funny event …at BBS ( once )

fattyOctober 6, 20101min02

မှတ်မိကြအုံးမှာပါ … THIS IS BURMA BROADCASTING SERVICE. ှဆိုတဲ့အသုံးအနှုံးလေး …. ရေဒီယိုကလာနေကြလေးပေါ့ ..
အခုလူငယ်များတော့ Burma ဆိုတဲ့အသုံးအနှုန်းနဲ့ဝေးခဲ့ကြပြီလေ …။ … TV ဘက်က အဖြစ်လေးတွေပြီးတော့ ရေဒီယိုဘက်တခါလှည့်လိုက်အုံးမယ်။
ကျနော်တို့အလုပ်ဝင်စက ..ရေဒီယိုဘက်မှာ .. မြန်မာ့အသံရဲ့ဘိုးအေကြီးလို့ခေါ်ရလောက်တဲ့ .ဦးသီ ဆိုတဲ့အဘရှိတယ်။

လုပ်သက်ကလည်းရင့်နေပြီ …တော်ကလည်းတော်တယ် .. ပေတာကလည်းမပြောနဲ့တော့ …မနက်ရုံးလာကထဲကအရက်နံ့တထောင်းထောင်းနဲ့ပါဘဲ .. တော်တာကလည်းမပြောနဲ့တော့ ..မြန်မာ့အသံမှာက သီချင်းတပုဒ်လိုချင်တယ် ဆိုရင် ချက်ချင်းလိုလိုစပ်ရတယ် ..။

မြန်မာ့အသံမှာအရာရှိတွေက တလှည့်ဆီ ညဂျူတီစောင့်ရတယ် duty officer ခေါ်တာပေါ့နော .. အဲတရက်တော့ ..အဲဒီဆရာသီဂျူတီကျပါရော ….
အဲမြန်မာ့အသံရု့းခန်းတွေက သရဲခြောက်တယ်လို့လဲနာမယ်ကြီးသဗျ ..ကျနော်တော့မကြုံဘူးခဲ့ပါဘူး … သရဲကြောက်တာရယ် ..အရက်ကြိုက်တာရယ်
ရောပြီး .. ဆရာသီ အဲဒီညက armyrum ကောင်းကောင်းဗြင်းပါလေရော …. စစ်တပ်တတပ်ရှိတော့ အရက်က အချိန်မရွေးဝယ်လို့ရတယ်လေ။

မနက် ရး၃ဝ မှာသူ့တာဝန်က အယ်ဒီတာ့အာဘော် ဖတ်ရမယ်လေ .. ညဂျူတီသမားကိုဖတ်ခိုင်းတော့ တခါထဲအလုပ်ဖြစ်သွားတာပေါ့ ..အခုခေတ်တော့အယ်ဒီတာ့အာဘော်တွေဘာတွေရှိသေးရဲ့လားကျနော်လဲမသိတော့ပါဘူး ..မနက်စောစော အဲဒီနေ့ထွက်သတင်းစာကိုသတင်းစာတိုက်တွေကလာပို့ပါတယ်။
အဲဒီတုန်းက လုပ်သားပြည်သူ့နေ့စဉ် .. ကြေးမုံ တိူ့ပေါ့ ..။

အန်ကယ်သီလဲမနက်အိပ်ရာနိုးတော့ အတော်ဘဲပေါ့ သတင်းစာကရောက်နေပြီ။ ဇရက်မင်းစည်းစိမ်နဲ့ သတင်းစာလေးယူပြီး အိမ်သာထဲဝင်သွားတာပေါ့ ..
အိမ်သာထဲရောက်မှအကျအနထိုင် ကိုယ်ဖတ်ရမဲ့ အယ်ဒီတာ့အာဘော်အခန်းကို အပျင်းပြေတခေါက်လောက်အဖတ်ကျင့်တာပေါ့… သူများတွေနဲ့မတူတာကတော့
အိမ်မှာလို သတင်းစာနဲ့ ကော်ဖီတခွက်နဲ့ ထမင်းကြော်နဲ့နှပ်နေလို့တော့မရဘူးပေါ့နော …..

