mandalaygazette ရဲ့ top ten တယောက် …..

fattySeptember 29, 20101min018

မန်းတလေးဂေဇက်ကိုကျေးဇူးတင်ကြောင်းတော့အရင်ပြောပါရစေ။ ဒီလိုပါ .. အက်မင်တွေက ဒီဝက်ရဲ့ ရည်ရွယ်ချက်တွေကိုလဲပြောပြီးပါပြီ။
စာရေးသူများဘက်ကလည်း ပိုပြီးကျေးဇူးတင်စရာတွေရှိနေပါတယ်။ လွတ်လွတ်လပ်လပ်ရေးလို့ရတယ် ၊ ဟိုတုန်းကဆိုရင်တော့ ကလောင်တချောင်း
ပိုင်ခွင့်ရတယ်ပေါ့။ လွတ်လွတ်လပ်လပ်ရေးခွင့်ရတဲ့အတွက် စာရေးသူတွေဘက်က ပိုပြီးတာဝန်ကြီးတယ်ဆိုတာ သတိထားမိလို့ပါဘဲ။

ကိုယ်ရေးတဲ့စာကိုယ်တာဝန်ယူရမှာကိုး … ကိုယ့်ကိုယ်ကိုထိမ်းသိမ်းတဲ့အကျင့်ရလာပါမယ်။ .. ဒါဟာ ..ဒီမိုကရေစီရဲ့အခြေခံကို ဒီဝက်ကကျင့်ပေးနေ
တယ်လို့ပြောချင်ပါတယ်။ ဒါကြောင့်ကျေးဇူးတင်ကြောင်းပြောရတာပါ။

တခုရှိတာကတော့ ..ငွေကြေးကုန်ကျမှုတော့ရှိတာပေါ့လေ။ တစ်နာရီကို ၄၀ဝ -၃၀ဝ ကျပ်မျိုးပေးရတာကိုး။ condition မကောင်းရင်တော့
ပိုကုန်တာပေါ့လေ။ ဓာတ်ပုံလေးများတင်မယ်ဆိုပိုလို့တောင်ကုန်ပါသေးတယ်။ မြန်မာနိုင်ငံရဲ့အခြေအနေအရဆိုသိပ်တော့မစားသာဘူးပေါ့

ရေးနေကြသူတွေကလည်း မရးရမနေနိုင် .. ဝါသနာဆိုတာဒီလိုပါဘဲ။ တလလောက်ဆက်ရေးလိုက်ရင် ဘတ်ဂျက်ကတော်တော်သိသာလာပါပြီ။
အဓိကပြောချင်တာကတော့ … top ten ထဲကတယောက် …ဘတ်ဂျက်မတတ်နိုင်တော့လို့ ..စာရေးသားတာရပ်ဆိုင်းသွားပြီဆိုတဲ့အကြောင်းပါဘဲ။

သိပါတယိနော် ဒီနိုင်ငံအခြေအနေ။ ……။

18 comments

  • MandalayThar

    September 29, 2010 at 1:25 pm

    ဒါဆို မြန်မာပြည်ကနေ မန်းတလေးဂေဇက်ကို လွတ်လွတ်လပ်လပ်ကြည့်လို့ ရတယ်ဆိုတာ မင်္ဂလာတပါးပဲဗျာ။

    Reply

  • kai

    September 29, 2010 at 9:10 pm

    တခြားအကြောင်းကြောင်းကြောင့်မဟုတ်ပဲ… ဘတ်ဂျက်မတတ်နိုင်တော့လို့ ..ဆိုတာမို့ပါ။
    ကလောင်ရှင် fatty က မတူသော အတွေးနှင့် ကိုယ်ပိုင်စာ ချရေးနေသူမို့ .. ကြားထဲဓါတ်ပုံလေးများတောင်ပါတတ်တာမို ့..
    တပုဒ်ရေးတင်တိုင်း အင်တာနက်တက်ဖိုး တနာရီစာ ၄၀ဝကျပ်ကို မန်းတလေးဂေဇက်က တာဝန်ယူပေးချင်ပါတယ်ဆိုတဲ့အကြောင်းနဲ့.. ဆက်ရေးစေလိုပါကြောင်း…။

