အိုင်တီနဲ့ ကျွန်မ

manawphyulayOctober 10, 20101min01

လူ့အဖွဲ့အစည်းအပေါ် အိုင်တီရဲ့ရိုက်ခတ်မှုဩဇာအရှိန်အဝါက တာသွားလှတယ်။ အိုင်တီရဲ့ဩဇာဟာ တစ်ဦးချင်း တစ်ယောက်ချင်းကိုလည်း ရိုက်ခတ်တယ်။ မိသားစုအလိုက်၊လုပ်ငန်းတွေ၊ အလုပ်သမားစွမ်းအားစုတွေ နောက်ပြီးလူ့အဖွဲ့အစည်းကြီးတစ်ရပ်လုံးကိုလည်း ရိုက်ခံတယ်။ ဒါပေမဲ့ အို်င်တီရဲ့ရိုက်ခတ်မှုဩဇာဟာလူတစ်ဦးနှင့် တစ်ဦး အပေါ်ကျတော့ တူညီမှု မရှိပြန်ဘူး။ အင်းပြောရရင် အိုင်တီရဲ့အကျိုးကျေးဇူးရလဒ်က ပညာဉာဏ်အဆင့်မြင့်သူက ပညာဉာဏ်အဆင့်နိမ့်သူထက် ပိုပြီး ခံစားရနိုင်တယ်လေ။ ဒီလိုဘဲ ပညာကွဲခြားသွားတာနဲ့လူတစ်ဦးချင်းစီရဲ့ ဝင်ငွေအနည်းအများက ကွဲပြားခြားနားသွားစေတာကိုတွေ့ရှိရတယ်။ သူများ ပြောလို့သာ အိုင်တီရတယ် အိုင်တီဆိုတာ ဘာလဲ။ ဒါဟာ ပြန်စဉ်းစားရမဲ့အချက်ပဲနော်။ သတင်းအချက်အလက် ဆက်သွယ်ရေးဆိုင်ရာ အဆင့်မြင့်နည်းပညာ(အိုင်တီ) ဆိုသည်မှာ အင်းအလွယ်ဆုံး ပြောရရင် ကွန်ပျူတာစနစ်ကို အသုံးချခြင်းကို ခေါ်ဆိုတာပဲ။ တစ်နည်းပြောရရင် အိုင်တီပေါ်ပေါက်လာတာနဲ့အမျှ လူတွေရဲ့လုပ်ဆောင်ချက်တွေ လုပ်အားတွေကို သက်သာစေပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ တစ်နေရာနဲ့ တစ်နေရာကိုမြန်ဆန်ပြီးစီးအောင် လုပ်ဆောင်ပေးတဲ့အတွက် အောင်မြင်မှုမြန်ဆန်လာတာကို တွေ့ရှိရတယ်။ ဒီလိုဘဲ အိုင်တီပေါ်ပေါက်လာတဲ့အတွက် ကျွန်မတို့လို အမျိုးသမီးများအတွက် အမျိုးသားများနဲ့ တန်းတူ အလုပ်လုပ်ဆောင်လာနိုင်သလို ဝင်ငွေလစာဟာလည်း တန်းတူနည်းပါး ရရှိလာခဲ့ပြီလေ။ တစ်နေ့နဲ့ တစ်နေ့ ပြောင်းလဲလာနေတဲ့ အိုင်တီခေတ်လို့ ဆိုရတော့မှာပေါ့။ ခုခေတ်အမျိုးသမီးများဟာ အမျိုးသားများနဲ့ ရင်ဘောင်တန်းပြီး မျက်စိဖွင့်နားဖွင့် လုပ်ဆောင်လာနိုင်ကြတာကိုကြည့်ခြင်းအားဖြင့် ပြောင်းလဲတိုးတက်နေတဲ့ခေတ်ကြီးကို ကျေးဇူးတင်ရမလိုတောင်ဖြစ်နေရပြီလေ။ ကျွန်မကရော အိုင်တီဆိုတာ နားလည်ပြီလား။ အိုင်တီပိုင်းကိုလေ့လာရင်ကော မတိုးတက်နိုင်ဖူးလား။ ကျွန်မလို နလပိန်းတုံးတစ်ယောက်ရဲ့ခေါင်းထဲ အတွေးတွေ ဝင်လာခဲ့တာ ဘာကြောင့်လဲ ဒါဟာ ရှင်းရှင်းလေးပဲ။ အိုင်တီကြောင့်ပေါ့။ ကျွန်မလည်း ဒီတိုးတက်နေတဲ့ခေတ်ကြီးထဲ လူတွေထဲမှာ ကြိုးစားရင် ပါလာနိုင်တော့မှာပေါ့နော်။ သူများတွေ ရှေ့ရောက်နေတဲ့အချိန်မှာ ကျွန်မက နောက်ချန်နေရစ်ရရမလား။ ငါကော ကြိုးစားရင် မဖြစ်နိုင်ဖူးလား။ ခုမှ စတင်မဲ့လမ်းအတွက် တစ်ခါတလေ အားငယ်မိတာတော့ အမှန်ပါ။ စမ်းတဝါးဝါးလျှောက်နေတဲ့လမ်းမှာ ငါဟာ လမ်းဆုံးကို လျှောက်နိုင်ပါ့မလား။ ငါ့လို ဘာပညာဘာအစွမ်းအစမှ မရှိတဲ့ လူတစ်ယောက်အတွက် အိုင်တီနဲ့နီးလာမလား။ ဝေးနေသေးလားဆိုတာကို ဆန်းစစ်ရင်း အိုင်တီလောကကြီး အမြဲတည်တံ့ တိုးတက်အောင်မြင်နေပါစေလို့ ဆုတောင်းနေမိပါတော့တယ်။

One comment

  • kglay

    October 10, 2010 at 4:51 pm

    အိုင်တီ နဲ့ ကျွန် မ ဆိုတော့ အိုင်တီ နဲ့သဋေး ကိုရေးပါအုံးခင်ဗျ။

    Reply

Leave a Reply to kglay Cancel Reply

Your email address will not be published.