ပုံပြင်လား တကယ်လား

ကျနော် ဒီနေ့ အသက် ၆ဝကျော်ခန့် ရှိသော အလုပ်ထဲမှ မိတ်ဆွေ တစ်ဦး နဲ့ စကားပြောဖြစ်ခဲ့ပါတယ်။
အလုပ်အကြောင်းအစ ပြုပြီး ပြောရင်းနဲ့ သူက ကျနော် ကို လွန်ခဲ့ တဲ့ အနှစ် ၅ဝ လောက်က ပေါ့ ဆိုပြီး ပုံပြင် ဆန်ဆန်ပြောသွားတယ်။
ကျနော်က အခု အသက် ၃ဝ တောင်မပြည့်သေးပါဘူး။ သူက လွန်ခဲ့တဲ့ အနှစ်၅ဝ လောက်က ဆိုတော့ ကျနော်တောင် မမွေးသေးဘူး။
သူပြောတဲ့ အကြောင်းအရာကလဲ စဉ်းစားကြည့်လိုက်ပါဦး ။ ၈၄ လမ်းပေါ် ၊ လမ်း၄ဝ နားလောက်က ဘီဒီ  ဆိုတာရှိတယ်။ ရေနွေးခရားကြီးကနေ လောင်းထဲ့ နေတဲ့ပုံကို နီယွန်မီးတွေနဲ့ အလှဆင်ထားတယ်ပြောတယ်။ နဂါး အိမ် ဆိုရင်လဲ  သူ့ တံဆိပ် လိုဂို ကို နီယွန် မီးတွေ ထွန်းထားကြတယ်တဲ့ ။
အဲဒီလိုဘဲ ၈၄ လမ်းမ တစ်လျှောက် နီယွန် မီး ဆိုတာ လင်းထိန်းလို့ အရမ်းလှတာဘဲ တဲ့။ အဲဒီအချိန်တုန်းက အာရှသဌေး တွေက မြန်မာ နိုင်ငံမှာ လာနေကြတာတဲ့။  နောက် တစ်ခုရှိသေးတယ် အဲဒါက ဘက်စ် ကား မောင်းတဲ့သူတွေပါ။ သူတို့ တွေက ဘက်စ် ကား မောင်းတဲ့ ပုံစံက ဘောင်းဘီ ရှည်နဲ့ အကျီ အဖြူ နဲ့ ကပ် ဦးထုပ်နဲ့ တဲ့ နောက်ပြီး သူတို့က အချိန်းပိုင်းဘဲ မောင်းကြတယ်တဲ့ ။ ဟုတ်လားတော့ မသိဘူး။

7 comments

  • ဆူး

    October 1, 2010 at 9:54 am

    ကျန်စစ်သားရေ မြန်မာ စာ မြန်မာ နားမလည်ဘူး..

    Reply

    • kyansitthar101

      October 1, 2010 at 9:58 am

      ကျနော် စာ ကောင်းကောင်းမရေးတတ်လို့ပါ .. သည်းခံ ပေးပါ။

      Reply

  • unclegyi1974

    October 1, 2010 at 10:06 am

    ယခုလဲဘီဒီရှိပါသေးသည် နီယွန်မီးတော့မရှိတော့ပါ
    နဂါးအိမ်ဆိုတာနဂါးဒေါ်ဦးရဲ့အိမ်ကိုပြောတာနေမှာပါ
    နဂါးဒေါ်ဦးဆိုတာတချိန်က နဂါးဆေးလိပ်ခုံပိုင်ရှင်ကိုပြောတာပါ

