ပုဂံ စိန်ပြာကြီးနှင့် ကျိန်စာ သင့်သူများ အပိုင်း 7

ဆူးOctober 8, 20102min030

Eastman Kodak Company ဆိုလျှင် တကမာ္ဘလုံးသိကြပါတယ်။ ထို ကုမ္ပဏီ ပိုင်ရှင်ကြီးမှာ George Eastman ဂျော့အီးစမင်း ဆိုသူဖြစ်ပြီး လူတိုင်း လွယ်ကူစွာ ဓါတ်ပုံရိုက်ကူးနိုင်သည့် ဖလင်လိပ် နှင့် ရုပ်ရှင် ဖလင်များကိုလည်း ဦးစွာ ထုတ်လုပခဲ့သူ ဖြစ်၍ သိန်းပေါင်းများစွာ ကြွယ်ဝ ချမ်းသာသော သူဠေးကြီး ဖြစ်လာခဲ့သည်။ ကိုဒက် ကင်မရာများ စတင် တည်ထွင်ခဲ့သူလည်း ဖြစ်ပါသည်။
George Eastman ရဲ့ နေအိမ်ဖြစ်ပါတယ်။
ဂျော့အီးစမင်း သည် ဒုတိယ ကမာ္ဘစစ်ကြီး မဖြစ်ပွားမီ ၁၉၂၉ ခုနစ်လောက်တွက် ကမာ္ဘစိန်ပြာကြီး သို့မဟုတ် ဟုပ် စိန်ပြာကြီး ကို အမေရိကန်ကျောက်မျက် ရတနာ ဈေးကွက်မှ အမြင့်ဆုံးဈေးပေးပြီး ဝယ်ယူလိုက်သည်။ ထိုစိန်ပြာကြီးကို ဝယ်ယူပြီးနောက် သူဠေးကြီးသည် လောကကြီးကို ငြီးငွေ့လာပုံရ၏ သူတစ်ဦးတည်းပိုင် အီးစမင်း ကိုဒတ် ကုမ္ပဏီကို တစ်ကမာ္ဘလုံးရှိ သူ၏ ကိုယ်စားလှယ်များနှင့် ပြည်သူများ အား အစုရှယ်ယာများ ခွဲဝေပေးပြီး အများပိုင် ကုမ္ပဏီ အဖြစ် ဖွဲ့စည်းလိုက်သည်။ ဆေးရုံများသို့ ငွေသန်းနှင့်ချီ၍ လှူဒါန်းခဲ့ပါသည်။

George Eastman တည်ထွင်တဲ့ ကင်မရာ

၁၉၃၁ခုနှစ်တွင် တစ်ကမာ္ဘလုံး ဆိုင်ရာ ဓါတ်ပုံပြိုင်ပွဲတွင် ပထမဆုရသူကို ဒေါ်လာ ၃၀၀၀ဝကျော် (ထိုခေတ်မြန်မာ ငွေ တန်ဖို့ ၁သိန်းခန့်) နှင့် ရွှေစင်ဆု ချီုမြင့်ခဲ့သည်။ တစ်ကမာ္ဘလုံးရှိ ပြိုင်ပွဲ ဝင်သူများ အတွက် ဆုပေါင်း ထောင်နှင့်ချီ၍ ချီးမြှင့်ခဲ့ပေသည်။ မြန်မာပြည်မှ မန ္တလေးနန်းမြိုရိုးနှင့် နှစ်သိမ့်ဆု တဆု ရရှိခဲ့ဖူးသည်။

ယင်းဆု ချီးမြှင့်ပြီး မကြာမီတင် George Eastman သည် သူကိုယ်သူ သတ်သေသွားခဲ့သည်။ သူ၏ သေတမ်းစာတွင် သူလုပ်ချင်တာတွေ သူလုပ်ပြီးပြီ ဖြစ်၍ လူပြည်တွင် ဆက်မနေလိုတော့.. ဟု ဆိုလိုသော သေတမ်းစာရေးထားခဲ့သည်။
သေတမ်းစာ
တူတူဘဲနော်.. တခုက မူရင်း က ဝါးနေလို့ ပြုပြင်ထားတာ