    တခုတော့ ပိုလုပ်ပေးပေါ့လေ..။
    အင်တာနက်တက်တိုင်း .. ဒီဝက်ဆိုက်လာတိုင်း.. တကြိမ်တော့ ကိုယ်တင်တဲ့ပို့စ်မှာ ပေါ်နေတဲ့ ဂိုဂယ်ကြော်ငြာလေးကို တခါကလစ်လုပ်..။ အဲဒီကနေ.. ရောက်သွားမဲ့ ဝက်ဘ်ဆိုက်မှာ ၅မိနစ်တိတိ အချိန်ဖြုန်း .. ဟိုဟိုဒီဒီ လျှောက်ကြည့်နေစေလိုပါကြောင်း..။ (တရက်မှာ တခါလုပ်ပြီးရင် .. အဲဒီဟာတွေ.. ၂ခါတော့ ယောင်လို့ မှ ကလစ်မလုပ်လိုက်ပါနဲ့လို့..။)

    နောက်ပိုင်းတော့ .. ဒီဝက်ဘ်ဆိုက်ရဲ့ အသုံးစရိတ် ကာမိအောင် ဒီမှာကြော်ငြာကြမဲ့ ..မြန်မာပြည်ကကြော်ငြာရှင်တွေကိုလည်းရှာနေပါတယ်။
    အဲဒါ.. မန်ဘာတွေက ကူရှာပေးကြပါဦးလို့..။
    အဲဒီ ကြော်ငြာခကရငွေတွေ(အကုန်)အကုန်ပြန်ခွဲပေးပစ်မှာပါလို့..။

    Reply

  • Machitsu

    September 30, 2010 at 1:44 am

    Top Ten ထဲမှာ fatty မှ မပါတာ။ သူက အခြားတစ်ယောက် ကိုယ်စား ပြောပေးတာနဲ ့ တူပါတယ်။

    Reply

  • etone

    September 30, 2010 at 2:13 am

    fatty နော် အူလည်လည်မလုပ်နဲ့ …. 😀
    2digits lottery တွက်နည်းသိသွားလို့ စာမရေးတော့ပဲ …တွက်ပဲတွက်တော့မယ်မဟုတ်လား ။ 😛

    Reply

  • michaelaungpu

    September 30, 2010 at 2:41 am

    အမလေး မရေးဘဲတော့ မနေကြပါနဲ ့
    ဘတ်ဂျက်မလောက်ရင် ကျွန်တော့်ဂျီးတော်ကြီးမသေခင်အမွေပေးခဲ့တဲ့
    နမ နှစ်ကောင်ကို ရောင်းပြီးရံပုံငွေထည့်ပါ့မယ်
    တစ်ခုတော့ရှိတာပေါ့ဗျာ တင်ပြီးသားတွေထပ်နေကြတာကတော့ စိတ်ပျက်ဘို ့တော်တော်ကောင်းတယ်
    ရပ်ရှင်၊ အဆိုတော်အကောင်မတွေ မပေါ်တပေါ်နဲ ့ပုံတွေကတော့ အကြိုက်ဆုံးဘဲ
    ဟဲဟဲဟဲ
    ဝါသနာလည်းဟုတ်ပါဘူးဘီဇလည်းဟုတ်ရပါဘူး(ကန်တော့ပါ)သောက်ကျင့်ဖစ်နေလို ့ပါ
    အဟီး

