ဖွားဖွားတို့ကြိုက်တာ

whiteOctober 11, 20101min02

တစ်ခါက ခရီးသည်တင် ဘတ်စ်ကား မောင်းသူ တစ်ယောက်ဟာ ကားစီးလုံးပြည့် အဖွားအို တစ်သိုက်နဲ့
အဝေးပြေး လမ်းမကြီးအတိုင်း မောင်းနှင်လာခဲ့ပါသတဲ့။ လမ်းခုလတ် တစ်နေရာ အရောက် နောက်ဖက်ခုံမှာ
ထိုင်နေသူ ခပ်သေးသေး အဖွားအိုက သူ့ပုခုံးကို လက်တို့ပြီး “မောင်ရင်လေး မြေပဲ ကြိုက်တတ် လားကွယ့်” လို့
မေးလာပါတယ်။
ကားမောင်းသူကလဲ ရိုသေစွာ “ဟုတ်ကဲ့ အဖွား” လို့ ပြန်ဖြေလိုက်ပါသတဲ့။
အဲ့ဒီနောက် သူ့ပုခုံးကို ကျော်ပြီး လက်တစ်ခုပ်အပြည့် မြေပဲတွေ လာပေးတာပေါ့။
ကားမောင်းသူမှာ ကျေးဇူးတင် ဝမ်းသာစွာနဲ့ မြေပဲတွေကို စားလိုက်တယ်။
နောက် ၁၅မိနစ်လောက် အကြာမှာ သူ့ပုခုံးကို ကျော်ပြီး နောက်ထပ် မြေပဲ လက်တစ်ခုပ် ရောက်လာပြန်ရော။
အဖွားအိုက အဲ့ဒီနည်းအတိုင်း ၅ခါလောက် မြေပဲတွေ လာပေးနေလေသည်။ ကားမောင်းသူကလည်း အပြင်းပြေ
မြေပဲလေး တမြုံ့မြုံနဲ့ပေါ့။
နောက်တစ်ခါ သူ့ပုခုံးကို အဖွားအိုက လာတို့ ချိန်မှာတော့ မနေနိုင်ပဲ မေးမိပါသတဲ့။
“အဖွားခင်ဗျာ့၊ ဝယ်လာတဲ့ မြေပဲတွေ ကိုယ့်ဘာသာ မစားပဲ ဘာကြောင့် ကျနော့်ကိုပဲ လာပေးနေတာလဲ ခင်ဗျာ”
ဟု မေးလိုက်သည်။
အဖွားအိုကလည်း
“ဖွားဖွားတို့က မဝါးနိုင်ဘူးကွယ့် ဖွားဖွားတို့မှာ သွားမရှိဘူးလေ” ဟု ပြန်ဖြေလိုက်သည်။
စဉ်းစားရ ကြပ်သွားတဲ့ ကားမောင်းသူကလဲ ထပ်ပြီး မေးပြန်လေသည်။
“မစားနိုင်ပဲနဲ့များ ဘာလို့ ဝယ်ခဲ့ရသလဲ အဖွားရယ်” ဟူ၍ဖြစ်သည်။
အဖွားအို ပြန်ဖြေလိုက်ပုံက
“ဖွားဖွားတို့က မြေပဲအပြင်မှာ ဝန်းရံထားတဲ့ ချောကလက်တွေကိုပဲ ကြိုက်တာလေ” ဟူသတည်း ..

2 comments

  • ဆူး

    October 11, 2010 at 11:57 am

    ဘွားဘွား မြေပဲ သရေတွေနဲ့များလားမသိဘူး..

    Reply

  • kopauk mandalay

    October 11, 2010 at 12:04 pm

    သူတို့မစားနိုင်တာလေးတွေကိုလွှင့်မပစ်ဘဲလာကြွေးတာကိုက နည်းတဲ့စေတနာမဟုတ်ဘူးနော်

    Reply

Leave a Reply

Your email address will not be published.