ဤသို့ဖြင့် ပုဂံ စိန်ပြာကြီး သို့မဟုတ် ဟုပ်စိန်ပြာကြီး သည် ပိုင်ဆိုင်သူများကို ခိုက်စေသည့်အတွက် နောက်ဆုံး ပိုင်ရှင်ဖြစ်သော ဟယ်ရီဝင်စတန် မှာ ကိုစိန်ကြီးအား ၁၉၄၉ ခုနှစ်အတွင်းတွင် စမစ်ဆိုနီယန် ပြတိုက်ဆို့ လှူဒါန်းခဲ့ပါသည်။
ပြတိုက်သို့ လှူဒါန်းနေပုံပါ။

၁၉၇၁ ခုနှစ် ဒီဇင်ဘာ တုန်းက ရိုက်ထားတဲ့ ပုံလေးပါ။

ပုဂံ စိန်ပြာကြီးသည်.. ဤသို့ဖြင့် ပြတိုက်အတွင်း တခန်းရပ်နေသည်။ နောက်ထပ် သတင်းများ ထပ်မကြားရသေးပါ။
ပြီးပါပြီ။

http://www.myanmars.net/myanmar-history/hope-diamond.htm << ထိုလင့်မှ အဓိက ကူးယူပါသည်။
စာအုပ်အနေနှင့် ဝင့်ထယ် ရေးသားပြီး အလင်းသစ် စာပေမှ ထုတ်ဝေ ထားပါသည်။

30 comments

  • michaelaungpu

    October 8, 2010 at 10:29 am

    ဒို ့ရွာ ဘုရားမှာလှူဘို ့ရာ ငါ့နာမည်နဲ ့တော့ အလှူခံရဲတယ်ဝေး
    သေရမယ်ဆို သေပြလိုက် ခြင်ပါရဲ ့

    Reply

  • ဆူး

    October 8, 2010 at 10:32 am

    မိုက်ကယ်ဂျော်နီ အောင်ပု ဆီကို စိန်ပြာပြီးမှာ စောင့်တဲ့ အစောင့်ကြီး အင်ဗိုက်လုပ်လိုက်ပါလား.. တူနယ်ချင်း အရင်လုပ်လို့ အချင်ပြေရင် တွားအလှူခံလိုက်

    Reply

  • whowho

    October 8, 2010 at 10:36 am

    လာကြည့်တဲ့လူတွေကျတော့ရောဘယ်လိုတုန့်ပြန်မလဲမသိဘူးနော်။ တစ်ခါလောက်စမ်းကြည့်ရရင်ကောင်းမယ်။

    Reply

    • ဆူး

      October 8, 2010 at 10:44 am

      ဘာမှ မတုန့်ပြန်ဘူး.. စိတ်ချ.. တုန့်ပြန်ရင် နောက်ထပ် ဇတ်လမ်းတွေ ထပ်ရှိအုန်းမှာပေါ့.. စာအုပ်ထဲက ဘာသာပြန် ဇတ်လမ်းကော အွန်လိုင်းမှာ တင်ထားတဲ့ ဇတ်လမ်းတွေ အားလုံး ဒီမှာ ဆုံးသွားပြီး

      Reply

  • april

    October 8, 2010 at 11:39 am

    သတင်းအသစ်ကြားရင် ထပ်တင်ပေးအုံးနော်..ဒါနဲ့ သတင်းအသစ်ဆိုရင်လည်း တစ်ယောက်ယောက် ထပ်သေမှာလားဟင်..ကြောက်စရာကြီး