    Reply

  • michaelaungpu

    September 30, 2010 at 2:53 am

    ပို ့စ်တွေထပ်နေကြတာကိုက ကိုယ်ပိုင်ရေးတာမဟုတ်ဘူးဆိုတာ သေးချာတာပေါ့
    ကိုယ်ပိုင်အတွေးနဲ ့ရေးကြပါဆို ခပ်တည်တည်နဲ ့ကူးချနေကြတယ်
    လက်ရေးလှတဲ့တစ်နေ ့ရေးပြမယ် ရွာက ကလေးတွေ လယ်ကသင်းရိုးမှာ အီအီးထိုင်ပါကြတဲ့အကြောင်း
    အကြောင်းမလှလို ့ဆယ်ဘီးကားအတိုက်ခံရပြီးသေးသွားရင်တော့ ရေးဖြစ်တော့မှာမဟုတ်ဘူးနော်
    နတ်ဘဝရောက်သွားရင်လည်း နတ်ပြည်က လမ်းခင်းတဲ့ ပတ္တမြားတွေ နတ်ရထားနဲ ့အစီး ရှစ်ဆယ်လောက် လာပို ့ပေးမယ်အားမငယ်ကြနဲ ့
    အဝီစိရောက်သွားရင်တော့ ဂက်စ်တွေရေနံတွေရှာပေးမယ် ဟိုကောင်တွေကိုတော့အဲပြုတ်နှံထားကြပေါ့

    Reply

  • လင်းဝေကျော်

    September 30, 2010 at 3:11 am

    ကောင်းပါလေ့ ကွယ်
    ကူးတာလေးတွေ လျှော့လိုက်ရင် ဖတ်ချင်စရာပိုဖြစ်လာမယ်ထင်ပါတယ်။

    Reply

  • ဆူး

    September 30, 2010 at 4:01 am

    ကူးတာလေးတွေ ထပ်နေရင် (မှတ်ချက်ရေးပြီး သတင်းပို့) မှာ နိပ်ရမလို ဖြစ်နေပြီ။ ကူးယူတဲ့ လူကို အားနာလို့ မနိပ်တာပါ။

    Reply

  • char too lan

    September 30, 2010 at 6:25 am

    ကျနော်က Top Ten တွေကိုစိတ်ဝင်စားတယ် သုံးတာသိပ်မကြာသေးပေမယ့်
    ကလောင်ရှင်တွေရဲ ့နာမည်တွေ၊ သဘောကျစရာကောင်းတဲ့
    comment တွေကိုတော်တော်လေး ကြိုက်ခဲ့တာ
    အင်း ဒီဒေါင်းရုပ်ကိုပဲ ဆေးစွဲသလိုစွဲနေတာတော့
    တနင်္ဂနွေတစ်ရက်လောက်မြန်းနားမိလိုက်ရင်
    “ဘိန်းစားဆေးငတ် ဆေးပြတ်သကဲ့သို့ “ဆိုတဲ့အတိုင်း
    မနေနိုင် မထိုင်နိုင်ကိုဖြစ်နေတော့တာ…..
    ဪ!
    ဒါနဲ့ ကိုလူတလုံး တစ်ယောက်မတွေ ့တာကြာပီနော်

