မရီနဲ့နော်

Linn LettSeptember 28, 20101min015

မောင်..

အဲဒီနေ့က ကျမဘဝအတွက် အပျော်ဆုံးနေ့လေးပေါ့…..ကျမ အချုစ်ကို
ရှာဖွေတွေ့ရှိတဲ့နေ့ လို့ ပြောရင်မမှားဘူးပေါ့…..မှတ်မိ
ပါသေးတယ်။ စိုင်းစိုင်းသီချင်းထဲကလို အဲဒီနေ့က မိုးမရွာဘူး။…

သူ…ကျမတို့ ကျောင်းကို စပြောင်းလာတဲ့နေ့လေးပေါ့…..အဲဒီနေ့က သူအကျီင်္
အဖြူလေးကို ဝတ်ထားတာလေးက နိုင်းနိုင်းတို့ သန့်သလို ချောသလို သူက
သန့်သန့်ချောချောလေးနဲ့ ဒီရင်ဘတ်ကြီးကို စွဲဆောင် သွားတာပေါ့။

ကျမနဲ့က မေဂျာပါတူတာဆိုတော့ တက်ရတဲ့ အခန်းချင်းလည်းတူတယ်။ ကျမလေ ဆရာတွေ
စာသင်ချိန်မှာတောင် သူ့ကို ငေးကြည့်ရင်း ရင်ထဲတိုးတိုးချစ်လာရသူပါ….

သူကတော့ ကျမကိုရှိတယ်လို့တောင်မထင်ဘူး။ ကျမကိုမှ မဟုတ်ပါဘူး။
ဘယ်မိန်းကလေး ကိုမှ ရှိတယ်လို့ မထင်တာ။ ကျမလည်း ဒါလေးကိုပဲ ချစ်နေရတာ။

သူ့ကိုလေ…တခြားမေဂျာက ကောင်မလေးတွေကတောင် လာလာကြောင် ကြသေးတယ်။
မြွေမြွေချင်းဆိုတော့ ခြေမြင်တာပေါ့။ သူတို့ကလည်း ကျမရင်ထဲက မောင်ရဲ့
အချစ်ကို လိုချင်နေကြတာလေ…ကျမ မသိဘူးများ ထင်နေကြလား။

ကျမလက်ဦးမှကိုဖြစ်မှာပေါ့။ ကျမဘယ်လိုလုပ်ရမလဲ။
အင်း…ရေလာမြောင်းပေးရမှာ ပေါ့။ မိန်းကလေးတန်မဲ့ သူ့ကို
ရေလာမြောင်းပေးလုပ်မိပါတယ်။ နေ့ခင်းဘက်ဆို သူထိုင်တဲ့ ကင်န်တင်းရဲ့ သူ့အ
ရှေ့ စားပွဲဝိုင်းမှာထိုင် သူ့မျက်နှာလေးကို ငေးကြည့်။ ဒါကျမ
နေ့စဉ်လုပ်နေကြ လုပ်ငန်းစဉ်လေးပေမယ့် သူကတော့ သတိထားမိပုံကို မပေါ်ပါဘူး။

ဒီလိုနဲ့ စာသင်နှစ် တစ်နှစ်ကုန်ခါနီးတော့မယ်။ အခြေအနေက တိုးတက်လာမှုကို
မရှိဘူး။

ကျမချစ်ရတဲ့ မောင်ရေ…..မောင့်မှာ ချစ်တတ်တဲ့ နှလုံးသားကောရှိရဲ့လား။
မောင်..မိန်းကလေး ဘဝကိုရော အားမနာတော့ဘူးလား။ မောင့်ကိုချစ်တယ် မောင်ရယ်။

@@@@@@@@@@@@@@@@@@@@@@@@@@

ဘာပဲဖြစ်ဖြစ် မောင်ရယ်…မောင့်ရဲ့အချစ်ကို ကျမရမှ ဖြစ်လိမ့်မယ်။ ဒီနေ့
ကျောင်းတက် ရမှာ နောက်ဆုံးနေ့လေ။ ဒီနေ့ကျောင်းတက်ပြီးသွားရင်
နောက်ရက်တွေစာမေးပွဲဖြေ၊ နောက်ဆုံးနှစ်ဆိုတော့ မောင့်မျက်နှာလေးကို
တွေ့နိုင်ဖို့အတွက် မောင့်အချစ်ကို ကျမရမှဖြစ်တော့မယ်။
မောင်ဖွင့်မပြောရင် ကျမမောင့် ကို ချစ်ပါတယ်လို့
မိန်းကလေးတန်မယ့်လာပြောတော့မယ်။ မောင်ရေ……

ရည်မှန်းချက်ကို အကောင်အထည်ဖေါ်ဖို့ မောင်…လာတတ်တဲ့ လမ်းကလေးကနေ မောင့်
ိကို ကျမစောင့်နေလိုက်တယ်…ဒီနေ့မှ
မောင်ရယ်..နောက်ကျလိုက်တာ…..လာပါတော့….