    Reply

  • kyansitthar101

    October 8, 2010 at 1:12 pm

    အဲဒီ စိန်ပြာကြီးကို ဘယ်သူက ပုဂံ အာနန္ဒာဘုရားမှာ လာလှူသွားလဲ။
    အလှူရှင်က ဘယ်လိုကျိမ်စာတွေ ထားခဲ့တာလဲ
    ဒီတိုင်းဆို စိန်ပြာကြီး ပိုင်တဲ့သူတိုင်း ဒုက္ခရောက်ကြတာဆိုတော့ တိုက်ဆိုင်တာလို့လဲ ပြောလို့ မရ။

    Reply

    • ဆူး

      October 9, 2010 at 2:15 am

      ဘုရားဒကာကြီး ဆရာကျန်က လာမေးနေတယ်.. ဘယ်သူကို သွားပြန်မေးရမလဲ. အဲဒီမေးခွန်းကို

      Reply

      • ဆူး

        October 9, 2010 at 2:29 am

        Diana ကွန်မန့်ကို ဖြေတာ ဘယ်လိုမှ မတက်ဘူး ဖြစ်နေတယ်။

        အပိုင်း ၁ နှင့် ၂ မှာ လည်း လင့်တွေ ဖြေရှင်းချက်တွေ ပေးထားတယ်.. ပြန်သာ သွားရှာကြည့်ပါ။

        Reply

        • ဆူး

          October 9, 2010 at 2:31 am

          http://www.myanmars.net/myanmar-history/hope-diamond.htm အဲဒီကနေ အများဆုံး ကိုးကားပါတယ်..
          စာအုပ်အနေနဲ့တော့.. ဝင့်ထယ် ရေးသားပြီး အလင်းသစ် စာပေက ထုတ်ထားပါတယ်။
          ပုံတွေကိုတော့ ဂူဂဲကနေ ရှာထားတာပါ။

  • The Reds

    October 8, 2010 at 3:14 pm

    ဒါ ဆို စိန်ပြာကြီး က ပြတိုက် ထဲ မှာ ကော ရှိ သေး ရဲ. လား ဟင် ။ အဲ သတင်း ကို ကော ကြား မိ သေး လား ။

    Reply

    • ဆူး

      October 9, 2010 at 3:39 am

      သိချင်ရင် အယ်ဒီတာကြီးတွေကို သွားကြည့်ခိုင်းလိုက်.. တကယ် ရှိမရှိဆိုတာ သူတို့ သွားကြည့်ဖို့ အဖြစ်နိုင်ဆုံးဘဲ..

      Reply

  • Diana

    October 8, 2010 at 4:02 pm

    တစ်ခုလောက်မေးပါရစေ…ခုတင်ထားတဲ့စိန်က The Hope Diamond ကိုပြောတာလား….
    ဒါဆိုရင်ကိုယ်တိုင်ရေးထားတာလား…ဘယ်ကအချက်အလက်တွေရလဲဆိုတာသိချင်ပါတယ်…
    ဘာလို ့လဲဆိုတော့ The Hope Diamond ဆိုပြီး Google မှာရှာလိုက်တော့ ထွက်လာတဲ့လင့်တွေထဲက…
    အားလုံးပြောနေကြတာပာာ…ဒီစိန်ပာာ India ကခိုးယူသွားတယ်ဆိုပြီးရေးထားတာပါ….
    ပုဂံ နဲ ့ India ဆိုတာပဲလွဲနေတာပါ…နောက်ပိုင်းကျိန်စာမိတာတွေကတော့အတူတူပါပဲ..
    သေသေချာချာလင့်အားလုံးကို ရှာဖွေထားပါတယ်….ပုဂံကဆိုတာဖော်မပြထားပါဘူး…
    အဲ့ဒါကြောင့်စာရေးသူအနေနဲ ့အချက်အလက်စုံစုံလင်လင်လေးဖော်ပြပေးမယ်ဆိုပိုကောင်းပါမယ်…
    မပာုတ်ဘဲနဲ ့စာဖတ်သူတွေတလွဲတွေ ထင်သွားမှာစိုးလို ့ပါ….
    ရှာဖွေထားတဲ့လင့်လေးတွေကိုလည်းဖော်ပြပေးလိုက်ပါတယ်…
    http://mineralsciences.si.edu/hope.htm
    http://en.wikipedia.org/wiki/Hope_Diamond
    http://www.si.edu/encyclopedia_si/nmnh/hope.htm
    http://history1900s.about.com/od/1950s/a/hopediamond.htm

