ကမ္ဘာကြီးအတွက် လက်တွဲကြရအောင်….

manawphyulayOctober 8, 20101min08

လောကကြီးကို ဖြန့်ကျက်ကြည့်လိုက်
ဟောဟိုက လူူတချို့ရဲ့လက်ထဲမှာ
လိုရာစေနိုင်တဲ့ နည်းပညာတွေက ပြိုးပြိုးပြက်ပြက်
ပညာ ဘယ်ကိုလဲ
ပညာ ဘာအတွက်လဲ
ပညာ ဘာလုပ်ရသလဲ
မြင့်မြင့်ပျံရင် ဝေးဝေးမြင်တယ်တဲ့
နည်းပညာတိုးတက်နေတဲ့ခေတ်
တစ်ကမ္ဘာလုံးကို မြင်နိုင်ပြီ
နည်းပညာက ခိုင်းစေမှာလား
လူသားတွေက စေခိုင်းမှာလား
မဝေဝါးပဲ အသေချာစဉ်းစား
ပခုံးနှစ်ဖက်ကြားက ခေါင်းပေါက်
ဦးနှောက်တစ်ခုစီ ပိုင်ဆိုင်
လူသားတိုင်းအဖြစ်
ဖိနပ်နဲ့ ဝတ်စုံကောင်းပါလျက်
ပန်းမဝင်နိုင်သေးတဲ့ ကမ္ဘာကြီးအတွက်
ရှိပြီးသား အင်အားတွေကို
တို့အားလုံး မျှဝေကြရအောင်

8 comments

  • ဆူး

    October 8, 2010 at 12:40 pm

    ကဲ.. အားတွေ ဝေနေတယ်နော်.. အားတွေ.. ရမယ်.. အားတွေ..
    သတ္တဝါတွေ ငြိမ်အေး ချမ်းသာ ရှိကြပါစေ။

    Reply

  • manawphyulay

    October 8, 2010 at 12:54 pm

    ကမ္ဘာကြီးအတွက် တစ်ယောက်တစ်လက် ဝိုင်းကူလိုက်ရင် နွေးထွေးသော ကမ်းလက်များနဲ့ ကြိုဆိုကြရအောင်နော်

    Reply

  • manawphyulay

    October 8, 2010 at 1:37 pm

    နွေးထွေးတဲ့ကမ်းလက်များနဲ့ တို့အားလုံး ဝိုင်းဝန်းကူညီရကြအောင်နော်….

    Reply

  • unclegyi1974

    October 8, 2010 at 2:14 pm

    ကဲ ကမ္ဘာကြီးအတွက် လုပ်နိုင်တာကစလိုက်ကြရအောင်
    ဒီနေ့ဘဲ သစ်ပင်တပင်စ စိုုက်လိုက်ကြရအောင်

    Reply

    • ဆူး

      October 9, 2010 at 2:43 am

      မနေ့က ပဲတွေ ရေစိမ်ထားတယ် ဒီနေ့ အမြစ်တွေ ထွက်လာလို့.. ပဲပင်ပေါက် ချက်စားလိုက်တယ်..
      မနေ့က ကဇွန်းပင်စိုက်တယ်… နောက် ၆လနေရင် တူးစားမယ်..
      အပင်ကြီးကြီး မန်ကျဉ်းပင်စိုက်မယ်.. မန်ကျဉ်းသီး.. ခူးစား.. နိုင်ငံခြား ပို့မယ်.. အပင်လဲရင် စဉ်းနှီးတုံး.. အတုံးသေးရင် အမှုန့်ကြိတ်ပြီး အမွေးတိုင်လုပ်မယ်..
      နောက်တာနော်.. ..

      သစ်တပင်ကောင်း ငှက်တသောင်းနား.. အရွက်များများ အုပ်ဆိုင်းနေသော သစ်ပင်စိုက်သင့်တယ်..
      နယ်က လာလုပ်တဲ့ ကောင်မလေးက အိမ်မှာ ခိုတွေ အစာကြွေးတော့.. သူရွာကို သတိရတယ်တဲ့.. ဘာလိုလဲ ဆိုတော့.. ခိုတကောင်မှ မရှိလို့တဲ့.. ခိုတကောင် တလေ တွေ့ရင်တောင် ဟင်းအိုးထဲ ရောက်သွားလို့တဲ့.. အဖြစ်က မလွယ်ဘူး..

