မိုးလေဝသ အခြေအနေ မုန်တိုင်းသတင်းလေးပါနော်

meengelayOctober 7, 20101min08

တောင်တရုတ်ပင်လယ်ပြင်မှာ ယမန်နေ့(၄-၁၀-၂၀၁၀)ရက်နေ့လည်ပိုင်းကစတင်ဖြစ်ပေါ်ခဲ့တဲ့အပူပိုင်းမုန်တိုင်းငယ် 14W ဟာ (၇-၁၀-၂၀၁၀)မနေ့ညသန်းကောင်ယံအချိန်တို်င်းထွာချက်များအရ သိသိသာသာအားကောင်းလာခြင်းမရှိဘဲ မြောက်ဖက်အရပ်သို့ဆက်လက်ရွေ့လျားလာခဲ့ရာ (၆-၁၀-၂၀၁၀)ညသန်းကောင်ယံအချိန်မှာ 20.2°N, 110.2°E မှာဗဟိုပြုနေပြီး၊ တရုတ်နိုင်ငံဟောင်ကောင်ကျွန်းရဲ့အနောက်တောင်ယွန်းယွန်း ရေမိုင်၂၆၀)ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။ မုန်တိုင်းငယ်ဟာ အရှေ့ဖက်ဆီသို့ 2 knots နှုန်းနဲက ဖြည်းဖြည်းဆက်လက်ရွေ့လျားသွားမယ်လို့ JTWC(USA) ကခန့်မှန်းထားပါတယ်။

မုန်တို်င်းငယ်၏အရှိန်ကြောင် မြန်မာနိုင်ငံတွင် ရန်ကုန်မြို့အပါအဝင်နေရာအချို့တို့တွင် ယနေ့ညနေပိုင်းက မိုးအသင့်တင့် ရွာသွန်းခဲ့ပြီး၊ ဘင်္ဂလားပင်လယ်ေအော်အတွင်းတွင်လည်း တိမ်ထိပ်အပူချိန် – 60° C, -70°C ရှိသော မိုးတိမ်တောင်ကြီး များပိုမိုဖြစ်ထွန်းလာနေသဖြင့် လေထုမငြိမ်မသက်ဖြစ်မှုတိုးလာခဲ့ကြောင်းတွေ့ရပါသည်။ (၅-၁၀-၂၀၁၀)ရ့က်နေ့မှာတော့ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာလေဖိအားနည်းရပ်ဝန်းတစ်ခုစတင်ဖြစ်ပွားလာခဲ့ပါတယ်။ (၆-၁၀-၂၀၁၀)ရက်နေ့မှာ အဲဒီလေဖိအားနည်းရပ်ဝန်းနဲ့ ဆက်စပ်ပြီးဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းကနေ မြန်မာ
နိုင်ငံမြောက်ပိုင်းကိုတိုးဝင်နေတဲ့တိမ်စွယ်တန်း(Plume Spiral Cloud)တေါတိုးဝင်နေခဲ့ပါတယ်။ ဒီတိမ်စွယ်တန်းကြောင့် (၅-၁၀-၂၀၁၀)ရက်ညနေပိုင်းမှာ မြန်မာနိုင်ငံဒေသအတော်များများမှာ မိုးတွေရွာခဲ့ပါတယ်။ လေတေါလည်းတိုက်ခတ်ခဲ့တယ်။
အမျန်မှာတော့ တိမ်စွယ်တန်းအတွင်းမှာတိမ်အစုကြီးနှစ်ခုရှိနေပြီး၊ ရှေ့ဖက်ကတိ်မ်စုကြီးက မြန်မာနိုင်ငံမြောက်ပိုင်းကို တိုးဝင်သွားခဲ့ပြီး၊ ခရုပတါတိမ်တန်းတွေကို မြစ်ဝကျွန်းပေါ်ဒေသကို ဖြတ်သန်းသွားခဲ့တာဖြစ်ပါတယ်။ (၇-၁၀-၂၀၁၀)ရက်နေ့မနက်မှာတော့ ဘင်္ဂာလးပင်လယ်အော်အနောက်အလယ်ပိုင်းမှာရှိတဲ့လေဖိအားနဘ်းရပဝန်းဟာ ပိုမိုအားကောင်းလာခဲ့ပြီး အိန္ဒိယနဲ့ထိုင်းမိုးလေဝသဌာနများကတော့ နောက်(၂၄)နာရီအတွင်း သိသိသာသာပိုမိုအားကောင်းလာလိမ့်မယ်လို့ခန့်မှန်းထားကြပါတယ်။
MCCW အနေနဲ့ အောက်တိုဘာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ န်ိုင်း(၂)ကြိမ်အထိဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့တိမ်စွယ်တန်းတွေရဲ့အနေအထားအရအပြင်၊ ဒီလို မိုးလွန်ကာလတွေမျာ မုန်တို်င်းတွေဟာ အရှေ့မြောက်ဖက်ကိုဘဲရွေ့တတ်လို့ မြန်မာနိုင်ငံအနေနဲ့ သတိမပြတ် စောင့်ကြည့်ဖို့လိုပါလိမ့်မယ်။