    Reply

    • ဆူး

      October 9, 2010 at 2:25 am

      ဘယ်လိုမှ မတက်ပါလားနော်..
      ဖြေရှင်းချက်လေး ပေးချင်ပါတယ် ဆိုမှ.. ကူညီကြပါအုန်း.. ပြသနာဘဲ..

      http://www.myanmars.net/myanmar-history/hope-diamond.htm အဲဒီကနေ အများဆုံး ကိုးကားပါတယ်..
      စာအုပ်အနေနဲ့တော့.. ဝင့်ထယ် ရေးသားပြီး အလင်းသစ် စာပေက ထုတ်ထားပါတယ်။
      ဒီအကြောင်းတွေကို အပိုင်း ၁ နှင့် ၂မှာ ရေးပြီးသားပါ

      Reply

    • ဆူး

      October 9, 2010 at 2:35 am

      India မဟုတ်ဘဲ မြန်မာ က ဖြစ်နေရင်.. မြန်မာသမိုင်း ဝင်က တိုင်းတပါး သမိုင်း အဖြစ်ဖော်ပြခံရတာ စိတ်မကောင်းဘူး။ ဒီအောက်မှာ ဘယ်လိုမှ ရေးလို့ ကွန်မန့်တွေ မတက်ဘူး ဖြစ်နေလို့ပါ.. လင့် ကော်ပီလေး တင်လိုက်တာနဲ့.. ကွန်မန့်လေးက မတက်တော့ဘူး ဖြစ်နေတယ်.. ရှေ့ အပိုင်းတွေမှာ့ ကိုးကား ကူးယူ မှီငြမ်း ထည့်ရေးထားပါတယ်။

      Reply

  • ဆူး

    October 9, 2010 at 1:42 am

    http://www.myanmars.net/myanmar-history/hope-diamond.htm ဒီလင့်က အများဆုံး ကိုးကားပါတယ်..
    စာအုပ်နဲ့ ဆိုရင်တော့
    စာရေးဆရာ ဝင့်ထယ်
    အလင်းသစ် စာပေ ကနေ ထုတ်ထားတာပါ.. ရှာကြည့်ပါ

    Reply

  • ဆူး

    October 9, 2010 at 1:56 am

    http://www.myanmars.net/myanmar-history/hope-diamond.htm အဲဒီကနေ အများဆုံး ကိုးကားပါတယ်..
    စာအုပ်အနေနဲ့တော့.. ဝင့်ထယ် ရေးသားပြီး အလင်းသစ် စာပေက ထုတ်ထားပါတယ်။
    ဒီအကြောင်းတွေကို အပိုင်း ၁ နှင့် ၂မှာ ရေးပြီးသားပါ

    Reply

  • MandalayThar

    October 9, 2010 at 2:37 am

    ဟုတ်တယ် Diana. မြန်မာဘုရင်လိုဘဲ ပြောတယ် ဘယ်ဘုရင်လဲ ဘယ်ခုနှစ်ကလဲ၊ ဘယ်ခေတ်ကလဲ ဘာမှ မပါဘူး၊ မသေချာဘူး။ နောက် အဲဒီခေတ်က မြန်မာပြည်က စိန်ထွက်တယ် ဆိုတာမရှိဘူး။ ဒီလောက်ကြီးတဲ့ စိန်မြန်မာပြည်က မထွက်လောက်တာသေချာတယ်။ နောက် ဒီလောက်တန်ဖိုးကြီးတဲ့ဟာကြီး ပျောက်သွားတာ။ အာနဒါဘုရားသမိုင်းမှာ ဘာမှ မဖော်ပြထားဘူး။ ဘယ်ရာဇဝင်ကျမ်းကမှ မဖော်ပြထားဘူး။ ပတမြား ငမောက်တို့လိုမျိုး တောင် ရာဇဝင်ရှိသေးတယ်။ ဘာလို့ ဒီစိန်ကြီးကို ရာဇဝင်မှာ မရှိတာလဲ။

