Forward

search123October 8, 20101min01

သူငယ်ချင်း တစ်ယောက်ဆီကရတဲ့ forward mail လေးကို မျှဝေတာပါ….
” တခါကလူတစ်ယောက်ဟာ သူ.ကားကိုပြင်နေတုန်း သူ.သားလေးက ကားကိုခြစ်နေတာတွေ.တော့ ဒေါသထွက်ပြီး
သူ.သားရဲ့လက်ကို ရိုက်လိုက်တယ်။ သူ.လက်ထဲမှာ ဝက်အူလှည့်ကိုင်ထားတာကိုသတိမထားမိဘဲ အချက်ပေါင်းများစွာ
ရိုက်နှက်နေတုန်း လက်ကသွေးတွေစေးကပ်လာမှသတိထားမိတော့ ကလေးကသတိလစ်နေပြီ။ဆေးရုံပေါ်မှာကလေးက
သူ.လက်ငုတ်စိလေးတွေကိုကြည့်ရင်း “ဖေဖေ သားလက်ကလေးတွေ ဘယ်တော့ပြန်ပေါက်မှာလဲဟင်” လို.မေးတော့ သူ.မှာယူကြုံးမရပေါ့
အိမ်ပြန်ပြီးသူ.ရဲ့ကားကို ခြေထောက်နဲ့ အကြိမ်ကြိမ်ကန်နေတုန်း သူ.သားခြစ်သွားတဲ့နေရာမှာတွေ.လိုက်တာက “ဖေ့ဖေ့ကိုချစ်တယ်”တဲ့
နောက်နေ.မှာအဲဒီလူကိုယ့်ကိုကိုယ် သတ်သေသွားတယ်။သင်လည်း ဒေါသနဲ့ မေတ္တာမှာ မေတ္တာကိုသာရွေးချယ်ပါ။
ပစ္စည်းဆိုတာ အသုံးချဖို. လူဆိုတာ အချစ်ခံဖို.ပါ ဒါပေမယ့် ယနေ.လောကမှာ ပစ္စည်းတွေကအချစ်ခံနေရပြီး
လူတွေက အသုံးချခံနေရတယ် သင်သာဒီလိုလူမျိုး ဖြစ်နေခဲ့ရင် အပေါ်ကဖြစ်ရပ်လေးကို သတိရပါ။ ”
ဒေါသစိတ်တွေ လျှော့နိုင်ကြပါစေ…..

One comment

  • Gong Zhu

    October 10, 2010 at 7:38 pm

    သနားပါတယ်နော် …

    Reply

Leave a Reply

Your email address will not be published.