    Reply

  • fatty

    September 30, 2010 at 7:10 am

    comments တွေအားလုံးကိုကျေးဇူးတင်ကြောင်းပြောပါရစေ။ ကို kai ရဲ့စေတနာ လေးစားစရာပါ။ ဘတ်ဂျက်ပြဿနာက ကျနော့အတွက်မဟုတ်ဘူးခင်ဗျ။ …..
    Top ten ထဲကတယောက်ပါ။ အင်း ..သက်ဆိုင်သူဖတ်မိပါစေလို့ဆုတောင်းရတော့မှာဘဲ။ ..ကျနော့အတွက်ကတော့ … မိန်းမရေ ..မင်းဆံပင်တွေကလည်းကွာ ဖွာလံကျဲနေတာဘဲ
    ဗြူးတီပါလာလေးဘာလေးသွားပြီး ပေါင်းတင်ပါလား ..လို့ပြောလိုက်ရင် …သွား၃၂ ချောင်းဖြီးပြီး ..ရော့ရှင့် internet ခ ဆိုပြီး ..သူလဲ beauty parlar ပြေးတော့တာဘဲ။
    ဟဲဟဲ .. အမှန်တော့သူ့ဖာသာလဲသွားတာဘဲလေ ဒါပေမဲ့ ယောကျာင်္းက တရားဝင်ခွင့်ပြုတယ်ဆိုတော့ကျေနပ်တာပေါ့။ အထာလေးနပ်ဖို့လိုတာပေါ့နော။
    ကြော်ငြာ ထဲ ကလစ်လုပ်တာကတော့ အင်မတန်ကောင်းပါတယ်။ တခါလုပ်ရင် ကြော်ငြာရှင်က us $1 ပေးရမယ်ဆိုရင် တကမ္ဘာလုံးကများ လူတသန်းလောက်ဝင်ကြည့်ဖြစ်ရင်
    အမလေး …ဒေါ်လာ တသန်းပါလား …ဒါပေတဲ့ ကြော်ငြာရှင်က လူဘယ်နှစ်ယောက်အတွက်ဘဲဆိုပြီး limit လုပ်မှာပေါ့နော ..။ အဲဒီအတိုင်းမှန်ရင် ကို kai က ရှင်းပြပေးပါလို့တောင်းဆိုပါရစေ။ ဒီကလူတွေလဲဗဟုသုတတိုးတာပေါ့။ ကဲကျနော်ကတော့ဝင်ကြည့်ပြီ။
    မြန်မာပြည်ကကြော်ငြာရဖို့ အကျိုးဆောင်နိုင်တဲ့သူတွေရှိကောင်းရှိမှာပါ ။ စီးပွါးရေးလေးလုပ်ရရင်သိပ်ကောင်းမှာဘဲ။ တခုကို ဘယ်လောက်ဆိုပြီး သတ်မှတ်ပေးရင် …
    အားရှိစရာပေါ့ဗျာ …။

    Reply

    • kai

      September 30, 2010 at 7:53 am

      တနေရာမှာရေးဘူးပါတယ်။ ကြော်ငြာကရတဲ့ဝင်ငွေက တခါတလေ .. တရက်ကို ၁ဒေါ်လာခွဲ-၂ဒေါ်လာလောက်ရှိပါတယ်ဆိုတာ..။ ကလစ်က အကြိမ်၁၀ဝလောက်ပေါ့.။ ဆိုတော့ တခါကလစ် .. ဘယ်နှပြားရလည်းတောင် မတွက်တတ်တော့ဘူး..။
      ဂိုဂယ်က..လူလည်တွေလုပ်ထားတာမှာ.. ကြော်ငြာရှင်က ..သူတို့ဝက်ဆိုက်လာ.. ဘာမှမဝယ်ပဲအပျော်ကြံပြီးလှည့်ပြန်သွားတာဆိုရင်.. ငွေမပေးတဲ့အပြင် ..ဒဏ်ကြေးတောင်ချတာမို ့.. အဲဒါကို .. တယောက်က တရက် တခါကလစ်ရင်ကို ပြသနာတက်နေပါပြီ။ အဲဒီတော့ .. ၂-၃ရက်မှာ တခါကလစ်တာမှ အနေတော်ပေါ့နော.။ အဲဒီရငွေက အနည်းဆုံးတော့ ဆာဗာဖိုးရဲ့ ၄ပုံတပုံလောက်တော့ ကြေတာပေါ့။ မြန်မာပြည်တွင်းက လာတဲ့ကလစ်တွေအတွက်ပြသနာက အိုင်ပီလိပ်စာ သိပ်များများမရှိတာမို ့ ဂိုဂယ်ရဲ့ လော့ဂ်ဖိုင်မှာ တူတူတွေချည်းပေါ်နေတာပါ။ အဲဒါကြောင့် သူတို့က ဒီလူတွေအပျော်ကြံနေတာ ဆိုတာသိပြီးသားမို့.. အဲဒီကနေ သဌေးဖြစ်ကြံမယ်ဆိုရင်..တော့..လျှော်ရတာနဲ့တင် မွဲကိန်းဆိုက်နိုင်ပါမယ်…ဆိုတာပါ။ 🙂
      ဒါပေမဲ့ အဲဒီကြော်ငြာတွေက ဘာကောင်းသလဲဆိုတော့ ..ဝက်ဆိုက်က ဂိုဂယ်ဆချ်အင်ဂျင်မှာ အမြဲထိပ်တန်းရောက်နေတတ်တာပါပဲ။ အဲဒီကြောင့် ဒီမှာပို့စ်တင်ပြီး မိနစ်ပိုင်းအတွင်း ဂိုဂယ်နဲ့ရှာရင် အဲဒီပို ့စ်ကို ပထမစာမျက်နှာမှာတင် တွေ့နိုင်မှာဖြစ်ပါတယ်။

