ပုဂံ စိန်ပြာကြီးနှင့် ကျိန်စာ သင့်သူများ အပိုင်း ၂

ဆူးOctober 8, 20101min014

ဂျိုးဇက်တဗားနီးယားသည် ပြင်သစ်ကျောက်ကုန်သည်ကြီး တစ်ဦးဖြစ်ပြီး အိန္ဒိယနိုင်ငံသို့ မကြာခဏ ရောက်ရှိကာ မိုင်ဆိုးမဟာရာဇာ စော်ဘွားကြီး၏ အကူအညီဖြင့် ကျောက်မျက်ရတနာ အရောင်းအဝယ် ပြုလုပ်နေသူဖြစ်သည်။ မိုင်းဆိုး မဟာရာဇာစော်ဘွားကြီးမှာ အလွန်ချမ်းသာ ကြွယ်ဝသူဖြစ်သည်။ ကမာ္ဘပေါ်ရှိ အကောင်းဆုံး အဖိုးအထိုက်တန်ဆုံး ကျောက်မျက်ရတနာများကို စုဆောင်းသူ အဖြစ် နာမည်ကျော်ကြားလေသည်။
ပုံမှာ ပါတဲ့ စိန်ပြာကတော့ မြန်မာနိုင်ငံက ကျိန်စာသင့် စိန်ပြာကြီးပါ။

