းအနားမှာ အသင့်ပြင်ထားတဲ့ မှတ်ချက်စာရွက် တွေကို သတင်းထောက်တွေကို ဝေငှခဲ့ပါတယ်။ သူ့ရဲ့မှတ်ချက်တွေဟာ လူလေးဦးကို ရက်စက်စွာ ပြုလုပ်ခဲ့တဲ့ လိင်တူဆက်ဆံသူ ဆန့်ကျင်ရေး ရာဇဝတ်မှုနဲ့ ရှစ်ယောက်မြောက် သံသယရှိသူကို ဖမ်းဆီးရမိခဲ့ပြီလို့ နယူးယောက်ရဲအဖွဲ့က ကြေငြာခဲ့အပြီး တရက်အကြာမှာ ပေါ်ထွက်ခဲ့တာပါ။ http://www.cnn.com/2010/POLITICS/10/10/new.york.paladino.gays/index.html?hpt=T1
အထက်ပါစာတွေကတော့ ဒီနေ့တနင်္ဂနွေနေ့ စီအန်န်အန်န် နိုင်ငံရေးသတင်း စာမျက်နှာမှာ သတင်းထောက် ချားယ်လ်ရော်ဘင်ဆင် ပေးပို့ထားတဲ့ နယူယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲနဲ့ဆက်နွယ်၊ လိင်တူဆက်ဆံသူများအရေးနဲ့လည်း ဆိုင်တဲ့သတင်းတပိုဒ်ရဲ့ အစပိုင်းကို မြန်မာလို မတတ်တခေါက် ဘာသာပြန်လိုက်တာပါ။ ဆက်ပြီးတော့ပြန်ရတာ ပင်ပန်းလို့၊ ပြီးတော့ ကိုယ်ရေးချင်တာအတွက် ကိုးကားဖို့လုံလောက်ပြီမို့ ဒီလောက်နဲ့ ရပ်လိုက်ပါတယ်။ စိတ်ဝင်စားရင် ပေးထားတဲ့လင့်ခ်ကို သွားဖတ်ကြည့်ကြပါ။ ရေးချင်တာက နိုင်ငံရေး၊ဘာသာရေးနဲ့လူမှုရေး ဆက်သွယ် နေမှုတို့ပါ။ လိင်တူကိစ္စကို ဆန့်ကျင်သူအများစုက ရီပတ်ပလစ်ကန်တွေ၊ သူတို့အများစုက ဘာသာရေးဆန်ပြီး အစဉ်အလာတန်ဖိုးကို ရှေ့တန်းတင်လေ့ရှိတဲ့ လူဖြူများပါ။ သူတို့နိုင်ရင်လည်း ခရစ်ယာန် ရှေးရိုးစွဲဝါဒ၊ ဖန်ဆင်းရှင် ဝါဒကို သိပ္ပံပညာနဲ့အပြိုင် အခြေခံပညာ ကျောင်းသင်ရိုးတွေမှာ သွပ်သွင်းဖို့အထိ ကြိုးစားကြပါတယ်။ တဖက်ဒီမိုကရက်တွေကလည်း လူမျိုးပေါင်းစုံသမဂ္ဂ ဆိုတော့ အတွေးအခေါ်၊ အရောင်အသွေးပေါင်းစုံပါ။ နိုင်ငံရေးအရ လွတ်လပ်တဲ့ ဒီမိုကရက်၊ လူမှုရေးတန်ဖိုးစံ တွေအရ ရှေးရိုးစွဲ ရီပတ်ပလစ်ကန်တွေနဲ့ ပိုနီးစပ်တဲ့ ပင်လယ်ရပ်ခြားက အပြီးပြောင်းရွှေ့ လာသူတွေ ဘယ်ဖက်ကို ယိမ်းရမလည်းနဲ့ ဝေခွဲမရ ဖြစ်ကုန်ကြပါတယ်။ မြန်မာလို ပြောရရင်တော့ ကိုဖိုးကဲနဲ့ မမယ်သဲတို့နှစ်ဦး သူနိုင်ငါနိုင် အပြိုင်ကျဲတဲ့ပွဲမှာ မအူမလည်တွေ ကြားညှပ်တဲ့ပွဲပါ။
ဒါမျိုးကို ၂၀၀၈ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အိုဘားမားကို ထောက်ခံတဲ့ လူမည်းတွေ ကြားထဲမှာ တွေ့ဖူးပါတယ်။ နိုင်ငံရေး၊လူမျိုးရေးအရ သူတို့လူမျိုး အိုဘားမားကို တခဲနက် ထောက်ခံပြီး လိင်တူအရေးကြတော့ အင်တင်တင်ဖြစ်ကုန်ကြပါတယ်။ အိုဘားမားရဲ့ အခြေခံ အင်အားစုတွေထဲမှာ အစွန်းရောက် လစ်ဘရယ်တွေ၊ အထူးသဖြင့် လိင်တူဆက်ဆံသူတွေပါတော့ သူ့ပါတီရဲ့ ရွေးကောက်ပွဲ ပေါ်လစီကလည်း လိင်တူတွေကို သိသိသာသာ အလိုလိုက်ရပါတယ်။ မတူညီကြတဲ့ အကျိုးစီးပွားတွေ ရပ်တည်ချက်တွေ ရောထွေးဖွဲ့စည်းမိတဲ့အခါ အရင်က ထင်ထားသလို လွယ်လင့်တကူ ဆုံးဖြတ်ဖို့ အလွန်ခက်ခဲ သွားပါပြီ။ အင်္ဂလိပ်လို ဒိုင်လီးမား လို့ခေါ်တဲ့ ကျဉ်းထဲကျပ်ထဲမှာ စဉ်းစားဆုံးဖြတ်ရတဲ့ အခြေအနေမျိုးတွေဟာ နှစ်ဆဲ့တစ်ရာစု ကမာ္ဘကြီးရဲ့ နယ်ပယ်ကိစ္စအသီးသီးမှာ မလွဲမရှောင်သာ နေရာယူလာမှာဖြစ်ပြီး ကမာ္ဘရွာကြီးထဲက အစိတ်အပိုင်းလေး တခုဖြစ်တဲ့ မြန်မာပြည်မှာလည်း ရှေ့ဆက်ပြီး ပိုလို့သာ ကြုံတွေ့ရတော့မှာ ဖြစ်ကြောင်း တွေးရင်းနဲ့ ဒီပို့စ်ကို ရေးမိလိုက်ပါတယ်။

