ကြုံရဆုံရ ..အသံလွှင့်ဌာန ( ဟိုတုန်းကပါ )

fattyOctober 1, 20101min010

ဟိုတုန်းကပါ … ည ၈နာရီဆိုရင် မြန်မာ့ရုပ်မြင်သံကြားက သတင်းလာပြီမို့လား …. သတင်းဖတ်တဲ့အခန်းထဲကို သတင်းဖတ်မဲ့သူနှစ်ယောက်ရယ် ကင်မရာမင်းနှစ်ယောက်ရယ်
စတိတ်မန်နေဂျာတယောက်ရယ်ဘဲ ဝင်ရပါတယ်။ သတင်းစဖတ်ပြီဆိုရင် ဖတ်နေတဲ့လူကလွဲပြီး ကျန်တဲ့သူတွေတိတ်တိတ်နေရတာပေါ့။ အသံမထွက်ရဲဘူးလေ …
အသံက တနိုင်ငံလုံးကိုလွှင့်နေတာဆိုတော့ ကိုယ့်အသံပါသွားရင် နောက်နေ့ စာစီစာကုံးရေးရပြီ။ explanation ရေးရတာကို့ပြောတာပါ။ ပြီးရင်တော့ အမိန့်စောင့်ပေတော့
အလုပ်ပြုတ်ဖို့ကကြိမ်းသေဘဲ။ သတင်းဆိုတာအင်မတန်အရးကြီးတာကိုး။
သတင်းဖတ်သူတွေတခါတလေ ချောင်းဆိုးချင်တာမျိုးတော့ရှိတာပေါ့ သူတို့လဲတတ်နိုင်သမျှ သတင်းဖတ်ချိန် ချောင်းမဆိုးရအောင် ကြိုတင်ပြီး ချောင်းဟန့်တာတို့
အာခေါင်ရှင်းတာတို့လုပ်ထားရတယ်လေ။ သတင်းဖတ်တဲ့ သိန်းလှမော်ဆိုမှတ်မိကြတယ်မို့လား သူဆို သတင်းမဖတ်ခင် ပူရှိန်းလေးဘာလေးငုံတတ်လေ့ရှိတယ်။
နောက်ပြီး သတင်းဖတ်တဲ့အခန်းကို တခါတခါ စပရေးဖြန်းရတယ်။ အခန်းကအသံလုံခန်းဆိုတော့ အနံ့အသက်လဲကောင်းအောင် ..ပိုးမွှားတွေလဲမဝင်နိုင်အောင်ပေါ့
တကယ်လီု့ သတင်းဖတ်တဲ့သူက မဖြစ်မနေချောင်းဆိုးချင်တယ်ဆိုရင် သူ့လက်အောက်မှာ ခလုတ်လေးတခုရှိတယ်ဗျ .. အဲဒါလေးဆွဲပိတ်လိုက်ရင် ဖတ်နေတဲ့အသံပိတ်သွားရော
အဲဒီအချိန် ပါးစပ်ပိတ်ပြိး ချောင်းဟန့်ရတာပေါ့ တနိုင်ငံလုံးကိုလွှင့်နေတဲ့ ရုပ်ကိုတော့ပိတ်လို့မရဘူးလေ … ရုပ်ပျောက်သွားရင်ပြဿနာအကြီးအကျယ်တက်မှာပေါ့ဗျာ ..
အသံလွှင့်ရုံကိုဘဲ ဝင်စီးသလိုလိုဖြစ်သွားမှာပေါ့ ..ဟုတ်ဘူးလား …. ဒါကြောင့်သတင်းလွှင့်တဲ့အချိန်များဆို အရမ်းဂရုစိုက်ရပါသော်ကော ….