      မန်းလေးဂေဇက်က ဒီလိုပေးဖို့ဘယ်ကဝင်ငွေရှိသလည်းဆိုတော့ သတင်းစာထုတ်တာမှာ ပုံနှိပ်ဖေါ်ပြထားတဲ့ ကြော်ငြာရှင်တွေဆီက ဝင်ငွေရှိတာပါ။ အဲဒါကို ဒီဖက်ခွဲပေးနေတယ် ယူဆပေါ့။

      မြန်မာပြည်က ဒီကိုဝင်လာနေသူတွေအတွက် မြန်မာပြည်ဖက်ကထည့်တဲ့ ကြော်ငြာကသာ အဓိပါယ်ရှိပါတယ်။ ဆိုတော့.
      ဥပမာ.. မြန်မာပြည်ကဆေးကုမ်ပဏီကဆေးကြော်ငြာ ဒီမှာလာထည့်မယ်ဆိုပါတော့ ..။ ကူပွန်လေးပါထားပြီး အဲဒါလေး ပရင့်အောက်ထုတ်လို ့ ..ဆေးသွားသွားဝယ်ပေးကြရင် .. ကြော်ငြာရှင်က .. အလုပ်ဖြစ်တာမို ့.. ကြော်ငြာထည့်ပါမယ်။ အဲဒီတော့ .. မန်းတလေးဂေဇက်က ကြော်ငြာခရပါမယ်။ အဲဒီငွေကို ..မန်းတလေးဂေဇက်က မန်ဘာတွေကို ပြန်ခွဲပေးလိုက်ပါမယ်..ဆိုတာကို ပြောချင်တာပါ။
      ကြော်ငြာလိုက်ပေးသူကိုတော့ ..ကြော်ငြာခရဲ့ ၄ပုံတပုံ ပေးတာပေါ့..။
      အဲဒီလို… အဲဒီလို..။
      ဒီဝက်ဆိုက်ကို ကြည့်တဲ့နှုန်းက တလနီးပါးလောက်မှာ * 83,882 Visits * 576,604 Pageviews ပါတဲ့။
      ဂိုဂယ်ကတွက်ပေးထားတာပါ။ (မတူတဲ့)လူ ၈သောင်းကျော်လောက်ရှိတယ်ပေါ့။ ပြီးခဲ့တဲ့လက ၁သိန်းကျော်ပါတယ်။ အခုက ဆာဗာဟိုပြောင်းဒီပြောင်းနဲ့ ၁၈ရာခိုင်နှုန်းကျတယ်လို့ ဆိုပါတယ်..။
      ဆိုတော့ .. ဒီမှာ ဘန်နာကြော်ငြာထည့်ရင် တလ ကျပ်၁သိန်းနဲ့ စကြည့်တာပေါ့..။အဲဒီငွေကို ဘယ်နေရာဘယ်လိုသုံးမလည်း.. မန်ဘာတွေပဲ.. ပိုစ့်တင်ပြီးတိုင်ပင်ကြည့်ကြပေါ့..။ အဲဒါ..အဲဒါ..။

