ဂလဲ့စား Revenge

ဂလဲ့စား

နောက်နေ့တွေမှ အေးအေးဆေးဆေး တင်မလို့ဆုံးဖြတ်ထားပေမဲ ဒီနေ့ညပိုင်းမှာ ပို့စ်အသစ်တွေ တက်မလာတာ တွေ့လို့ အသစ်ကလေး အနေနဲ့ တင်လိုက်ပါတယ်။ ဈေးတွက်မတွက်ဘဲ ကြင်နာစွာနဲ့ အားပေးကြပါလို့။

ဂလဲ့စား

ချိုသာတဲ့
မင်းစကားလုံး
ငါ့အတွက်တော့
ပိဿလေးခဲနဲ့
အပစ်ခံရသလို။

ယဉ်ကျေးတဲ့
မင်းအမူအယာ
တမင်များငါ့ဖို့
ရှက်တတ်အောင်
လုပ်ခဲ့တာများလား။

ပြတ်သားတဲ့
မင်းလုပ်ရပ်
ငါ့နှလုံးသားကို
ဒါးနဲ့မွှန်းတာထက်
ပိုနာတယ်။

တွေးရင်းနဲ့ဒေါကီး
ဗျောတီးချင်လာလို့
ထွက်ပေါက်ရှာတယ်
တွေ့ပါပြီ မန်းဂေဇက်
ကွန်းမန့်မှာ နာနာနှက်မယ်
မကောင်းသူထိပ် ကောင်းသူထိပ်။

4 comments

  • ဆူး

    October 8, 2010 at 3:35 am

    အော်.. မကောင်းသူလည်း ထိပ် ရှိတယ် ကောင်းသူလည်း ထိပ်ရှိတယ်.. (ငယ်ထိပ်)
    ထိပ်ရှိသူတိုင်း မလွတ်ဘူးဆိုတော့.. ဘယ်သူမှ မလွတ်ဘူးပေါ့..

    Reply

  • michaelaungpu

    October 8, 2010 at 7:35 am

    တော်သေးလို ့ အရက်ဆိုင်မရောက်တယ်

    Reply

  • kopauk mandalay

    October 8, 2010 at 8:30 am

    မကောင်းသူက ထိတ်ပေမယ့် ကောင်းသူကတော့ ထိတ်စရာမလိုဘူး ………………………………..လို့ဆက်ရေုးလိုက်ရင်ပိုမိုက်သွားမယ် ကိုကိုကြောင်ကြီးရေ နော်လို့

    Reply

Leave a Reply to michaelaungpu Cancel Reply

Your email address will not be published.