သင့် အသံလေးများလှူချင်ပါသလား !!!!

meengelayOctober 7, 20101min01

မြန်မာပြည်သား များဟာ အလှူ အတန်း ရက်ရော တာကတော့ ထင်ရှား ပါတယ်။ ဒါကြောင့် ထူးဆန်းတဲ့ အလှူ ဒါန တစ်ခု အကြောင်း ပြောပြပါ ရစေ။ အဲဒီ အလှူက ငွေကုန်ကြေး ကျလည်း မရှိဘူး။ ကိုယ့်ရဲ့ အားလပ် ချိန်မှာ တတ်နိုင် သမျှလေး လုပ်သွား ပေးရုံပဲ ဖြစ်ပါတယ်။ အချိန် ကလေး နည်းနည်းလေး ပေးဖို့ပဲ လိုအပ် တာပါ။ အဲဒီ အလှူ ကတော့ ရန်ကုန်၊ မျက်မမြင်ကျောင်း (ခဝဲခြံ) က မျက်မမြင်တွေ အတွက် အသံ အလှူဒါနပဲ ဖြစ်ပါတယ်။ ရန်ကုန်၊ မျက်မမြင်ကျောင်း (ခဝဲခြံ) မှာ ဒီနှစ် မူလတန်း ကနေ အထက်တန်း အဆင့် အထိ ကျောင်းသားပေါင်း (၇၉) ဦး၊ အသက်မွေး ဝမ်းကျောင်း လက်မှု ပညာ သင်ကြား နေတဲ့ ကျောင်းသား (၇၉) ဦး ရှိပါတယ်။ အဲဒီ မျက်မမြင် ကျောင်းသား တွေကို စာဖတ် နိုင်အောင်လို့ စီမံထားတဲ့ မျက်မမြင် စာအုပ် ဆိုတာတွေက ရှိပေမဲ့ စာအုပ်တွေက အထူကြီး တွေပါ။ လုံးချင်း ဝတ္ထုတွေလို စာအုပ် မျိုးတွေ ဆိုတော့ မျက်မမြင် စာအုပ် ထုထ်ဖို့ အခက် အခဲတွေ ရှိနေပါတယ်။ အဲဒီအတွက် စကားပြော စာအုပ် (Talking Book) အဖြစ်နဲ့ ထုတ်ဝေဖို့ စီစဉ်ထား ပါတယ်။ လစဉ်ထုတ် မဂ္ဂဇင်းတွေ၊ စာစောင်တွေ၊ သုတရသ စာအုပ်တွေ မျက်မမြင် ကျောင်းသားတွေ အတွက် Talking Book အဖြစ် ပြောင်းလဲ ထုတ်ပေးနေပြီ ဖြစ်ပါတယ်။ အဲဒီလို Talking Book တွေ ထုတ်ပေး နေတဲ့ နေရာမှာ ကျောင်းရှိ ဝန်ထမ်း အင်အားနဲ့ မလုံလောက်တဲ့ အတွက် အသံ အလှူရှင်တွေ ဖိတ်ခေါ်နေ ပါတယ်။ အသံ လှူချင်သူများ အနေနဲ့ ကိုယ်ပေး နိုင်တဲ့ အချိန်ပေါ်မှာ မူတည်ပြီး မျက်မမြင် ကျောင်းမှာ ရှိတဲ့ အသံသွင်း ခန်းမမှာ သွားရောက်ပြီး အသံဒါန ပြုနိုင်ကြပါတယ်။ Talking Book ပြောင်းလဲပေး ရမယ့် စာအုပ် တွေလည်း မျက်မမြင် ကျောင်းမှာ အဆင်သင့် ရှိနေပြီး သားပါ။ အသံ အလှူရှင်က ကိုယ်တတ်နိုင်တဲ့ အချိန်ပေါ် မူတည်ပြီး ဆောင်းပါး တစ်ပုဒ်ချင်း၊ ဝတ္ထု တစ်ပုဒ်ချင်းက စပြီး လုံးချင်း စာအုပ်တွေ အထိ ဖတ်ပေးနိုင် ကြပါတယ်။ မျက်မမြင်ကျောင်းကို မသွားရောက်နိုင်တဲ့ အလှူရှင်တွေ အနေနဲ့ မိမိ အစီအစဉ်ဖြင့် သွင်းပြီး အသံဖိုင် ကိုလည်း လှူဒါန်းနိုင် ကြပါတယ်။ အဲဒီလို အသံသွင်းပြီး လှူမယ် ဆိုရင်တော့ အသံ အရည် အသွေး ကောင်းမွန်ဖို့ကို ဂရုစိုက် ကြရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ကိုယ့် မျက်လုံးနဲ့ ဖတ်ပြီး မမြင်ရတဲ့ သူတွေ အတွက် အသံ ဒါနကို ပြုချင်တယ်။ အသေးစိတ် အကြောင်းအရာကို သိချင်တယ် ဆိုရင် ရန်ကုန် မျက်မမြင်ကျောင်း (ခဝဲခြံ) ၊ အမှတ် (၁၆၅) ဗဟိုလမ်း၊ (၂) ရပ်ကွက် ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း (ဝ၁-၆၆၁၆၈၉ ၊ ၆၆၂ဝ၃၄)၊ Email: mcfb@mptmail.net.mm သို့ ဆက်သွယ် စုံစမ်းနိုင် ပြီး ခဝဲခြံ မျက်မမြင်ကျောင်း၏ ဝက်ဘ်ဆိုက် www.mcfblind.com တွင်လည်း ကြည့်ရှု နိုင်ကြောင်း သိရှိရ ပါသည်။

One comment

  • Gong Zhu

    October 10, 2010 at 7:47 pm

    လိပ်စာလေး သိချင်နေတာ ကြာပြီ ကျေးဇူးပဲနော် …

    Reply

Leave a Reply to Gong Zhu Cancel Reply

Your email address will not be published.