6 comments

  • kopauk mandalay

    October 11, 2010 at 12:02 pm

    အဲလိုလိင်တူဆက်ဆံချင်တဲ့သူတွေကိုစု လူမနေတဲ့ကျွန်းတစ်ကျွန်းကိုပို့လိုက်။
    သေကုန်ရင်အေးရော။
    လူတိုင်းမှာ မန်မန်လွေးဘို့ မနည်းလုပ်နေရတဲ့အချိန်သူတို့က အရေးမပါတဲ့ အောက်က ကလေးကို ရေးကြီးခွင်ကျယ်လုပ်နေကြတယ်ဗျာ။.

    Reply

  • ဆူး

    October 11, 2010 at 12:30 pm

    လေးပေါက်ပြောတာ မှန်လိုက်တာ..

    Reply

  • intro

    October 11, 2010 at 12:55 pm

    ဒီဘက်ခေတ်ရဲ့ ခေတ်သစ်ရောဂါလား မသိပါဘူးဗျာ… ကူးကုန်မှာတောင် ကြောက်ရတယ်…

    Reply

  • snique

    October 12, 2010 at 8:15 am

    ကိုပေါက် ပြောတာမှန်တယ်ဗျာ း) ထောက်ခံတယ်

    Reply

  • snique

    October 12, 2010 at 8:17 am

    ကိုပေါက် ပြောတာမှန်တယ်ဗျာ း) ထောက်ခံတယ် တော်ကြာ ထောက်ခံတယ်ဆိုလို ့ သူတို ့နဲ ့ဂိုဏ်းတူ ဆိုပြီး လာခေါ်နေကြဦးမယ် အဟီး

    Reply

  • shwemanthar

    October 12, 2010 at 9:52 am

    ဟုတ်တယ်
    အစိုးရကိုအဲဒီဥပဒေထုတ်ခိုင်းလိုက်

    Reply

Leave a Reply to ဆူး Cancel Reply

Your email address will not be published.