8 comments

  • michaelaungpu

    October 7, 2010 at 11:34 am

    လေတေါ (တွေ )လည်းတိုက်ခတ်ခဲ့တယ်။ အမျန်( မှန် -သိဝူးနော်) မှာတော့ တိမ်စွယ်တန်းအတွင်းမှာတိမ်အစုကြီးနှစ်ခုရှိနေပြီး၊ ရှေ့ဖက်ကတိ်မ်စုကြီးက မြန်မာနိုင်ငံမြောက်ပိုင်းကို တိုးဝင်သွားခဲ့ပြီး၊ ခရုပတါ ( ပတ်) တိမ်တန်းတွေကို မြစ်ဝကျွန်းပေါ်ဒေသကို ဖြတ်သန်းသွားခဲ့တာဖြစ်ပါတယ်။ (၇-၁၀-၂၀၁၀)ရက်နေ့မနက်မှာတော့ ဘင်္ဂာလး( ဒီကောင်နည်းနည်းခက်တယ် ဘင်္ဂလား) ပင်လယ်အော် အနောက်အလယ်ပိုင်းမှာရှိတဲ့လေဖိအားနဘ်း (နည်း) ရပဝန်း ( ရပ်ဝန်း- ကံကောင်းလို ့ ရဝတ ရုံးမဖြစ်တယ် ဟီဟိ)ဟာ ပိုမိုအားကောင်းလာခဲ့ပြီး အိန္ဒိယနဲ့ထိုင်းမိုးလေဝသဌာနများကတော့
    နောက်(၂၄)နာရီအတွင်း သိသိသာသာပိုမိုအားကောင်းလာလိမ့်မယ်လို့ခန့်မှန်းထားကြပါတယ်။
    စာဘယ်နှစ်လုံး အက်ဒစ်လုပ်လိုက်ပါသတုံး ဖြေနိုင်သူများကို မြန်မာ့ဝါးနှင့် ထုတ်လုပ်သော မိတ်အင်ချိုင်းနား သွားကြားထိုးတံ ( ၃ ) ဒါဇင်နှင့် ( ၁ ) ချောင်းကို ဆုအဖြစ်ဖြင့်
    ထိုက်တန်စွာ ချီးမြောက်ပါမည်။
    ပုံ အက်ဒစ်တာအဖွဲ ့ချုပ် သမ္မတ အိုဘားမား၏ဆရာအရင်း
    ကိုဘားမား

    Reply

  • laaminnthar

    October 7, 2010 at 11:37 am

    အခုလို နားလည်တဲ့သူက ရှင်းပြ ပြောပြတာ ကျေးဇူးတင်ပါတယ်ဗျာ
    ထူးခြားမှုရှိတာနဲ့ ထပ်ပြီးပြောပြပါအုံး
    ကျေးဇူးပါ။