ဖြစ်ချင်တော့ …တနေ့ …. သတင်းဖတ်နေတုန်း တဝီဝီနဲ့ အသံကြားရတော့တာဘဲ။ ဘာရှိရမတုန်း ယင်ကောင်ဗျ … ယင်ကောင်ကသတင်းဖတ်တဲ့သူနားဝဲနေတာကိုး
အဲ တခုရှိသေးတယ် …သတင်းဖတ်မဲ့သူတွေက မဖတ်ခင် မိတ်ကပ်လူးရတယ် ..ဆံပင်ကိုလဲသပ်သပ်ယပ်ယပ်ဖြစ်အောင် စပရေးဖြန်းရသေးတာကိုးဗျ။ အဲဒီယင်ကောင်က
စပရေးအနံ့ရလို့ သတင်းဖတ်တဲ့သူနားတဝဲဝဲလုပ်နေတာကိုးဗျ …. ဟာဘာပြောကောင်းမလဲ … ဘာလုပ်ရမှန်းကိုမသိတော့ဘူး … သတင်းကလည်းဖတ်နေပြီ
ကင်မရာပိတ်လိုက်လို့ကလဲမရလေ …. အဲ ..ယင်ကောင်ကပြောပြောဆိုဆို သတင်းဖတ်တဲ့သူရဲ့ နှခေါင်းထဲဝင်ပါလေရောဗျား ……

အဲဒီတုန်းက သိန်းလှမော်ထင်တာဘဲ အဲလိုဖြစ်တာ … သူ့ခမျာ ဒုက္ခ အကြီးအကျယ် ရောက်နေတာပေါ့ … ကျနော်တို့ဘေးကလူတွေကလည်း ဘယ်လိုမှကယ်လို့မရ
ရှုးရှုးဆိုပြီးခြောက်ရအောင်ကလည်း … အသံကပါသွားမယ်လေ …သူ့မျက်နှာကြီးကိုလည်းခဏပိတ်ထားလို့မရနဲ့ ……ဟာ..ကျနော်တို့ကတော့ ..နောက်နေ့တပြုံလုံး
အလုပ်ပြုတ်ပြီဘဲပေါ့ … သူ့မျက်နှာကလည်း တတိုင်းတပြည်လုံးကကြည့်နေတာမို့လား …. သူ့ခမျာ အသံခလုပ်ကိုခဏပိတ်ပြီး နွားများနှာမှုတ်သလို နှာခေါင်းကို
တဖူးဖူးမှုတ်နေရတော့တာပါဘဲ …..အသံလွှင့်ခလုပ်ကလည်းအကြာကြီးတော့ ပိတ်ထားလို့မရဘူးလေ … ကျနော်တို့ကလဲဘေးကနေ ရီချင်လှပြီ …

ယောင်ပြီးများရီလိုက်မိလို့ကတော့ … သတင်းလွှင့်ချိန်ကြီးမဟုတ်လား ..ပြုတ်ရုံတင်မကဘူး နောက်နေ့ ဂိုးတူဂျေးဘဲပေါ့ ….နောက်တော့မှယင်ကောင်က သူ့ဖာသာပြန်ထွက်သွားလို့တော်သေးသဗျို့ ….. အဲဒါက သိန်းလှမော် ရဲ့အဖြစ် ။ နောက်တခါမှ သတင်းကြေငြာသူ ဦးခင်မောင်ညိမ်း ရဲ့ အဖြစ်ပြောအုံးမယ် ….

ဦးခင်မောင်ညိန်း ဆိုတာက ..အခု RFA မှာ အမှုထမ်းနေတဲ့ သူပါ။ နောက်မှသူအီးမှန်တဲ့အကြောင်းပြောတာပေါ့။

10 comments

  • ဆူး

    October 1, 2010 at 11:29 am

    အားပေးသွားပါတယ် ဆက်လက်ရေးသားပါ။

    Reply

  • intro

    October 1, 2010 at 2:46 pm

    မျက်လုံးထဲ မြင်ယောင်ပြီး ရယ်ချင်လိုက်တာဗျာ… ဟားဟား၊ တော်တော့်ကို အနေရခက်မှာပဲ

    Reply

  • kopauk mandalay

    October 1, 2010 at 3:01 pm

    အခုခေတ်သတင်း ကြေငြာနေပုံများကို အရင်ခေတ်က လူတွေတွေ့လို့ကတော့ နာရင်းအုပ်ခံရမှာသေချာတယ်ဗျို့။