    Reply

  • R Ga

    October 1, 2010 at 10:33 am

    လွန်ခဲ့သော နှစ်ငါးဆယ်ကဆိုတော့….. ၁၉၆ဝ ပေါ့ အဲဒီကာလ ကတော့ ဘာင်းဘီ ရှည်နဲ့ အကျီ အဖြူ နဲ့ ကပ် ဦးထုပ်နဲ့ ကားမောင်းသမားတွေရှိမရှိ မသေချာပေမဲ့ (မရှိဖို့တော့များပါတယ်) အာရှသဌေးတွေ မြန်မာပြည်လာနေ
    တာကတော့ မဖြစ်နိုင်ဘူးထင်တယ်..။ အဲဒီကာလ က တိုင်ပြည်မှာ နိုင်ငံရေး မတည်ငြိမ်ဘူးလေ..။

    အားတော့နာပါတယ်။ ဒီ စာစု ရဲ့ ရည်ရွယ်ချက်ကိုဖမ်းမမိဘူးဖြစ်နေတယ်ကို ကျန်စစ်သားရေ..။

    Reply

  • kopauk mandalay

    October 1, 2010 at 4:18 pm

    အာရှသူဌေးက မြန်မာနိုင်ငံမှာလာနေတာမဟုတ်ပါဘူး။
    မြန်မာနိုင်ငံက ရှေးသူဌေးတွေကို ပြောတာဖြစ်နိုင်ပါတယ်။
    အလှထွန်းတာ နီယွန်မီးဟုတ်မဟုတ်မသေချာပေမယ့်
    မန်းသီတာဥယျာဉ်မှာ မန်း သီ တာ ဆိုတဲ့စာလုံးကို အနီရောင် အပြာရောင် ရောင်စုံမီးတွေနဲ့ ထွန်းတာကတော့ အမှန်ပါဘဲ။
    အရင်ကမန်းလေးမှာ ဒါကတော့ ဘယ်သူ့အိမ် ဘယ်သူတိုက်ဆိုပြီး နာမယ်တတ်လို့ လူသိများတဲ့ မြို့မျက်နှာဖုံးတွေရှိခဲ့ပါတယ်။
    အခုသူတို့ရဲ့နောက်မျိုးဆက်သစ်များလက်ထက်မှာတော့အိမ်တော်တော်များများက သူများလက်ရောက်ကုန်ပါပြီ။

    Reply

  • kgthant

    October 1, 2010 at 4:26 pm

    ဘာတွေ ပြောထားမှန်းလည်း မသိဘူး
    နော် သိပ်နားမလည်ဘူး

    Reply

  • bigcat

    October 2, 2010 at 12:22 am

    နားမလည်ဘူးဆိုတာ သေချာမဖတ်ကြလို့ပါဗျ။ ဒါပို့စ်မော်ဒန် ရေးနည်းလို့ခေါ်တယ်။ ကိုယ့်ခံစားချက်ကို ကိုယ်ကြိုက်သလို တင်ပြပြီး ဖတ်သူကိုလည်း လွတ်လပ်စွာ နားလည်ပိုင်ခွင့် ပေးထားတာ။ ကျွန်နော်ငယ်ငယ် ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေး အောင်ရမည်လို့ အမြဲကြွေးကြော်လေ့ရှိတဲ့ ခေတ်တုံးက ရုပ်ရှင်သွားကြည့်ရင် လမ်းမှာ ဘိုတွေအင် ကုမ္မဏီဆိုပြီး ဆေးရောင်မှိန်နေတဲ့ ဆိုင်းဘုတ်ကို အမြဲဖတ်လေ့ရှိတယ်။ ဆိုင်းဘုတ်ကသာ ကုမ္မဏီ အခန်းက သံသေတ္တာတွေရောင်းတဲ့ ဆိုင်ဖြစ်နေပြီ။ အဲဒီအချိန်မှာ ကုမ္မဏီဆိုတဲ့ စကားလုံးဟာ မဆလခေတ် ချာတိတ်တယောက် အဖို့အရမ်းကို ထူးဆန်းနေ ခဲ့ပါတယ်။

    Reply

Leave a Reply to R Ga Cancel Reply

Your email address will not be published.