    Reply

  • ဆူး

    October 7, 2010 at 11:55 am

    ရန်ကုန်မှာတော့ မနေ့က နေ့လည်ဘက်မှ မိုးမရွာခင်လေတွေ ချနေတယ်.. ညလည်း ရွာတယ်.. ယခု အချိန်(ညနေမိုးချုပ်) မှာလည်း မိုးတွေ သည်းကြီးမဲကြီးရွာနေတယ်။ မိုးက မုန်တိုင်းရှိသော်ငြား အဆင်မပြတ်တနေကုန်တော့ မရွာဘူး အခုရွာ အခုတိတ်ဘဲ။

    Reply

  • The Reds

    October 7, 2010 at 1:04 pm

    ဟုတ် တယ် ဗျာ .. ဒီနေ. အောက်တိုဘာ ရ ရက်နေ. မှာ မိုး ရွာလိုက် နေ ပူ လိုက် နဲ. ည ၆ နာရီ လောက် မှာ လေ က ချ လိုက် သေး တယ် ။

    Reply

  • Shwemannmay

    October 8, 2010 at 4:07 am

    ဒီကြားထဲလူတွေက ၁ဝ ရက် ၁ဝ လကို တစ်ခုခုဖြစ်မှာလိုလို ကောလပာာလက ပြောနေကြသေးတယ်

    Reply

    • ဆူး

      October 8, 2010 at 4:22 am

      ဘာမှ မဖြစ်ပါဘူးကွယ်.. ဆူးတော့ မယုံဘူး.. တကယ်ဖြစ်တဲ့ နာဂစ်တုန်းကတောင် ဘယ်သူမှ ကြိုမသိသလို့ဘာကောလ ဟာလ မှလည်း မကြားဘူး.. နာဂစ်ပြီးမှ မိုးလေဝသ ကောလ ဟာတွေ လူတွေ ပါးစပ်ထဲက လေ အလကားရတိုင်းပြောကြတာ.. ဘာမှ မသိတဲ့ လူတွေက ဟုတ်နိးနိးနဲ့ ကြောက်ကြရတာ.. တကယ်လက်တွေ့ဆိုရင် ပြည်ပ မီဒီယာတွေနဲ့ ပြည်တွင်းမီဒီယာတွေကတော့ တခုခုဆို ဝိုင်းနိးဆော်ကြမှာဘဲ.. မီဒီယာတွေမှာ မတွေ့ရင် ဘာပြောပြော မယုံနဲ့နော်..

      Reply

      • etone

        October 8, 2010 at 7:14 am

        နာဂစ်တုန်းက ဒီလောက်သတင်းတွေပြန့်နေတာ ဆူးက ဘယ်ရောက်နေလို့မကြားပါလိမ့် ။
        etone တို့ တောင် ရုံးစောစောဆင်းပြီးပြန်ကြသေးတာပဲ ။ ပြင်းအားနဲ့လေတိုက်နှုန်းသာ မှန်းထားတာထက်ပိုများတာပါ ။ မုန်တိုင်းသတင်းတော့ကြိုရပါတယ် ။ သတင်းကြိုရပေမဲ့ မယုံဘူးပေါ့ ……. မုန်တိုင်းမှမကြုံဖူးတာ ကြောက်ရမှန်းမသိဘူး ။
        ခုတော့မုန်တိုင်းဆိုရင် ကြောက်လွန်းလို့ … ။

        Reply

        • ဆူး

          October 8, 2010 at 8:17 am

          ဆူးပြောတာ.. ရက်တော်တော် အလိုက ပြောတာ.. နေ့လည် ၁၂နာရီလောက်ကတည်းက သတင်းတော့ ကြားတာပေါ့.. ၂နာရီ ၃နာရီမှာ.. တိုက်နေပြီလို့.. အသံထွက်နေတာ.. ပါကုန်တယ် ဘာညာ..

Leave a Reply to michaelaungpu Cancel Reply

Your email address will not be published.