    Reply

  • kgthant

    October 1, 2010 at 4:27 pm

    ဟီးဟီး တော်တော်ဆိုးမှာပဲနော်ိ အဲဒီချိန်မှာဆိုရင်

    Reply

  • kai

    October 1, 2010 at 6:36 pm

    အဟား..။
    ဆိုရှယ်လစ်ခေတ်ရဲ့ အသီးအပွင့်တွေပေါ့..။
    ယင်ကောင်ပဲဗျာ..။ လုပ်ချင်တာလုပ်မှာပေါ့။ အဲဒါကို..လူက သဘာဝအတိုင်းမဟုတ်တဲ့ တုံ့ပြန်မှုပေးရတာကိုက … မဟုတ်တာ..။
    ဒီခေတ် ယူအက်စ်ရဲ့ သတင်းကြေငြာသူတွေကတော့ လုပ်ချင်တာလုပ်တာပဲ။
    ဖတ်နေတဲ့ စက္ကူကိုလုံးခြေပြီး ကင်မရာလှမ်းပေါက်တာက ရှိသေးတယ်..။
    အလွန်ကို လွတ်လွတ်လပ်လပ်ပဲ..။

    အဲဒါမျိုုး…ယင်ကောင်သာ နှခေါင်းထဲဝင်လို့ကတော့ … သတင်းလမ်းကြောင်းပြောင်းပြီး သူ့အကြောင်းချည်း သတင်းလုပ်ထိုင်ပြောနေတော့မှာ..။
    လူစိတ်ဝင်စားမှာ အသေအချာမို ့.. သတင်းဌာနကလည်း .. အကြိုက်ပေါ့။
    ယင်ကောင်တောင်..ရွေဆံဆိပ်ဆုတွေဘာတွေ ရသွားနိုင်တယ်..။

    Reply

  • etone

    October 2, 2010 at 2:22 am

    ရုပ်မြင်သံကြားသတင်းတွေက တိုက်ရိုက်လွင့်တာကိုး … မသိပါဘူး ရိုက်ပြီးမှပြန်ပြတယ် ထင်နေတာ …။
    ဒါကြောင့်တစ်ခါတစ်လေ အမျိုးသမီးတွေသတင်းလွင့်တာမှားရင် မဖြတ်မတောက်ပဲ သီးခံပါရှင်ဆိုတာမျိုးထည့်ပြောတာကိုး ။
    တစ်ခါက မိန်းမတယောက်ကသီးခံပါရှင်ဆိုတဲ့စကားကို … တစ်ညထဲ 3 ခါလောက်ပြောဖူးတယ် 😛

