မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးအား ရေမွှေး ဖျန်းခြင်း ရေသပ္ပာယ်ခြင်း မပြုလုပ်ရ

BayoteApril 1, 20101min010

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို ရေမွှေးဖျန်းခြင်း ရေသပ္ပာယ်ခြင်းတွေ မပြု လုပ်ဖို့ စီစဉ်ထားကြောင်း ရေတော်ဆရာတော် ဘဒ္ဒန္တဦးဥက္ကဋ္ဌက မိန့်ကြားပါတယ်။ “ရေတော် ဆရာတော် ရွေးချယ် ခန့်အပ်တဲ့နေ့က ဩဝါဒါစရိယ ဆရာတော်တွေက မိန့်ကြားသွားတာပါ။ အရင်ကမျက်နှာတော်ကို ရေမွှေးဖျန်း ပူဇော်တာတို့၊ လပြည့် လကွယ်နေ့တွေမှာ ရေသပ္ပာယ် တာတို့ လုပ်ခဲ့ကြတယ်၊ အခုတော့ မလုပ်ရတော့ဘူး” လို့ ဆရာတော်က ဆက်လက်မိန့်ကြား တယ်။

အုတ်ခုံတွေစိုပြီး ပျက်စီးကုန်မှာကြောင့် ရေသပ္ပာယ်ခြင်းကို တားမြစ်ထားတာလို့ဆို တယ်။ မျက်နှာတော်ကို ရေမွှေးဖျန်းပြီး ပူဇော်ရာမှာလည်း ရေမွှေးမှာပါတဲ့ ဓာတုပစ္စည်းတွေ ကြောင့် မျက်နှာတော်ပျက်စီးမှာစိုးလို့ ပိတ်ပင်ရတာဖြစ်ကြောင်းသိရပါတယ်။ ယခုအခါ မျက် နှာသစ်တော် ရေအတွက် ရေမွှေးအစား နံ့သာဆီနဲ့ ရေသန့် ရောစပ်ပြီး အသုံးပြုနေကြောင်း ၂၀၁ဝ ခုနှစ် မတ်လ ၂၆ ရက်နေ့ထုတ် မော်ဒန်သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။

10 comments

  • zayarwin

    April 1, 2010 at 3:44 pm

    မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ကိုခုလို မျက်နှစ်တော်ရေ အားနေ့စဉ် နေ့တိုင်း ပူဇော် ရခြင်းရဲ့ကုသိုလ်ဆိုတာ ကလဲ မွန်မြတ်တဲ့ ကုသိုလ် လေးပါ အဲဒီ အတွက် ကျွန်တော် မြန်မာလူ မျိုးတွေအနေနဲ့ မုဒိတာလေး ပွားပေးရင် ကုသိုလ်ရသလို ဗြမ္မာဆို တရားလေးပါး ထဲမှာလဲ ပါပါတယ် ခုလိုစိတ်ကလေးမွေးလိုက်တော လဲ စိတ်ထဲမှာ သူများတကာတွေ ကုသိုလ် လုပ်နေတာကို ကြည်နူး ပြီးတော့ ပိတိလေး ဖြစ်သွားတာပေါ့ ခဗျာ

    Reply

  • areyoneoo

    April 7, 2010 at 3:46 am

    တခုတော့ပြောချင်ပါသေးတယ်..ဘုရားပရဝုဏ်ထဲမှာ သန့်ရှင်းမှုတော့မရှိပါဘူး…
    မဟာမြတ်မုနိဘုရားကြီးက သပ္ပယ်ပြီးတော့
    စင်္ကြန်တွေမှာ ခွေးတွေနဲ့ .ခိုချီးတွေနဲ့ တော်တော်ညစ်ပတ်ပါတယ် .
    ဘာကြောင့်အဲလိုဖြစ်ရတာလဲတော့ မသိပါဘူး..

    Reply

  • kai

    April 7, 2010 at 9:07 am

    အင်မတန်သင့်မြတ်တယ်လို့ထင်ပါတယ်။ မဟာမုနိဆင်းတုတော်က ရှေးဟောင်းပစ္စည်းပါ။ နောင်နှစ်ကြာရှည်အောင် ထိမ်းသိမ်းဖို ့တာဝန်ရှိတယ်ထင်တာပါပဲ။
    တပြိုင်ထဲ တွေးမိတာက သဒ္ဓါလွန်လျှင် ကွန့်သည် ဆိုသတဲ့..။
    ကွန့်ပြီး သာမန်ထက်ပိုချွန်လုပ်တယ်ပေါ့လေ..အဲဒါကြောင့်..ဘုန်းတော်ကြီးကျောင်းဆို …သဒ္ဓါလွန်ပြီး ဖိနပ်မစီးပဲ..ကျောင်းဝင်းမြေကြီးပေါ်ကလျှောက်..ကျောင်းပေါ်တက်တေ့ာ..
    ..ညစ်ပတ်သွားတဲ့..ဘုန်းကြီးကျောင်းကြမ်းခင်း…ခဏခဏတိုက်ရတဲ့..ကိုရင်လေးတွေ…သတိရမိတယ်…
    အဲဒါမျိုးလည်း…ပြင်ကြဖို ့ကောင်းတယ်…။

