ဝေးနေတဲ့ ကဗျာ

မင်းအတွက်ငါ ကဗျာတစ်ပုဒ်
နှလုံးသားနဲ့ ရေးစပ်ခဲ့တယ်
အဆုံးမရှိတဲ့ ငါကဗျာပေါ့ …..။

ထာဝရခရီး လက်တွဲပြီး
ကဗျာရှည်တစ်ပုဒ် ငါဖန်တီးလိုက်ချင်တယ်…။

ငါစိုးရိမ်တယ် ချစ်သူ
နီးရဲ ့နဲ့ ဆုံနိုင်မှု့ဝေး
ရင်ခုန်သံတွေနဲ့ ရေးချမိတာ
အိပ်မက် စာမျက်နှာ ဖြစ်နေမလားတွေး….။

ငါလိုချင်တာ ဝေးနေခြင်းမဟုတ်ဘူး
ရင်ခုန်သံခြင်း ဟန်ချက်ညီနေဖို့ပါ ချစ်သူ…။

ငါ့ကဗျာတွေ ကာရံချိုးဖောက်
သွေးပျက်လောက်တဲ့ စကားလုံးတွေနဲ့
မရေးချပါရစေနဲ ့ ချစ်သူ …။

ချစ်နေရခြင်းမှာ ငါမုန်းနေတာ
အလွမ်းဆိုတဲ့ နေ့ရက်တွေပါ

One comment

  • kopauk mandalay

    October 1, 2010 at 5:04 pm

    အချစ်တစ်ဝက်ကဗျာ
    ဟိုအရင်ကပေါ့
    မင်းနဲ့များဝေးရင် ဆို အတွေးထဲတောင်အဝင်မခံဘူး။
    မင်းရဲ့လက်ကိုဆွဲ ရဲရဲကြီးတိုးဝင်ဘို့ သတ္တိတွေအပြည့်နဲ့ပေါ့။
    နှစ်ကိုယ်တူတစ်ကယ်နီးလို့ ပွားစည်းခြင်းတွေက တိုးသထက်တိုးလာတဲ့အခါ
    ရှာလိုက်ရတဲ့ငွေ လုပ်လိုက်ရတဲ့အလုပ်
    စိတ်များတောင်ရှုပ်ပါရဲ့။
    ကျန်နေတဲ့ အချစ်တဝက် ဘယ်နားမှာလွှင့်ပစ်လိုက်ရမလဲဗျာ။

    Reply

Leave a Reply

Your email address will not be published.