      Reply

      • bigcat

        October 1, 2010 at 12:45 am

        ကို kai ရေ မရှင်းလို့ မေးပါရစေ။ မတူတဲ့ လူရှစ်သောင်းကျော်ဆိုတာ ဘာကိုပြောတာလဲ။ ဥပမာ ကျွန်နော်က နေ့စဉ်ဝင်ရင် လူရှစ်သာင်းထဲမှာ သုံးဆယ်က ကျွန်နော်ပေါ့။ ဒါမှမဟုတ် ကျွန်နော့် အိုင်ပီလိပ်စာနဲ့ ဘယ်နှစ်ကြိမ်ဝင်ဝင် တလလုံးကို တယောက်လို့ပဲ သတ်မှတ်တာလား။ ကော်ပီရိုက် ချိုးဖေါက်၊ ချမှတ်ထားတဲ့ စည်းကမ်းဖောက်သူတွေကို ဖမ်းပြီး ပထမဆုံး မှတ်ချက်ပို့သူတွေကို ချိုးဖောက်သူရဲ့ ရထားတဲ့အထဲက ပွိုင့်တွေခွဲပေးရင်း ဆုပေးဒဏ်ပေး ဖြစ်မယ်ထင်ပါတယ်။ သတင်းပို့သူက သူ့နာမည်ကို မသိစေချင်ဘူးဆိုရင် အယ်ဒီတာ့လိပ်စာကို ဟုမ်းပေ့ချ်မှာ အမြဲတင်ထားပေးပြီး ပွိုင့်တက်ပေးကြောင်း အီးမေးလ်နဲ့ ပြန်လိုက်ရင်လည်း ဖြစ်နိုင်ပါတယ်။ တချို့ကော်ပီတွေက အင်တာနက်မှာ တင်မထားရင် ဂူဂဲကနေ ရှာဖမ်းဖို့ မလွယ်ပါ။ ဖတ်သူက နောက်မှ တဖြည်းဖြည်း သိလာမှာပါ။ ကော်ပီတွေအရမ်းများရင် ဖတ်သူတွေ စိတ်အနှောက်အယှက် ဖြစ်သွားနိုင်ပါတယ်။ အဲဒီလို စာမျိုးတွေကို ဝန်ခံချက်နဲ့လာရင် သူတို့အတွက်နေရာပေးဖို့ သင့်မသင့် အယ်ဒီတာက မဆုံးဖြတ်ခင်မှာ ဖိုရမ်လေးတခုဆောက်ပေးထား၊ နောက်အယ်ဒီတာက သဘောကျနှစ်သက် စာဖတ်သူအတွက် အကျိုးများမယ်ထင်ရင် ပင်မစာမျက်နှာ အပေါ်ပြန်တင်ပေးမယ်ဆိုရင် ကောင်းမလားလို့ အကြံပြုလိုပါတယ်။ အယ်ဒီတာ မှတ်ချက်မှာ ပြည်ပမီဒီယာတွေဆီက စာတွေကို မကူးရလို့ ပဲပြောထားပြီး ပြည်တွင်းမီဒီယာတွေကလို့ သုံးတာမတွေ့ရပါ။ အဲဒါဘာများ ကွာခြားချက်ရှိလို့ပါလဲ။ ပြည်တွင်းကလာတဲ့ ကိုယ်တိုင်ရေးစာကောင်းများကို အယ်ဒီတာသဘောနဲ့ ထိုက်ထိုက်တန်တန်ပေးမယ်ဆိုရင် အင်တာနက်သုံးခ ကိစ္စကို တနည်းတဖုံ ဖြေရှင်းပြီးသား ဖြစ်သွားမယ်ထင်ပါတယ်။ ပြည်ပကစာရေးသူများကတော့ ငွေထုတ်မရပေမဲ့ ပွိုင့်တော့မက်ကြပါတယ်၊ ဒါပေမဲ့ မန်းလေးဂေဇက်ရဲ့ ငွေရေးကြေးရေး အခက်အခဲကို နားလည်ပေးနိုင်ကြပါလိမ့်မယ်။ ပြည်တွင်းကျော်ငြာအတွက် မန်းလေးဂေဇက်အနေနဲ့ ခရီးသွားလုပ်ငန်း၊ လေကြောင်းလက်မှတ် ကိုယ်စားလှယ်တွေနဲ့ ဟိုတယ်၊တည်းခိုခန်းတွေကို မိတ်ဆက်စာတွေ ပို့ကြည့်ပါလား။ ဖတ်ရှုသူတွေကိုလည်း ကိုkai အနေနဲ့ ဆောင်းပါးလေးတွေ ရံဖန်ရံခါရေးပြီး သက်ဆိုင်ရာ စာတွေပေါ်တင်ထားတဲ့ ကြော်ငြာတွေကို ဘယ်လို ဘယ်နှစ်ကြိမ်တက်ကြည့်ဖို့ ပညာပေးရေးမယ်ဆိုရင် မန်းလေးဂေဇက် အတွက်နည်းနည်း အထောက်အကူပြုမယ် ထင်ပါတယ်။