      Reply

  • The Reds

    October 8, 2010 at 2:18 pm

    အင်အား တွေ ပေး တာ က ဟုတ် ပါ ပြီ … လက် တွေ. ကျ ကျ လုပ် သင်. တယ် လို. ထင် တယ် ..

    Reply

  • mG

    October 8, 2010 at 3:25 pm

    အဲ့ စာသားလေးကိုအရမ်းသဘောကျတယ်။ လူတွေ လူတွေ အလုပ်လုပ်နေရတာကို အရမ်းအောက်တန်းကျတယ်လို့ပြောနေကြတယ်။ထင်နေကျတယ်။အဲ့ဒါတွေက အထင်မြင်တွေ မှားနေတယ်လို့ထင်တယ်ဗျ။ကမ်းနားတွေမှာ ကူလီထမ်းနေတဲ့ လူတွေ။ဆိုက်ကားနင်းပြီး မိသားစုကို ရှာကျွေးနေတဲ့ လူတွေကိုအရမ်းအထင်သေးကြတယ်။အဲ့လိုအထင်သေးကျတဲ့ လူတွေကို ကျွန်တော်တခုပဲ မေးချင်တယ်ဗျာ….။ခင်ဗျာတို့မှာကော သူတို့လိုမျိုး လောကဓံ ကိုရင်ဆိုင်ပြီး ခက်ခဲတဲ့ ဘဝဒဏ်ကိုခံနိုင်ရဲ့လားလို့ မေးလိုက်ချင်တယ်။
    (မှတ်ချက် ။ ။လူတိုင်းမှာ အားသာချက်နဲ့အားနည်းချက် ရှိတယ်။ဘယ်သူ့ကိုမှ အထင်အသေးနဲ့။)

    Reply

  • manawphyulay

    October 9, 2010 at 11:25 am

    ွှThe Reds>>> ပြောသလိုပါပဲ။ ဘယ်အရာမှ ကိုယ်တိုင်မလုပ်ပဲ သူများကို လုပ်ပါလားလို့ ပြောရင် ဆရာလုပ်တယ်လို့ အပြောခံရမယ်ထင်ပါတယ်။ ကိုယ်တိုင်တောင်မလုပ်တာ သူများတွေကော လုပ်ကြပါ့မလားဆိုတဲ့အတွေးကို အရင်ဆုံးတွေးကြည့်မိပါတယ်။ နောက်တစ်ချက် ကိုယ်ချင်းစာတရား ထားကြမယ်ဆိုရင် လူသားတွေကို တစ်ဖက်တစ်လမ်းက ငါ အကျိုးပြုနေတယ်လို့လည်း ခံစားမိပါတယ်။ ဘယ်သူ့ကိုမဆိုပေါ့ ကိုယ်တတ်နိုင်သလောက် ကူညီလိုက်တာဟာ ကိုယ့်အတွက် ဘာမှမထိခိုက်ပဲ မနော ရင်ထဲကို ကြည်နူးမှုလည်းဖြစ်ပေါ်မိပါတယ်။ နောက်ပိုင်း မိဘမဲ့လေးတွေကို လှူတော့ လိုက်သွားဖြစ်တော့ ပိုပြီး ကိုယ်ချင်းစာလာမိတယ်။ နောက်တစ်ပတ်တစ်ခါ ရွှေတိဂုံမှာ သန့်ရှင်းရေးလည်းလုပ်ဖြစ်လာတော့ စိတ်ကို အေးချမ်းအောင် နေဖို့ဆိုတာ ကိုယ်တိုင်ပြုလုပ်မှ ရပါလားဆိုတဲ့အသိ ခေါင်းထဲဝင်လာပါတယ်။ မနောကတော့ မသေခင် အားလုံးအတွက် တန်ဖိုးရှိအောင် နေသွားမှာပါ။

    Reply

Leave a Reply to ဆူး Cancel Reply

Your email address will not be published.