ထူးဆန်းသော အမည်မသိသတ္တဝါကြီး

မမေလးOctober 10, 20101min02

ထူးဆန်းသော အမည်မသိသတ္တဝါကြီး

ဂါနာ နိုင်ငံ ကမ်းရိုးတန်းတစ်ခုမှာ ရာသီဥတုဆိုးရွားနေစဉ်မှာ

အမျိုးအမည်မသိ သတ္တဝါတစ်ကောင် သေပြီး လာရောက်သောင်တင် နေခဲ့တာဖြစ်ပါတယ်။

ထိုသတ္တဝါမှာ ခေါင်း၊ ခြေလေးချောင်းနှင့်အမှီးပါရှိပါတယ်။

ဒီသတင်းက ကြာပြီးလို့တော့ ပြောတယ်။ အခုမှဖတ်ရတဲ့ကျွန်တော့်အတွက်ကတော့ အသစ်ပေါ့ဗျာ။

မဖတ်ဘူးသေးတဲ့ မိတ်ဆွေတွေအတွက်လည်း အသစ်ပေါ့…။

ဒီအကောင်ကြီးနဲ့ပါတ်သက်ပြီးတော့ လိုက်ရှာဖတ်ကြည့်တော့ အကြောင်းအရာတစ်ခုကိုသွားတွေတယ်။

အဲ့ဒါက ပထမကမာ္ဘ စစ်က အဖြစ်အပျက်လေးတစ်ခုပါ။

ထိုသတ္တဝါမျိုးဟာ အရှည်ပေ (၅၀-၆၀) လောက်ရှည်ပြီး ပင်လယ်နက်ထဲမှာ နေတာဖြစ်တယ်လို့ပြောပါတယ်။

နောက်ပြီးတော့ ထိုသတ္တဝါဟာ မိချောင်းနဲ့တူတယ် လို့ဆိုပါတယ်။

ပထမ ကမာ္ဘစစ်အချိန် အတ္တလန်တိတ်သမုဒ္ဒရာ မြောက်ပိုင်းမှာ

ဂျာမဏီသင်္ဘော ရေငုတ်သင်္ဘော U28 ကြောင့် အင်္ဂလန်စစ်သင်္ဘော Iberian နစ်မြှုပ်ခဲ့ရပါတယ်။

စက္ကန့်ပိုင်းသာကြာပြီး Iberian သင်္ဘောဟာ နှစ်မြှုပ်ပြီး ရေအောက်မှာ ပေါက်ကွဲသွားခဲ့ပါတယ်။

အချိန်အနည်းငယ်အကြာမှာဘဲ ပျက်စီးသွားတဲ့ သဘောင်္ရဲ့ အပိုင်းအစတွေကြားထဲကနေ

ကြီးမားတဲ့ ပင်လယ်ရေသတ္တဝါကြီးတစ်ကောင် ပေါ်လာပြီး ရေထဲမှ ရေပေါ်ကို ခုန်တက်တာကို တွေ့ခဲ့ရတယ်လို့

ရေငုတ်သင်္ဘောမှ အရာရှိတွေက သတင်းပို့တယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့မှာ ဓါတ်ပုံရိုက်လိုက်ဖို့အတွက်အချိန်မရှိလိုက်ပါဘူး။

၁ဝ စက္ကန့် ၁၅ စက္ကန့်လောက်သာ ကြာပြီး ရေအောက်ထဲကို ပြန်လည်ဝင်သွားတယ်လို့ပြောပါတယ်။

ထိုသတ္တဝါဟာ အရှည် ပေ ၆ဝ လောက်ရှိပြီး မိချောင်းနဲ့ဆင်ပါတယ်။

နောက်ပြီးသူ့မှာ ရေယှက်ရာမှာ အလွန်သန်မာတဲ့ ခြေလေးချောင်းနဲ့ အစွန်းဖက်ကို သွယ်ပြီး ချွန်သွားတဲ့ အမှီးပြားတစ်ခုပါရှိပါတယ်။

ကမာ္ဘ ပေါ်မှာ ဖမ်းမိခဲ့တဲ့ အကြီးဆုံးမိချောင်းဟာ အရှည်ပေ ၂ဝ ရှိပြီး

၁၉၆ဝ ခုနှစ်တုန်းက ဩစတေးလျနိုင်ငံ မြောက်ပိုင်း Territory ဖြစ်ပါတယ်။

ထိုရေသတ္တဝါကတော့ အဲ့ဒီမိချောင်းထက် နှစ်ဆ မက ကြီးတယ်လို့ U28 မှ ဒုတိယဗိုလ်မှူးကြီးတစ်ယောက်က ရေးသားခဲ့တာဖြစ်ပါတယ်။

မေးထဲမှရရှိပါသည် …

2 comments

  • Bl@dE

    October 11, 2010 at 5:15 am

    အဲဒါ..ပင်လယ်ထဲကဝေလငါးထက်ကြီးတဲ့ကောင်လို.မှတ်တမ်းတင်ခဲ့တာရှိတယ်မလား
    သူ.ကိုခေါ်တာရှိတယ်ဗျ..နာမည်ကိုမေ့နေတာ

    Reply

  • char too lan

    October 11, 2010 at 7:45 am

    ဘာကြီးလဲ ပုံတွေကသေးနေတော့မရှင်းဘူးဗျ
    စိတ်ဝင်စားစရာတော့ကောင်းတယ်

    Reply

Leave a Reply

Your email address will not be published.