        Reply

      • ဆူး

        October 2, 2010 at 12:57 pm

        ကိုkai ရေ ဦးကြောင်ကြီး ပြောသလိုဘဲ ဖိုရမ်လိုမျိုးထားပြီး ကောင်းနိးရာရာ ကို ပွိုင့်ပေးပြီး ပင်မ စာမျက်နှာမှာ တင်ပေးတာလည်း ကောင်းပါတယ်။ နောက်ပြီး သတင်းပေးပို့သူ ဘယ်လောက် ပွိုင့်ပေးမယ် အတိုင်ခံရသူ ဘယ်လောက် နှုတ်တယ် ဒါမျိုးလည်း ဖြစ်သင့်တယ် ထင်ပါတယ်။ ဆိုက်အတွက် ကြော်ညာရဖို့ အတွက်ကတော့ မန်ဘာဝင်တွေကို ကိုယ်စားလှယ်လုပ်ပြီး ရှာခိုင်းတာမျိုးပေါ့. တကွက်ကို ၁သိန်း သတ်မှတ်တယ် အဲဒီမှာ ပါနိုင်အောင် လုပ်ပေးနိုင်တဲ့ မန်ဘာဆိုရင် ဘယ်လောက် % ဆိုပြီး ပြန်ပြီး ဈေးကွက် ရှာခိုင်းတာ မကောင်းဘူးလား။ ဒီမှာတောင် ပွိုင့် ရလို့ စိတ်ပါလာတဲ့ လူတွေ အများကြိး ဖြစ်နေတာဆိုတော့ %ဆိုရင် .. ကြော်ညာ ရှာပေးတဲ့ လူရှိရင် ပိုတွင်ကျယ်လာမယ်။ တကယ်စာရေးမယ်ဆိုရင် အစစ်အမှန်ရေးသူက တနေ့ကို ၃ပုဒ်လောက်တောင် အနိုင်နိုင်ရေးရမယ်ထင်ပါတယ်။ ဦးနှောက်နဲ့ အတွေးအခေါ်က အလကားမရဘူး အချိန်နဲ့ အသိပညာ ပေးဆပ်မှုက ရှိသေးတယ်။ ကော်ပီတွေများတော့ တနေ့ကို ၁ဝခုထက်မနဲ တင်တဲ့ သူတွေတောင် ရှိသေးတယ်။ နောက်ပြီး တခု အကြံပေးချင်တယ် တခါတရံ ရိုင်းစိုင်းတဲ့ ကွန်မန့်တွေလည်း မြင်မိတယ် အဲဒီလို မန်ဘာတွေ အတွက်ကော ဘယ်လို ဖြစ်သင့်သလဲ + – ထားပေးတယ်ဆိုတော့ +အတွက် ပွိုင့်ပေါင်းပေးသလို – အတွက် ပွိုင့် နတ်ပစ်တာမျိုး လုပ်သင့်တယ်ထင်တယ်။ နုတ်စရာ သိပ်များနေရင်တော့ အဲဒီ မန်ဘာ block လုပ်ပစ်သင့်တာမျိုးပေါ့။

        မန်းလေးဂေးဇတ် အဓွန့်ရှည်တည်တံ့ ဖို့မျှော်လင့်ပါတယ်။ ကြော်ညာတွေ အညားကြီးရပြီး ပိုက်ချံတွေ အညားကြီး ချာနိုင်.. မန်ဘာတွေ အတွက် အညားကြီးပေးနိုင်ပါစေလို့ ဆုတောင်းရင်း နိဂုံး ချုုပ်ပါသည် ရှင့်။

