ဖိနပ်စီးကြသူများ…

lu ta loneApril 1, 20101min04

ညကမှ ဖတ်မိတာပါ..ဆောင်းပါးလေးက မဆိုးဘူးပြောရမယ်ဗျ.. အိုင်ဒီယာတမျိုးပေါ့.. သူပြောသလိုလေး တွေးကြည့်တော့ ဟုတ်သလိုလိုပဲ.. အုန်းမြင့်(ကော့သောင်း-၁) ရေးထားတာပါ..

ဖိနပ်တရန်ကို လူတယောက်စီးရသည့် ရည်ရွယ်ချက်မှာ ခြေဖဝါးတစုံအား အန်တရာယ်အမျိုးမျိုးမှ အကာအကွယ်ပေးရန် အတွက်သာ ဖြစ်သည်တဲ့…ကားတာယာဖိနပ်ဖြစ်ဖြစ်၊ ရော်ဘာဖိနပ်ဖြစ်ဖြစ်၊ သားရေတုဖိနပ်ဖြစ်ဖြစ်၊ အကောင်းစားသားရေစစ်ဖိနပ်ဖြစ်ဖြစ်  ဖိနပ်တရန်ရဲ့ ဖြည့်ဆည်းပေးနိုင်မှုက လမ်းလျှောက်ရန် လူတယောက်အတွက် ခြေဖဝါးတစုံသာပါပဲတဲ့… လူတကိုယ်လုံးရဲ့ အောက်ဆုံးခြေဖဝါးမှာ ချနင်းခံရတဲ့ ဖိနပ်တရန်ရဲ့ တန်ဖိုးအနည်းအများက လူတယောက်ရဲ့ ဂုဏ်သိက်ခါမဟုတ်လို့ သူကယုံကြည်ပါတယ်တဲ့..ဖိနပ်ပေါ်က ခြေထောက်အစုံရဲ့ အရည်အချင်းကသာ ထိုသူရဲ့ ဂုဏ်သိက်ခါကို မြှင့်တင်ပေးနိုင်လိမ့်မည်တဲ့… တကယ်တမ်း အစစ်အမှန်လိုအပ်တာက ကိုယ့်ခြေထောက်အပေါ်မှာ ကိုယ့်ဂုဏ်သိက်ခါရှိစွာ မားမားမတ်မတ် ရပ်နိုင်တဲ့ လူတယောက်ဖြစ်ဖို့သာ အဓိက မဟုတ်ပါလားတဲ့…

အဲလိုလေး သူကရေးထားပါတယ်ဗျာ…ထုံးစံအတိုင်း Comment လေးပေးကြပါဦး.. ပရိသတ်က အားဆေးပါ…ဟဲ…

4 comments

  • wunna

    April 1, 2010 at 6:17 am

    ဒါလေးတွေ့တော့

    အော်… ဖနောင့်အဖြတ်ခံနေရပါလား ဆိုတာလေးတွေးမိတယ်။

    ဖိနပ်ကို မပြောင်းပဲ ဖနောင့်ကို ဖြတ် တဲ့ လူတွေနဲ့ နေရတာ အဆင်မပြောလိုက်တာဗျာ။

    ဖိနပ်အသစ်လေး တစ်ရံလောက်လိုချင်သား။

    Reply

  • မင်းမင်း

    April 2, 2010 at 7:08 am

    သိပ်ကောင်းပြီးသိပ်မှန်တဲ့အတွေးလေးပါပဲ
    ပကာသနနဲ့အရည်အချင်းကိုမကွဲပြားတဲ့လူတွေကိုပေးသိဖို့ကောင်းပါတယ်

    Reply

  • susunosuki

    April 15, 2010 at 4:39 pm

    ကောင်းပါတယ်
    ဒါပေမယ့်
    စီးကောင်းတဲ့ဖိနပ်ကသာ ခရီးတွင်စေမှာပါ
    ဆိုလိုတာတန်ဖိုး ထက်စာရင် အသုံးဝင်ဖို့အရေးကြီးကြောင်းပါ

    Reply

  • nyi

    April 19, 2010 at 7:16 am

    ဘာဖိနပ် ပဲဖြစ်ဖြစ်စီးလိုရတယ်ဆိုပင်မဲ့..။
    ဖိနပ်က လူကို ဒုတ်ခ ပြန်ပေး တာလည်းရှိပါတယ်..။
    ဒါကြောင့် တက်နိုင်ရင် အကောင်းဆုံး ကိုပဲ ဝယ်စီး ကြပါ..။

    Reply

Leave a Reply to wunna Cancel Reply

Your email address will not be published.