    Reply

  • thuyamon

    October 2, 2010 at 7:37 pm

    ြ်ဖစ်နိုင်ပါတယ် မြန်မာပြည်က အဲဟိုတုန်းကဖြစ်မှာပါ…သတင်းကြေငြာရင် ကြေငြာတဲ့လူကိုပဲရိုက်ပြနေတာပဲ….အဲဒီသတင်းနဲ့ပါတ်သက်တဲ့ပြင်ပကရိုက်ထား တဲ့ မြင်ကွင်းသတင်းတွေကိုအစားထိုးပြလိုက်ရင်ရနိုင်တာပဲ ကျွန်တော်တို့မြန်မာနိုင်ငံမှာက ပုံစံခွက်လူသားတွေလေ အောက်ခြေက နည်းနည်းလေးလမ်း လွဲသွားတာနဲ့ လစာဖြတ်ရတာနဲ့ အလုပ်ထုတ်ပြစ်လိုက်ရတာနဲ့ မလွယ်ဘူး အဲ အထက်လူကြီးတွေသာ အဲဒီလိုနည်းနည်းလေးမှားလို့ အလုပ်ထုတ်ပြစ်လိုက် လစာဖြတ်ပစ်လိုက်မယ်ဆိုရင်တော့ ဒီနေ့ မြန်မာပြည်ကြီးမှာ သည့်ထက်ကောင်းတဲ့ခေါင်းဆောင်ကြီးတွေ ပြည်သူတွေလေးစားလောက်တဲ့ အကြီးအကဲတွေ အုပ်ချုပ်နေပြီး တစ်ကမ္ဘာလုံးမှာ အချမ်းသာဆုံးနိုင်ငံတော်ကြီးဖြစ်နေလောက်ပြီပေါ့ မဟုတ်ဘူးလား……ဪ တရားမျှတမှုဆိုတာ တကယ်တော့ အလွန်ကို လိုအပ်နေပါပြီကလား..

    Reply

  • eros

    October 5, 2010 at 4:56 am

    ရှိရှိ သမျှ တာဝန်ရှိ ပုဂ္ဂိုလ်များခင်ဗျား။ ဦးဖတ်တီးသည် ဤစာစုများကို ရေးနေရခြင်းမှာ မြန်မာ့အသံ အား ဂုဏ်သိက္ခာ ညှိုးနွမ်းလိုသော စိတ်စေတနာ လုံးဝမရှိပဲ မြန်မာ့အသံဝန်ထမ်းများ၏ တာဝန်များကို အခက်အခဲ အမျိုးမျိုး ကြားမှ အချိန်မှီ ကျေပွန်၊ပြီးမြောက်အောင် ဆောင်ရွက်ရပုံ၊ သရုပ်ဖော်ပြခြင်း သာဖြစ်ကြောင်း။ လူ၊ကိစ္စ များသည် သေချာစွာ စီစဉ်ထားလျက်နှင့် လွဲချော်တက်ကြောင်း ဖော်ပြခြင်းသာ ဖြစ်ပါသည်။ နားလည်ခွင့်လွှတ်ပေးပါရန်။

    Reply

    • bigcat

      October 5, 2010 at 5:10 am

      မင်းငါတို့ကို ဆရာမလုပ်ပါနဲ့ကွ။ စောင့်ကြည့်တာဝန်ကို တပ်မတော်က ဟိုးကထဲက ကိုယ်ကျိုးစွန့် ဆောင်ရွက်နေတာ၊ မင်းတို့လို စည်းမရှိကမ်းမရှိ စိတ်ဓာတ်ရှိခဲ့ရင် စစ်တန်းလျားပြန်ပြီး ကုလားပဲဟင်း ဆားခတ်သောက်နေတာ ကြာပေါ့။ သူစရေးကထဲက စောင့်ကြည့်နေတာ ဖမ်းချင်ရင် ဖမ်းပြီးတာ ကြာလို့ သူတောင်အထဲမှ စီနီယာဖြစ်နေလောက်ပြီ။ သူဘယ်သူဆိုတာ ငါတို့မှာ ပရိုဖိုင်းလ် အတိအကျရှိတယ်။ သူ့ကိုယ်သူ ဖက်တီးဆိုပြီး လှည့်လို့ရပြီထင်နေတယ်။ ငါတို့မှာသူ့ ဓာတ်ပုံရှိတယ်၊ ပိန်ပိန်လေး။

      Reply

  • fatty

    October 5, 2010 at 5:56 am

    ကို big cat ရေ ..မလုပ်ပါနဲ့ဗျာ ..သူက တကယ်စိုးရိမ်လို့ပါ …. ကျေးဇူးတင်တယ် eros … အဲဒီစိတ်ထားလေးကို အမြဲတမ်းမွေးထားနိုင်ပါစေ။

    Reply

Leave a Reply to kopauk mandalay Cancel Reply

Your email address will not be published.