        Reply

  • cobra

    September 30, 2010 at 7:23 am

    ကို fatty မိန်းမကမိုက်လှချည်လား စိတ်ကိုပြောတာပါ။
    top ten ထဲကတယောက်ကမရေးဖြစ်တော့ဘူးဆိုတော့ ဝမ်းနည်းစရာပါ။
    ဒါပေမယ့်လည်းအင်တာနက်လို့အသံကြားတိုင်း mandalay gazette ကိုသတိရပေးပါလို ့…..။

    Reply

  • kyansitthar101

    September 30, 2010 at 6:09 pm

    kai စေတနာ ကို အသိအမှတ်ပြုပါတယ်။
    တကယ်စာရေးတဲ့သူ တစ်ယောက်လျှော့သွားတာတော့ စိတ်မကောင်းဘူးဗျာ။
    ကျနော်ကတော့ ပွိုင့်လေး လုပ်ပေးထားတာကို ကျေနပ်နေပါပြီ။ ကိုယ်လုပ်တာလေးကို အသိအမှတ်ပြုပေးတဲ့ အတွက်ပေ့ါ။ ကျနော်က စာလဲ ကောင်းကောင်းမရေးတတ်ဘူးလေ။ အဲဒီတော့ ဒီလောက်နဲ့ကို ကျေနပ်ပါတယ်။ ကျနော် mandalay gazette ကိုရောက်လာတာ မကြာသေးပေမယ့် သံယောဇဉ် ဖြစ်နေပါပြီ။
    တကယ် စာရေးတဲ့ သူ၊ စာရေးကောင်းတဲ့ သူ တွေ mandalay gazette မှာ လိုအပ်ပါတယ်။ ဒါကြောင့် တကယ် အခက်အခဲ ကြုံလာရင် သူတို့ကို ဦးစားပေး ပြီး ကူညီ ပေးစေချင်တယ်။ တကယ် စာရေးတဲ့သူ၊ စာရေးကောင်းတဲ့သူတွေ mandalay gazette မှာ အမြဲရှိနေဖို့ အတွက် သူတို့ကို စောင့်ရှောက်ပေးစေချင်တယ်။

    Reply

  • manawphyulay

    October 2, 2010 at 11:58 am

    ခုမှ လာရောက်ဖတ်မိတာပါ။ တော်တော်ကောင်းတဲ့ အားပေးမှုတွေနဲ့ အစီအစဉ်လေးတွေ ဖတ်ရတဲ့အတွက် စာရေးသူတွေအတွက် တအားဖြစ်မိကြမှာပါရှင်……. ဒါပေမယ့် အခက်အခဲဖြစ်နေသူက သူလည်း ဝါသနာအရင်းခံပြီး ကိုယ့်အတွက် အချိန်တွေငွေတွေအကုန်ခံပြီး အများအတွက် အကျိုးပြုနေတဲ့သူတစ်ယောက်ဖြစ်နေတဲ့သူဆိုတော့ သူများဆီက အလကားယူမယ်လို့ မထင်မိပါဘူး။

    Reply

  • winkyawaung

    October 3, 2010 at 7:02 am

    ကျွန်တော်တို့ကတော့ ရတာ၊ မရတာထက် စာရေးရတာကို ကျေးဇူးတင်ပါတယ်။ ရတဲ့လခ ထဲကငွေနဲ့အင်တာနက်ကိုသုံးနေတာပဲ။ မိသားစုက အမြင်ကပ်လဲမတတ်နိုင်ပါ။ မစားရရင်နေပါ.. မန္တလေးဂေဇက်ကို မဖတ်ရ၊ မရေးရရင်တော့ မနေနိုင်ပါ..။ မြန်မာပြည်က လူတွေ အင်တာနက်သုံးရတာ တော်တော်စားရိတ်ကြီးကြပါတယ်ဗျား..။

    Reply

  • koyegyi

    October 8, 2010 at 12:31 pm

    အဲလိုကြီးတော့မကောင်းပါဘူးဗျာ။ စိုးလွင်လွင်သီချင်းတစ်ပုဒ်လိုအော်လိုက်ရရင် တအားတော့မလုပ်လိုက်ပါနဲ့ ။

    Reply

Leave a Reply to MandalayThar Cancel Reply

Your email address will not be published.