တနေ့သောအခါ ဂျိုးဇက်တဗားနီးယားသည် မိုင်းဆိုးမဟာရာဇာ စော်ဘွားကြီးနှင့် တွေ့ဆုံရာ စော်ဘွားကြီး၏ ဘဏ္ဏာတိုက်မှ အရည်အသွေးအလွန်ကောင်းသော နန်းစဉ် စိန်ကြီးကိုတွေ့ရလျှင် ပြင်သစ်ကုန်သည် ဂျိုးဇက်တဗားနီးယားသည် တအံတဩဖြစ်ခဲ့သည်။ ထိုစိန်ပြာကြီးသည် ကမာ္ဘပေါ်တွင် တစ်လုံးမျှသာ ရှိမည်ထင်ကြောင်း ချီးကျူးရာ စော်ဘွားကြီးက မိမိ၏ စိန်ပြာကြီးသည် ကဗျာ မဖွဲ့ လောက်သေးပါ မြန်မာပြည် ပုဂံပြည် ဘုရားတွင် တပ်ဆင်ပူဇော်ထားသော စိန်ပြာကြီး၏ ခြေဖျားကိုပင် မမှီသေးကြောင်း ပြန်ပြောခဲ့လေသည်။
ကျောက်ကုန်သည်ကြီး ဂျိုးဇက်တဗားနီးယားသည် စိန်ကောင်းကျောက်ကောင်း သတင်းကြားလျှင် မနေနိုင်မထိုင်နိုင် ဖြစ်ကာ မြန်မာပြည်ရှိ စိန်ပြာကြီးကို ကြည့်ရှုလိုသော ဆန္ဒပြင်းပြလာသည်။ ထိုစိန်ပြာကြီးကို ကြည့်ရှုလိုသော ဆန္ဒကြောင့် မြန်မာနိုင်ငံသို့ စွန့်စားလာခဲ့လေသည်။
မြန်မာဘုရင်အား လက်ဆောင်ပဏ္ဏာများ ဆက်သကာ ကမာ္ဘပေါ်တွင် အတုမရှိသော စိန်ပြာကြီးတစ်လုံး မြန်မာနိုင်ငံတွင် ရှိသည်ဟု မိုင်းဆိုး မဟာရာဇာ စော်ဘွားကြီးထံမှ သတင်းကြားရသဖြင့် ထိုစိန်ပြာကြီးကို ကြည့်ရှုလေ့လာလိုသော စိတ်ဆန္ဒကြောင့် မြန်မာပြည်သို့ စွန့်စွန့်စားစား လာခဲ့ကြောင့် လျှောက်ထားခဲ့လေသည်။ ထိုအခါ မြန်မာဘုရင်က ဂျိုးဇက်တဗားနီးယား ကို ပုဂံ သို့ပို့ပေးပြီး အာနန္ဒာဘုရားမုခ်ဝ ရှိ ဗုဒ္ဓရုပ်ပွားတော်၏ သင်းကျစ်တော်တွက် တပ်ဆင်ပူဇော်ထားသည့် စိန်ပြာကြီးကို ပြသရန် ဂေါပက အဖွဲ့အား လျောက်ထား အကြောင်းကြားလိုက်လေသည်။
ဂေါပက အဖွဲ့ဝင် ဆရာတော်များက ဗုဒ္ဓမြတ်စွာ ရုပ်ပွားတော်၏ သင်းကျစ်တော်တွင် တပ်ဆင်ပူဇော်ထားသည့် စိန်ပြာကြီးသာမက အခြားစေတီ ပုထိုးတွင် တပ်ဆင် ပူဇော်ထားသော ကျောက်မျက်ရတနာများကိုပါ လိုက်လံ ပြသခဲ့သည်။
စိန်ပြာကြီးကို မြင်သောအခါ ပြင်သစ်ကုန်သည် ဂျိုးဇက်တဗားနီးယားမှာ ထိန်းမနိုင် သိမ်းမရ လောဘရမ္မက်ဇောတွေ ဖိစီးလာသည့် အလျှောက် စိန်ပြာကြီးကို ရယူနိုင်ရေးအတွက် အကြံထုတ်နေခဲ့သည်။ နောက်ဆုံး ရဟန်တော်များနှင့် လက်ပွန်းတတီး နေနိုင်မှသာလျှင် လွယ်ကူမည်ကို သိရှိခဲ့၏ ထို့ကြောင့် ဂေါပက အဖွဲ့ဝင် များအား ပရိယာယ်ကြွယ်သော စကားများဖြင့် လျှောက်ထားခဲ့လေသည်။ သူ၏ လျှောက်ထားချက်မှာ `မိမိသည် ဗုဒ္ဓဘာသာနိုင်ငံသို့ ယခု တစ်ကြိမ်သာ ရောက်ဖူးသော်လည်း ဗုဒ္ဓမြတ်စွာ၏ တရား ဓမ္မများ ကြားနာရသော အခါ စိတ်၏ ငြိမ်းချမ်းမှု ရခဲ့ကြောင်း မိမိကိုယ်တိုင် အရှင်ကောင်း အရှင်မြတ်များကဲ့ သို့ပင် သာသနာ့ ဘောင်သို့ဝင်ပြီး ရဟန်းပြုလိုကြောင်း´ အယုံသွင်းသော စကားများ ဆိုခဲ့၏။ သူ၏ စကားကို ကြားရသော ဂေါပက အဖွဲ့ဝင် ရဟန်းတော်များမှာ များစွာ ပီတိဖြစ်လျက် ရဟန်း သိက္ခာများကို သင်ကြားပေးပြီး ဂျိုးဇက်တဗားနီးယားကို ခေါင်းရိတ်၍ ရဟန်းဘောင်သို့ သွတ်သွင်းပေးတော်မူခဲ့၏။
မကြာမီ ကာလအတွင်း၌ပင် ပြင်သစ်ကျောက်ကုန်သည် တဖြစ်လဲ ရဟန်း ဂျိုးဇက်တဗားနီးယားသည် အခြားရဟန်းတော် နှစ်ပါးနှင့်အတူ အလှည့်ကျ ဂေါပက အဖွဲ့ဝင် အဖြစ် တာဝန်ထမ်းရွက်ခွင့်ရခဲ့သည်။
တနေ့သော ညဉ့်သန်းခေါင်ယံအချိန်တွက် အကြံသမားရဟန်း ဂျိုးဇက်တဗားနီးယားသည် အခြားဂေါပက အဖွဲ့ဝင် ရဟန်းနှစ်ပါးနှင့်အတူ စောင့်ကြပ်နေကြရာမှ သူအဖော် ရဟန်းနှစ်ပါးအား အလစ်တွက် တုတ်နှင့် ကပ္ပိပြီး ပါးစပ်ကို အဝတ်ဆို့ လက်ပြန်ကြိုးတုတ်ထားခဲ့သည်။ စိန်ပြာကြီးကိုလည်း ဗုဒ္ဓမြတ်စွာ ရုပ်ပွားတော်၏ သင်းကျစ်တော်မှ ဖြုတ်၍ ခိုးယူ ထွက်ပြေးသွားလေတော့သည်။

http://www.maritimeheritage.org/ports/burma.html?menu2=0
http://www.myanmars.net/myanmar-history/hope-diamond.htm