    နောက် ဒီပြင်သစ်တို့ ဘာတို့နဲ့ မြန်မာပြည်အဆက်သွယ်ရှိတာ အစောဆုံး ဘကြီးတော်မင်းလက်ထက်ပေါ့ ဘကြီးတော်မင်းလက်ထက်ဆို သမိုင်းရာဇဝင် ကောင်းကောင်းရှိနေ သင့်လောက်ပြီ။ အဲဒီ ရှေ့ပိုင်းက ဟာတွေက လုံးဝ မသေချာတဲ့ ပါးစပ်ရာဇဝင်ဘဲ။ ပါးစပ်ရာဇဝင်လို့သာပြောတာ မြန်မာပါးစပ်ရာဇဝင်တွေထဲမှာလည်း မကြားဘူးပါဘူး ဒီစိန်ကြီးနဲ့ ပတ်သတ်လို့။

    ပွင့်ပွင့်လင်းလင်းဝေဖန်တာနော်။ ဘာမှ စိတ်မရှိဘူး။ ကိုယ့်အမြင် ကိုယ့်ရှု့ဒေါင့်က တင်ပြတာနော်။ စိတ်မဆိုးကြေး။

    Reply

  • ဆူး

    October 9, 2010 at 2:51 am

    စိတ်မဆိုးပါ… အမှား ရှိရင် အမှန် ရှိရမှာပေါ့.. သူများ မှားရင်တောင် ထောက်သေးတာဘဲ.. ကိုယ်မှားရင် အထောက်ခံရမှာ မကြောက်ပါဘူး.. အမှန် ဖြစ်အောင် ညွန်ပေးတဲ့ လူဆိုရင် ကျေးဇူးတောင် တင်ပါသေးတယ်။ http://www.myanmars.net/myanmar-history/hope-diamond.htm အဲဒီလင့်ကနေ ဖတ်တာပါ။ ဒါကတော့ လိမ်မယ်မထင်လို့ပါ။ စာအုပ်လည်း ရှိပါတယ်။ ဝင့်ထယ် ရေးသားပြီး အလင်းသစ်စာပေက ထုတ်တာပါ။ စိန်က မြန်မာပြည်က ထွက်တာ မဟုတ်ဘဲ တခြားပြည်က ဝယ်လှူတာကော မဖြစ်နိုင်ဘူးလား.. မြန်မာတွေ သဒ္ဒါတရာကိုတော့ မြန်မာတွေ အသိဆုံး ဖြစ်ကြမှာပါ။

    Reply

  • ဆူး

    October 9, 2010 at 2:52 am

    စိတ်မဆိုးပါ… အမှား ရှိရင် အမှန် ရှိရမှာပေါ့.. သူများ မှားရင်တောင် ထောက်သေးတာဘဲ.. ကိုယ်မှားရင် အထောက်ခံရမှာ မကြောက်ပါဘူး.. အမှန် ဖြစ်အောင် ညွန်ပေးတဲ့ လူဆိုရင် ကျေးဇူးတောင် တင်ပါသေးတယ်။ စာအုပ်လည်း ရှိပါတယ်။ ဝင့်ထယ် ရေးသားပြီး အလင်းသစ်စာပေက ထုတ်တာပါ။ စိန်က မြန်မာပြည်က ထွက်တာ မဟုတ်ဘဲ တခြားပြည်က ဝယ်လှူတာကော မဖြစ်နိုင်ဘူးလား.. မြန်မာတွေ သဒ္ဒါတရာကိုတော့ မြန်မာတွေ အသိဆုံး ဖြစ်ကြမှာပါ။

