စီရော်နယ်ဒိုရဲ ့Underware ကြော်ငြာ

doekalayOctober 11, 20101min03

ပေါ်တူဂီ ကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုနှင့် နာမည်ကျော် မင်းသမီး မီဂန်ဖောက်စ် တို့၏ ကြော်ငြာ ဘေလ်ဘုတ်ကြောင့် ယာဉ်အန္တရာယ် စိုးရိမ်ရသည့် အနေအထား ဖြစ်နေကြောင်း သိရသည်။

၎င်းတို့ ၂ ဦး အတူ ပူးပေါင်း ပါဝင်သည့် အဆိုပါ ကြော်ငြာမှာ အာမာနီ ကုမ္ပဏီမှ ထုတ်လုပ်သည့် အတွင်းခံ အဝတ်အစား ကြော်ငြာ ဖြစ်သည်။ ယင်းကြော်ငြာ ထဲ၌ ပုရိသကြိုက် ဆွဲဆောင်မှု အားကောင်းသည့် နာမည်ကျော် ဟောလိဝုဒ် မင်းသမီး မီဂန် ဖောက်စ်သည် အတွင်းခံ အဝတ်အစား များကိုသာ ဝတ်ဆင်ထားပြီး သူမ၏ ကျော့ရှင်း လှပသည့် ခန္ဓာကိုယ် အနေအထားကို ရှင်းရှင်းလင်းလင်း မြင်သာအောင် သရုပ်ဆောင် ထားသည်။ ရော်နယ်ဒို မှာလည်း ယောကျာ်း ပီသသည့် ကြွက်သား များဖြင့် တည်ဆောက် ထားသော ခန္ဓာကိုယ်ကို အသားပေး ပြသထားပြီး အတွင်းခံ ဘောင်းဘီ တိုလေး တစ်ထည်ကိုသာ ဝတ်ဆင်ထားသည်။ အဆိုပါ ကြော်ငြာ ဘေလ်ဘုတ်ကို လော့စ် အိန်ဂျယ်လိစ်၏ ယာဉ် အသွားအလာ အချက်အချာ ကျသော အနောက် ဟောလိဝုဒ် ဒေသတွင် စိုက်ထူထားခြင်း ဖြစ်ရာ ယင်းကြော်ငြာကို စိတ်ဝင်တစား ကြည့်ရင်း ယာဉ်တိုက်မှု များပင် ဖြစ်နိုင်သည့် အနေအထား ရှိနေကြောင်း သိရသည်။

အဆိုပါ ကြော်ငြာကို ယခင်က ဒေးဗစ် ဘက်ခမ်နှင့် ဇနီး ဗစ်တိုးရီးယားတို့ ပါဝင်ကြော်ငြာ ခဲ့ကြသည်။ သို့သော် လက်ရှိ ကြော်ငြာတွင် ပါဝင်ထားသူ နှစ်ဦး စလုံး၌ ကြင်ယာဖက်များ ရှိကြပြီး ရော်နယ်ဒိုမှာ ရုရှား မော်ဒယ် အိုင်ရီနာ ရှက်ခ်နှင့် လည်းကောင်း၊ မီဂန် ဖောက်စ်မှာ ဒါရိုက်တာ အော်စတင် ဂရင်းနှင့် လည်းကောင်း စုံတွဲကိုယ်စီ ရှိကြသည်။

မှတ်ချက်………Soccermyanmarမှကူးယူဖော်ပြသည်။

3 comments

  • ဆူး

    October 11, 2010 at 6:56 am

    ဘာရယ်တော့ မသိဘူး. ဒီသတင်းဖတ်ရတာ ရီချင်တယ်..

    Reply

  • kopauk mandalay

    October 11, 2010 at 12:15 pm

    မြန်မာပြည်မှာသာလာကြော်ငြာတယ်ဆိုရင် ပိုလန်းမယ်ထင်တာဘဲ။

    Reply

    • ဆူး

      October 11, 2010 at 12:23 pm

      လေးပေါက် ဆိုင်ကယ်စီးရင် သတိထားနော်..

      Reply

Leave a Reply to kopauk mandalay Cancel Reply

Your email address will not be published.