14 comments

  • ဆူး

    October 8, 2010 at 5:55 am

    ဒီပို့စ်ပါ ကျိမ်စာသင့်သလား အောက်မေ့ရတယ်.. တော်တော် တင်ရခက်တာဘဲ.. ဟူး.. မောလိုက်တာ.. ဆက်တင်ပေးမယ်နော်

    Reply

  • april

    October 8, 2010 at 6:34 am

    ဆက်တင်ပေးပါအုံး…စိတ်ဝင်စားလို့ စောင့်ဖတ်နေပါတယ်..

    Reply

    • ဆူး

      October 8, 2010 at 6:37 am

      ကျေးဇူးတင်ပါတယ်။ ဆက်တင်နေတာ ဘာဇြစ်နေမှန်းကို မသိဘူး.. တော်တော် ခက်နေတယ်..

      Reply

  • april

    October 8, 2010 at 6:56 am

    ဟုတ်တယ်..အပိုင်း(၃)ကိုဖတ်တာ.. ဖတ်လို့မရဘူးဖြစ်နေတယ်..

    Reply

    • ဆူး

      October 8, 2010 at 7:20 am

      ဆူးလည်း ပြန်ဝင် စစ်တာ စာတွေ မပေါ်ဘူး
      Not Found

      Sorry, but you are looking for something that isn’t here.

      အဲလိုကြီးပေါ်နေတယ်.
      ဘယ်လိုလုပ်ရမှန်းကို မသိတော့ဘူး.. စိတ်ညစ်နေတာ

      Reply

  • michaelaungpu

    October 8, 2010 at 7:18 am

    ဝေးးးးးးးးးးး
    သုံး ကိုဘယ်လိုမှ ဖွင့်မရဘူး
    လုပ်ပါဦးဟ
    နှစ်ခု မန်းထားတာတော့တွေ ့တယ်
    အခု ကျိန်ဆဲလိုက်ရ

    Reply

    • ဆူး

      October 8, 2010 at 7:22 am

      ဘာလို့ ဖွင့်မရတာလည်း မသိပါဘူး.. ကြိုးစားနေဆဲပါ.. စိတ်လျော့..

      Reply

  • april

    October 8, 2010 at 7:46 am

    ဆူးရေ… ၃ရော၄ရော နှစ်ခုစလုံးဖတ်လို့ မရပါ။

    Reply

  • ဆူး

    October 8, 2010 at 8:07 am

    ၅ပါ ဖတ်မရသေးတာ.. ဒီတော့ အက်ဒမင်ကြီး လုပ်ပေးတာ ဘဲ စောင့်ရုံပါဘဲ။ တင်တော့ ကြိုးစားတင်ထားတယ်..

    Reply

  • char too lan

    October 8, 2010 at 8:12 am

    ဆြာဆူးရေ………..
    လုပ်ပါအုံး..ဒီမောင်တန်းလန်းကြီးဖြစ်နေပီ

    Reply

    • ဆူး

      October 8, 2010 at 9:04 am

      ရပြီနဲ့ တူတယ်.. ဆူး စစ်တာတော့ ရနေပြီ

      Reply

  • kai

    October 8, 2010 at 9:08 am

    အာလုံးရပါပြီ။

    Reply

    • ဆူး

      October 8, 2010 at 9:09 am

      ကျေးဇူးတင်ပါတယ် ဆရာရေ..

      Reply

  • michaelaungpu

    October 8, 2010 at 10:22 am

    ရpါ tယ် တpည့် yယ်
    ဟဲဟဲဟဲ
    အရသာခံကြည့်တာ ဟီးဟီး

    Reply

Leave a Reply to april Cancel Reply

Your email address will not be published.