    Reply

  • ဆူး

    October 9, 2010 at 2:58 am

    စာဖတ်သူ ပရိတ်သတ် အားလုံးကို ကျေးဇူးတင်ပါသည်။ India စိန် သော်လည်းကောင်း Myanmar စိန်သော်လည်းကောင်း ပြောနေကြတဲ့ အတွက်.. ကိုးကား မှီငြမ်းထားတဲ့ လင့်ကို ကွန်မန့်ထဲမှာ ရေးလို့မရတဲ့ အတွက်.. အပေါ်မှာ လိုအပ်ချက်မှာ ထပ်ဖြည့်ထားပါတယ်.. အောက်ဆုံး အကြောင်းကို ပြန်ဖတ်ပေးပါ။ ကျေးဇူးတင်ပါသည်။

    Reply

  • michaelaungpu

    October 9, 2010 at 3:32 am

    ကျိန်စာ သင့်တဲ့ကျောက်တုံးကြီးကို ရေးကြ ဖတ်ကြနဲ ့ ကျိန်စာသင့်ကုန်ကြP မဖြစ်ဘူး ဆာဗာကြီးပါ ဘန်းသွားနိုင်တယ်
    အဘန်းတော့မခံနိုင်ဘူး
    ဝေးးးးးးးးးးးး အမေရိကန်ကလူ နေဖင်ထိုးနေပြီဗျ
    ကျွန်တော်တို ့ရွာမှာပြောတာပါ ထထ ပြောနေတာ အဲ့သည်အရေတွေကို မသောက်ပါနဲ ့လို ့

    Reply

  • Diana

    October 9, 2010 at 1:38 pm

    အခုလို ပို ့စ် အတွက် တာဝန်ယူပြီးဖြေရှင်းပေးတာကျေးဇူးပါ….ဒီစိန်ကြီးသာတကယ်ကိုမြန်မာပြည်ပုဂံဘုရားကခိုးသွားတယ်ဆိုရင်တော့
    အင်မတန်နှမြောဖို ့ကောင်းပါတယ်…ရှာဖွေသမျှလင့်တွေကလည်း India ကရုပ်တုတစ်ခုရဲ ့မျက်လုံးလို ့ရေးထားကြတယ်…
    ဘယ်သူမှားတယ်ဘယ်သူမှန်တယ်ဆိုတာတော့မသိပါဘူး…ဒီပို ့စ်ကို နံပါတ် ရ ရောက်မှစိတ်ဝင်စားပြီး ၁ကစပြန်ဖတ်တာပါ…
    ကိုယ့်နိုင်ငံနဲ ့ပတ်သတ်တယ်ဆိုပြီးစိတ်ဝင်စားလို ့ပါ…ဖြေရှင်းပေးလို ့ကျေးဇူးပါ…ဆက်လက်ပို ့စ်တွေ ရေးသားနိုင်ပါစေ…

    Reply

  • winkhant

    October 9, 2010 at 3:18 pm

    ဟားဟ…ခု အဲ့ စိန်ပြာကြီးဘယ်မှာလဲ…သိလား….ဟွန်း ဟွန်း ဟွန်း…
    ငါသိတယ်…လာတော့မမေးနဲ့နော်……ပြောဘူးကွ ဟားဟ

    Reply

  • ဆူး

    October 10, 2010 at 3:25 am

    ဟာ.. အက်ဒမင်ကြီး ချောတီးကွယ်.. ကွန်မန့်တွေ တင်လိုက်တိုုင်း မတက်တာနဲ့.. မရမချင်း ထပ်ခါထပ်ခါ ရိုက်တာ များသွားပြီ.. မျက်စိနောက်စရာ ဖြစ်နေပြီ မလိုတာတွေ ပိုတာတွေ ဖျက်ပေးပါ

    Reply

  • tunaung

    October 12, 2010 at 3:24 am

    သမိုင်းနောက်ခံထားတဲ့စိတ်ကူးယဉ်ဝတ္တုဖြစ်မယ်ထင်တယ် ….ဒီလိုဝတ္တုမျိုးတွေဖတ်ဘူးတယ်

    Reply

Leave a Reply to ဆူး Cancel Reply

Your email address will not be published.