မျှမျှတတ အိမ်ထောင်ရှင် ဘဝ

search123October 5, 20101min03

ယေဘူယျအားဖြင့် ယောက်ကျင်္ားလေးတွေဟာ အချစ်ရေးမှာ အသည်းအသန် ဖြစ်တတ်ကြပြီး အိမ်ထောင်ရေးနဲ့ ပတ်သက်ရင် အေးဆေးတတ်ကြပါတယ်။
ချစ်သူ ဘဝမှာတော့ ယောက်ကျင်္ားလေးတွေက လိုက်သူဖြစ်ပြီး မိန်းကလေးတွေက ပြေးသူပါ။ အိမ်ထောင်သည် ဘဝမှာတော့ ပြောင်းပြန်ဖြစ်သွားတာ ချည်းပါပဲ။
ယောက်ကျာင်္းဖောက်ပြန်မှာ စိုးလို့ ထိန်းရတာက တစ်မျိုး၊ ကလေးတွေမွေးလာတော့ လည်းကလေးထိန်းရတာက တစ်မျိုးနဲ့ မိန်းမသားတွေရဲ့ ဘဝ က တော်တော်မလွယ်တာပါ။
ဒါကို ယောက်ကျာင်္းတွေ အနေနဲ့ မသိတာလား ဆိုတော့ မသိဘူးမရှိပါ။သိကြပါတယ်။
သိပေမဲ့လည်း သူတို့အနေနဲ့က ရှာရဖွေရတာလည်းတစ်ဘက်၊အလုပ်မှာ အဆင်မပြေတာတွေ နဲ့ အခြားသောပူပန်ရတဲ့ကိစ္စတွေလည်း အများကြီးရှိနိုင်ပါတယ်။ လူတိုင်းမှာ ကိုယ့် အခက်အခဲနဲ့ ကိုယ် ရှိပါတယ်။
အိမ်ထောင်ရေးမှာ အပြန်အလှန် နားလည်မှုက အရမ်းအရေးကြီးပါတယ်။
မိန်းမသားတွေ အနေနဲ့လည်း ကိုယ့်အခက်အခဲ ကို ယောက်ကျာင်္းကို အေးအေးဆေးဆေး ပြောဖို့ လိုပါတယ်။
မိန်းမသားတွေ အတွက် အရေးအကြီးဆုံးအချက်ကတော့ ပြင်ပြင်ဆင်ဆင် နေဖို့ပါပဲ။ ငါအိမ်ထောင်ကျ ပြီးပြီ ၊ ကလေးမွေးပြီးပြီဆိုပြီး မပြင်မဆင်နေ လို့ မဖြစ်တော့ တဲ့ခေတ်ပါ။
ွှအရမ်းပြင်ဖို့ မလိုပါ…သပ်သပ်ရပ်ရပ်ဖြစ်အောင်နေရပါမယ်..ယောက်ကျာင်္းတွေ အတွက်ရွေးချယ်စရာတွေက အရမ်းပေါပါတယ်။
ယောက်ကျာင်္းတွေဘက်ကလည်း ချစ်သူဘဝတုန်းကလောက် မကြင်နာနိုင်တောင်မှ ကိုယ့် ဇနီး အပေါ်ချိုချိုသာသာ ပြောဆိုသင့်ပါတယ်။
ကိုယ့် ဇနီးကို အခြားက မိန်းမတွေနဲ့ နှိုင်းယှဉ်ပြောတာမျိုး (ဥပမာ-KTV,စားသောက်ဆိုင် မှ မိန်းကလေးများနှင့်) မလုပ်သင့်ပါ။
သူတို့လို အချိန်ပိုင်းလေး တစ်ခုအတွင်းမှာ အလှအပတွေ ပြပြီး အနုအရွတွေ ပြောတာလောက်ကတော့ ကိုယ့် ဇနီးလည်းလုပ်နိုင်ပါတယ်။
အိမ်မှုကိစ္စဆိုတာ လည်းအချိန်ပိုင်းလုပ်လို့ မရတာမျိုးပါ။ အချိန်တိုင်းကို လုပ်နေရတာပါ……
မိန်းမတွေ အနေနဲ့လည်း ပစိပစပ် မများပဲ နေရပါမယ်။ တွေ့သမျှလိုက်ပြောနေ ဖို့ မလိုပါ။ တခါတလေ မသိချင်ယောင်ဆောင်သင့် တာဆောင်ပါ။ ယောက်ကျင်္ားတွေဆိုတာ သူတို့ထက် တော်တဲ့ မိန်းမကို မကြိုက်ပါ…
ံနဲနဲလေး ဖြစ်ဖြစ် ညံ့ချင်ယောင်ဆောင် ထားပါ။
ဒါမှလည်း သာယာတဲ့ ဘဝလေးတွေ ပိုင်ဆိုင်ကြရမှာပါ။
ကိုယ့် အယူအဆ နဲ့ ကိုယ်တွေးမိတာလေး ရေးကြည့်တာပါ….
အိမ်ထောင်ရှင်များ အားလုံး သာယာတဲ့ ဘဝလေးတွေ ပိုင်ဆိုင်ကြပါစေ။…

3 comments

  • nyeinchanaung

    October 5, 2010 at 9:53 am

    အိမ်ထောင်ရေးမှာ နားလည်မှုကအရေးအကြီးဆုံးလို.ယူဆပါတယ်။ တစ်ယောက်ရဲ.အခက်အခဲ၊ အားနည်းချက်ကိုတစ်ယောက်က စာနာပေးနိုင်မှ ကောင်းပါလိမ်.မယ်။ ပူလောင်တဲ.ရာဂကိုမဟုတ်ဘဲ မေတာ ကိုအခြေခံတဲ. အမြင်မျိုးနဲ.တစ်ယောက်ကိုတေစ်ယောက်ကြည်.မှ ရေရှည်အတွက်ကောင်းမယ်လို.ထင်ပါတယ်။

    Reply

  • winyungwe

    October 5, 2010 at 10:01 am

    မျှတသောအိမ်ထောင်ရေးဖြစ်ဆိုတာ………
    နားလည်မှု့ကို………….အခြေခံထားရမယ်လေ…..
    အရာရာကို……တဖက်စောင်းနင်းပြောလို့မရဘူးလေ
    ယောကျင်္ားနဲ့မိန်းမ…………….တကယ်ချစ်လို့ဘဝတခုကို
    တည်ထောင်ပြီးပြီပဲလေ……………………….အရာအားလုံးကို
    ညှိုနှိုင်းဆောင်ရွက်ရင်…………………..
    သာယာတဲ့အိမ်ထောင်ရေးတခုကို……..ပိုင်ဆိုင်နိုင်မယ်လေ

    Reply

  • michaelaungpu

    October 5, 2010 at 10:54 am

    အလို ဒီလိုအိမ်ရှင်မ မျိုးငါနဲ ့မတိုးတာနာသကွာ

    Reply

Leave a Reply to winyungwe Cancel Reply

Your email address will not be published.