ငြိမ်းချမ်းရေးနိူဘယ်လ်ဆုရှင် Liu Xiaobo ၏နောက်ဆက်တွဲသတင်း

maungmoenyoOctober 11, 20101min02

၂၀၁ဝ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် တရုတ် ဒီမိုကရေစီရေး လှုပ်ရှားသူ လျူရှောင်ဘို (Liu Xiaobo) ရဲ့ ဇနီးဖြစ်သူ လျူရှား (Liu Xia) ကို တရုတ်အာဏာပိုင်တွေက နေအိမ်မှာ အကျယ်ချုပ်နဲ့ အကျဉ်းချထားလိုက်တယ်လို့ အမေရိကန် ပြည်ထောင်စု အခြေစိုက် Freedom Now အဖွဲ့ကြီးက ဒီနေ့ ကြေညာလိုက်ပါတယ်။

ဒီနေ့မှာပဲ ထောင်ဒဏ် ၁၁ နှစ် ကျခံနေရတဲ့ လျူရှောင်ဘိုကို ဇနီးဖြစ်သူ လျူရှားက သွားရောက် တွေ့ဆုံခဲ့ပြီး အိမ်ကိုအပြန်မှာ အခုလို တရုတ်အာဏာပိုင်တွေက နေအိမ်မှာ အကျယ်ချုပ်နဲ့ အကျဉ်းချထားကြောင်း အမိန့်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

လျူရှောင်ဘိုဟာ ၂၀၁ဝ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ရရှိတယ်လို့ ဒီနေ့မှာ ပြောကြားလိုက်တဲ့အခါ မစ္စတာ လျူရှောင်ဘိုဟာ ထောင်ထဲမှာ ဝမ်းသာပြီး ၁၉၈၉ ခုနှစ်မှာ သေဆုံးခဲ့ရတဲ့ ဆန္ဒပြသူတွေအတွက် ဝမ်းနည်းပြီးလည်း ငိုကြွေးခဲ့တယ်လို့ မစ်စ် လျူရှားက ပြောကြားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ မစ်စ် လျူရှားကို ဘယ်သူနဲ့မှ တွေ့ဆုံခွင့် မရရှိခဲ့သလို ဘယ်ကိုမှလည်း သွားခွင့်မပြုတဲ့အပြင် သူ့ရဲ့ လက်ကိုင်ဖုန်းကိုလည်း သုံးခွင့် မပြုခဲ့ဘူးလို့ ပြောဆိုခဲ့ပါတယ်။

လျူရှောင်ဘိုဟာ ဂျင်ဇောင်းမြို့က အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတာ ဖြစ်ပြီး လျူရှားဟာ သူ့ရဲ့ ခင်ပွန်းဖြစ်သူကို မကြာခဏ သွားရောက်တွေ့ဆုံခွင့် ရခဲ့ရာက ဒီနေ့ အခုလို အကျယ်ချုပ်နဲ့ အကျဉ်းကျခံလိုက်ရတာ ဖြစ်ပြီး ဘာကြောင့်လဲ ဆိုတာကိုတော့ အခုချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

http://www.voanews.com/burmese/news/international/china-liu-xia-104666869.html

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ဒေါ်အောငဆန်းစုကြည်ပြီးရင်၊နောက်ထပ်ထိမ်းသိမ်းခံရသူတဦးထပ်တိုးပြန်ပေါ့။ သေခြာတာတော့တရုတ်နိုင်ငံကမြန်မာပြည်ကနေကိုင်တွယ်ထိမ်းသိမ်းနည်းတွေပညာပြန်ယူနေရပြီလေ။

2 comments

  • bigcat

    October 11, 2010 at 2:28 am

    တရုပ်ကြီးတော့ ဂျောက်ကျနေပြီ။ ဝမ်းသာလိုက်တာ။

  • tunaung

    October 11, 2010 at 10:26 am

    မြန်မာနဲ့တရုတ်ကဆရာတပည့်တွေလေ….တယောက်တလှည့်ဆရာလုပ်နေကြ…..ဒီတခါမြန်မာကဆရာအလှည့်ကျတယ်….

Leave a Reply