အဲပြီးတော့မှ ..အသံလွှင့်ခန်းထဲဝင်ပြီး ဖတ်ပေးလိုက်ရုံဘဲလေ … အန်ကယ်သီတို့က ဝါရင့်နေပြီ …ဘာခက်တာမှတ်လို့ … နာရီမော့ကြည့်လိုက်တော့ …
ရး၁၅ ရှိပြီ ။ ကဲသတင်းစာလေးဆွဲပြီး onair ခန်းထဲသွားထိုင်နေရုံဘဲပေါ့ …. ကံကြမ္မာဝင်ပြီဗျို့ … သတင်းစာကရှာမတွေ့တော့ဘူးဗျား …………
အဲဒီလိုမျိုးတွေ ဖြစ်ရင် ဘယ်လောက်များ ခေါင်းနပန်းကြီးသွားမလဲဆိုတာ သာ စဉ်းစားကြည့်ကြပါတော့ ….

တကယ်တော့ အိမ်သာထဲမှာတုန်းကရေမလာလို့အမှတ်တမဲ့နဲ့ ဖတ်ရမဲ့သတင်းစာကို ကိုယ့်ဆရာက tissue လုပ်လိုက်တာကိုးဗျ ..။ ကိုင်း .. ဘာလုပ်ကြမလဲ …
အပေါက်ထဲပြန်နှိုက်နေလို့လဲ ဟန်မကျသေးပါဘူး … ဦးလေးသီခမျာ … အင်ဂျင်နီယာတွေကို ..ဟေ့ကောင်တွေလုပ်ကြပါအုန်းဟ ..ငါ့သတင်းစာဘယ်ကောင်ယူသွားတာလဲဘာလဲပေါ့ … တော်သေးသပေါ့ဗျာ ..အင်ဂျင်နီယာဌာနအတွက် တစောင်ရှိပေသေးလို့ ……..

အဲဒီလိုကြုံခဲ့ရသော ဆရာသီဆိုသူကတော့ ..မာမာအေးသီဆိုတဲ့ သီချင်း …ဘာတဲ့ .. TV ကလဲလာလာနေတာ … ပင်ချင်းယှက်ရျ် …ဘာဖြစ်တယ်ဆိုလား …အဲဒီသီချင်းသီကုံးသူပါဘဲ … အခုတော့ဆုံးရှာရောပေါ့ အသက်အတော်ကြီးနေမှဘဲ ….။ ( ဦးမောင်မောင်သီ သို့အမှတ်တရ )

2 comments

  • nay phonehlan

    October 6, 2010 at 6:58 pm

    အေးဗျာ သရဲချောက်တာနဲ့ပတ်သက်လိုကြားဘူးပါတယ် မစ္စတာဆင်းဆိုတဲ့အနိ္ဒယကလာတဲ့လူက ို ချောက်တာတဲ့လူမြန်မာ့အသံစတင်တည်ထောင် တဲ့ အချိန်ကလို့ အဖေကပြောတယ်စတီဒီယိုခမ်းမဆောင် A,B,C,D ဆိုတာဆောက်နေချိန်တဲ့ အဆောက်အဦးတခုပြိုကျလို ဆောက်လုပ်ရေးအလုပ်သမလေးတယောက်သေဆုံးပြီး နာနာဘာဝဖြစ်ပြီးချောက်တယ်ဆိုနေကြတယ်တဲ့……..။

    Reply

  • လင်းဝေကျော်

    October 8, 2010 at 11:15 am

    တွေးမိရုံနဲ့တင် စိတ်ချောက်ချားတယ်။
    ဖတ်ခါနီးမှ သတင်းစာပျောက်နေတော့ ဘာလုပ်မလဲ…
    အလုပ်ပြုတ်သွားနိုင်တယ်နော်…

    Reply

Leave a Reply

Your email address will not be published.