    Reply

  • susunosuki

    April 17, 2010 at 3:10 pm

    ဟုတ်ပါတယ်
    မြတ်စွာဘုရားရှင်ကို ဘယ်လိုပဲကြည်ညိုလို့ ရေမွှေးဖြန်းတယ်ပြောပြော ရေမွှေးမှာ ပါတဲ့
    ဓါတု ပစ္စည်းရဲ့ ဒါဏ်ကို ရုပ်ပွားတော်ကြီး ခံရမှာပါ“
    ဒီတော့ ရုပ်ပွားတော်ကြီး အရှည်တည်တံ့ နိုင်ဖို့ အတွက် ဒီလိုဆုံးဖြတ်တာကောင်းပါတယ်

    Reply

  • susunosuki

    April 17, 2010 at 3:12 pm

    ဟုတ်ပါတယ်
    မြတ်စွာဘုရားရှင်ကို ဘယ်လိုပဲကြည်ညိုလို့ ရေမွှေးဖြန်းတယ်ပြောပြော ရေမွှေးမှာ ပါတဲ့
    ဓါတု ပစ္စည်းရဲ့ ဒါဏ်ကို ရုပ်ပွားတော်ကြီး ခံရမှာပါ“
    ဒီတော့ ရုပ်ပွားတော်ကြီး အရှည်တည်တံ့ နိုင်ဖို့ အတွက် ဒီလိုဆုံးဖြတ်တာကောင်းပါတယ်
    ဒါပေမယ့် ကိုယ်တိုင်ကိုယ်ကျ မပူဇော်ရတာတော့ နည်းနည်း ဆိုးပါတယ်

    Reply

  • laypyay

    May 3, 2010 at 5:59 am

    ဖြစ်သင့်တာကြာနေတဲ့အစီစဉ်းလေး တစ်လို့ မြင်မိပါတယ်.. ဒီအပြင် ဘုရားကြီးမှာ ပရဝုဏ်မှာလည်း လို အပ်တဲ့ပြုပြင်မှု တားဆီမှု ထိန်းသိမ်မှုလေးတွေ ထပ်တိုးစေချင်ပါတယ်..။

    Reply

  • Shwemannmay

    May 10, 2010 at 2:26 am

    ကောင်းမွန်တဲ ့အစီအစဉ်လေးတစ်ခုပါပဲ။ ဒီအပြင် အကြံပြုလိုတာက ဘုရားပရဝုဏ်သန် ့ရှင်းရေးပါ။ ဒီအချက်ကိုလည်း ဂရုစိုက်သင့်ပါတယ် ။ ဘုရားကြီးပာာ မန္တလေးမြို ့ရဲ ့ကျက်သရေဆောင် အထင်ကရနေရာတစ်ခုပါ။ ဒေသခံတွေလည်း အလာများသလို နိုင်ငံခြားသားတွေလည်း အရောက်အပေါက်များတဲ့ နေရာတစ်ခုပါ။ ဘုရားကြီးရဲ ့ပရဝုဏ်နေရာအချို ့နဲ ့ ဆောင်းတန်းအချို ့သောနေရာများမှာသန် ့ရှင်းမှူ အားနည်းတာကိုတွေ ့ရပါတယ်။ လူကြီးလမ်းကြောင်းမရှိတဲ ့နေ ့မျိုးတွေမှာ ရှင်းလင်းခြင်းမရှိတဲ ့ တောင်းရမ်းသူ တွေကလည်း ဘုရားကို ပိုပြီးအရုပ်ဆိုးစေပါတယ်။ ပိုပြီးသပ်ရပ်လှပအောင် လုပ်ဆောင်နိုင်ကြပါစေ။

    Reply

  • banban

    May 12, 2010 at 6:46 am

    ဘုရားကြီးဆောင်းတန်းထဲမှာ တောင်းရမ်းစားသောက်နေရတဲ့ အဘိုးတွေအဘွားတွေအတွက်လည်း အစီအစဉ်လေးတစ်ခုဆွဲပီး စောင့်ရှောက်သင့်ပါတယ်။

    Reply

  • moethiha

    May 22, 2010 at 9:54 am

    ဟုတ်တယ်ဗျ။ပျက်စီးသွားရင်ပြုပြင်ဖို့ကမလွယ်ဘူး။

    Reply

  • doekalay

    October 6, 2010 at 4:32 am

    ကျွန်တော်တို ့ငယ်ငယ်ထဲကပြုလုပ်နေကျပါ။မြန်မာဖြစ်ရေမွှေးနဲ ့ရေသပ်ပယ်တယ်ဆိုတော ့ကောင်းပါတယ်။

    Reply

Leave a Reply

Your email address will not be published.