ကြားခဲ့မြင်ခဲ့ရသော အွန်လိုင်းဆိုင်ရာ

manawphyulayOctober 1, 20101min03

အင်တာနက်ကို မိမိတို့ ဘဝတစ်စိတ်တစ်ဒေသအဖြစ် ယုံကြည် လက်ခံထားသော လူတော်တော်များ တိုးပွားများပြားလာကြတယ် နော်။ ‘ဒီလိုပဲ မကြာမီက
ပေကျင်းမြို့တော် မှာ အွန်လိုင်းစွဲရောဂါ ကို ကုသဖို့ ဆေးရုံတောင် ဖွင့်ပြီး ဘေးထွက် အကျိုးဆက်ရှိကြောင်း အသိအမှတ်ပြုနေတယ်ဆိုဘဲ။ တချို့ကတော့
အင်တာနက်အစွဲ စိတ်ကစင့်ကလျားရောဂါ လို့လည်း သုံးနှုန်းကြတယ်။ နောက်ပြီး ဆိုက်ဘာစွဲရောဂါ ၊ အွန်လိုင်းအစွဲရောဂါ စသဖြင့် ခေါ်ကြတယ်။ မိတ်ဆွေရေ…
ကျွန်မတို့ကော ‘ဒီရောဂါ စွဲကပ်နေပြီလား။ ဒါဟာ ပြန်စဉ်းစားရမယ့်အချက်ပဲနော်။
ဂျိုနသန်ဘီးရှော့ကတော့ ဒီအင်တာနက်အစွဲကို ရောဂါလို့ သူက မသတ်မှတ်ဘူးတဲ့။
အဲ သူက ပြောသေးတယ်။ သူ့အထင်ကတော့ လူတွေဟာ အင်တာနက်ကို အစွဲအလန်းကြီးတာလို့ မထင်ဘူးတဲ့။ အင်တာနက်က ပေးတဲ့ လူမူရေး အတွေ့အကြုံတွေကိုသာ စွဲလန်းတာပါတဲ့။
‘ဒါလည်း ဟုတ်သလိုဘဲနော်။ ဘာလို့လဲ ဆိုတော့ ကျွန်မတို့လည်း ဒီဘလော့ဂ်ဆိုတဲ့ အရာကြီးကို နှစ်သက်လာလို့ပါဘဲ။ ဘာပဲဖြစ်ဖြစ်လေ မိတ်ဆွေဘဲ စဉ်းစားကြည့် လူတစ်ဦးမှာ မိတ်ဆွေအပေါင်းအသင်းတော့ ရှိပါတယ်။
ဒါပေမဲ့ ဒီအပေါင်းအသင်းက ကိုယ်လိုအပ်တဲ့အချိန်မှာ သူဟာ ကိုယ့်ကို အဖော်လုပ်ပေးနိုင်သလား။ အမြဲတမ်းနော်။ ဘယ်သူ့မှ လုပ်မပေးနိုင်ပါဘူး။ ဒီတော့ ကိုယ့်ရဲ့ စိတ်အပန်းဖြေစရာကို ရှာကြတော့တာပေါ့။
ဒါပေမဲ့ ရှာတတ်ဖို့တော့ လိုတာပေါ့။ ကျွန်မတွေ့ရှိခဲ့တဲ့ အင်တာနက်ဆိုင်တစ်ဆိုင်မှာ သူတို့ရဲ့ ဆောင်ပုဒ်တစ်ခု ချိတ်ထားတာတွေ့ရပါတယ်။ ဘာလဲဆိုတော့ ပညာကိုသာ စွဲလမ်းပါ။ အင်တာနက်ကို မစွဲလမ်းမိပါစေနဲ့ တဲ့ ကောင်းလိုက်တဲ့ စာသားလေးနော်။ ကျွန်မတော့ သဘောကျတယ်။ ဘာလို့လဲဆိုတော့ သူ့နေရာနဲ့ သူ အထိန်းအကွပ်တော့ ရှိရမှာပေါ့။ တချို့ကျတော့ အမြင်ကျဉ်းတာလား။ ဒါမှမဟုတ် သူတို့မြင်တွေ့ရတဲ့ ဝန်းကျင်ကိုဘဲ ကြည့်ပြီး အားလုံးကို သိမ်းကျုံးပြောသလားတော့ မသိဘူးနော်။ အင်တာနက် သုံးတဲ့သူတိုင်းဟာ ဘဲ ဝင်နေကြတယ်လို့ နေရာတော်တော် များများမှာ သတင်းထွက်လာတယ်။ မိတ်ဆွေကော ဘယ်လိုမြင်လည်းဟင်… မိတ်ဆွေရဲ့အမြင်ကိုလည်း သုံးသပ်ပေးခဲ့ပါနော်။ ကျွန်မရဲ့အမြင်ကို ပြောပြတာပါ။

3 comments

  • michaelaungpu

    October 1, 2010 at 4:30 am

    သူ ့နေရာနှင့်သူ တဲ့
    တန်ဆေးလွန်ဘေး ဆိုလား
    ဒီလိုဘဲပြောကြစတမ်းဆို ကိုယ့်ကိုယ်ကိုယ်တောင်မှမစွဲလမ်းကောင်းဘူးလို ့ပြောရင်ငြင်းကြဦးမှာဘဲ

    Reply

  • weiwei

    October 1, 2010 at 4:50 am

    မနောပြောတာမှန်ပါတယ်။ ကျွန်မလို ကွန်ပျူတာကို အိပ်ချိန်နဲ့စားချိန်ကလွဲပြီးသုံးရတယ့်သူတစ်ယောက်အတွက် အင်တာနက်ချိတ်ဆက်ထားတယ့် ကွန်ပျူတာက သူငယ်ချင်းကောင်းတစ်ယောက်လိုပါပဲ။ အလုပ်ကအခက်အခဲနဲ့ ပညာရေးအခက်အခဲတွေကို အလွယ်တကူ မြန်မြန်ဆန်ဆန် ဖြေရှင်းပေးနိုင်တယ့် အင်တာနက်ကို မစွဲလန်းပေမယ့် အရမ်းကျေးဇူးတင်တယ်။ အကျိုးရှိရှိသုံးတတ်မယ်ဆိုရင် အတိုင်းထက်အလွန် တန်ဖိုးရှိတယ်။

    Reply

  • etone

    October 1, 2010 at 4:59 am

    ဘယ်အရာမဆို တစိုက်မက်မက် လုပ်ကိုင်နေရင် စွဲလန်းခြင်းဆိုတာဖြစ်လာတတ်ပါတယ် ။ အင်တာနက်မှတင်မဟုတ်ပါဘူး တခြားအလေ့ကျင့်တွေလည်းအတူတူပါပဲ ။ etone တို့မနက် နိုးနိုးချင်းမထတတ်ပဲ အိပ်ရာထဲပြန်မှေးပြီးခဏလှဲနေတတ်တဲ့အကျင့်လိုမျိုးပေါ့… ။ နှစ်တွေကြာလာတဲ့အခါ ..အဲ့ဒီလိုမှပြန်မလှဲနေရရင် စိတ်ကတိုသလိုလို ဒေါသကထွက်ချင်သလိုလိုပေါ့ … ။

    Reply

Leave a Reply to weiwei Cancel Reply

Your email address will not be published.