ဟော…ဟိုမှာ…မောင်လာနေပြီ…အရင်က မောင်လာရင်ဘေးမှာ အဖေါ်တယောက်ပါနေ
ကြ။ အခု ကံကြမ္မာက ကိုယ့်ဘက်ကို လိုက်နေလို့လားမသိ။ မောင်တယောက်တည်း။

မောင်ရေ….မောင်ကို ချစ်တယ်…ကျမဘယ်လို ဖွင့်ပြောရမှာလဲ၊ ကျမ
တခုခုဖြစ်နေဟန် ဆောင်လိုက်တယ်။

“ဟိတ်…တို့ကို တခုကူညီပါလား”

မောင်..လှည့်ကြည့်တယ်။ ကျမနှလုံးသားတွေ အရည်တွေ
ပျော်ကုန်ပါပြီ..မောင်ရယ်… ဒါပေမယ့် မောင်က ဒီအတိုင်းပဲ
လှည့်ထွက်သွားတယ်။ မောင်ရယ်…ရက်စက်လိုက်တာ….၊၊

ဘာပဲဖြစ်ဖြစ် မောင့်ကို ကျမချစ်နေကြောင်း မောင်သီအောင် ဖွင့်ပြောရမယ်။

“မောင်”

အရဲစွန့်ပြီး ကျမလှမ်းခေါ်လိုက်တယ်။ မောင်လှည့်ကြည့်တယ်။ ကျမ..မောင့်ကို
အပြုံး တခုလက်ဆောင်ပေးလိုက်တယ်။ မောင်…ကျမကို ရက်ရက်စက်စက်
စကားတခွန်းပြောပြီး လှည့်ထွက်သွားတယ်။

မောင်ရယ်..ရက်စက်လိုက်တာ…..မောင်…လုပ်ရက်တယ်။
မောင်….မောင်…ကျမကို ဒီ လိုမျိုး မပြောသင့်ပါဘူး။

“ကျောင်းနောက်ကျနေရတဲ့အထဲ ဒီအခြောက်ကတမျိုး”

မောင့်..စကားသံတွေ…ကျမနားထဲက မထွက်တော့ဘူး။ ကျမအသည်းတွေကို ခွဲသွားတဲ့
မောင်ပြောခဲ့တဲ့ ဒီစကားလေးကို ……………….

(မရီနဲ့နော်။။။။)

15 comments

  • kounglay

    October 22, 2010 at 3:57 pm

    မတားပါနဲ ့ရယ်မယ်နော်……ကိုလင်းလတ်
    ကောင်းတယ်ဗျာ……..

    Reply

  • aungnng87

    July 20, 2011 at 3:55 pm

    အင်း…ဂေးဆိုတာ ဘယ်တော့မဆိုသူတို.ကဘဲအရင်စပြီးကြိုက်ကြတာ။ ပြီးတော့အကြိုက်ခံရတဲ့သူကလည်း
    ရှက်တယ်။ရှက်ပေမဲ့လည်းသူတို.ဆီကစားရတဲ့အတွက်အချို.ကလက်ခံပြီးတွဲကြတယ်။အဲဒီလိုတွဲကြတဲ့သူတွေ
    လည်းနံမယ်ပျက်တာဘဲ။ပြောပြတာပါ။ဂေးဘဝဟာမကောင်းပါဘူး။စိတ်ကိုတတ်နှိုင်သမျှပြင်လို.ရရင်ကောင်း
    မယ်။
    ပုံမှန်အားဖြင်.မိန်းကလေးတွေဟာယောကျာ်းလေးတွေကိုကိုယ်ကနေစပြီးယောကျာ်းလေးတွေကိုကြိက်တဲ့အမူအယာပြစရာမလိုဘူး။ကိုယ်ကစကြိုက်တဲ့စိတ်ရှိတာလည်းနဲပါတယ်။ယောက်ကျ်ားလေးတွေကသာစကြိုက်
    တာများတာပါ။ယောက်ျားဆိုတာကလည်းကိုယ်ကစကြိုက်တာသာပုံမှန်ထင်ပြီးကိုယ့်ကိုစကြိုက်လာတဲ့သူကို
    လွယ်တယ်လို.ထင်ကြတာဘဲလေ။တန်ဘိုးထားတာနဲတာပေါ့။

    Reply

  • shwe ni

    July 20, 2011 at 4:06 pm

    စာဖတ်နေရင်း အဆုံးပိုင်းမရောက်ခင်စီတ်ဆိုးချင်လာတာ —- 🙂

    Reply

  • cobra

    July 20, 2011 at 4:24 pm

    မအောင့်နိုင်တော့ဘူးကွာ…….
    ရယ်ချပလိုက်ပီ။
    ဘေးကလူတွေတောင်ဝိုင်းကြည့်နေကြတယ်။
    တကယ်တော့သူတို့ဘဝကသနားဖို့ကောင်းပါတယ်တကယ်ချစ်ရင်တောင်
    မဖြစ်နိုင်ဘူးလေဆိုပီးမြိုသိပ်နေရတဲ့ဘဝပါလား(ဘယ်တော့မှမမြိုသိပ်ပါ)
    ကျွန်တော့်သူငယ်ချင်းအကိုရဲ ့သူငယ်ချင်းတယောက်ကတော့ထူးထူးခြားခြားပဲ
    အခြောက်မလေးတယောက်ကိုတင်တောင်းပီးယူလိုက်တယ်။အခြောက်မလေးထမင်းခွန် ့
    ကျွေးမှစားတယ်တဲ့ ၂၀၀ရလောက်ကနေခုချိန်ထိဒီတိုင်းပဲတဲ့သူတို့ကျတော့လည်းအဆင်ပြေသား..။

    Reply

  • hmee

    July 20, 2011 at 4:30 pm

    ကောင်မလေးက ဒီလောက် ပေါ်တင် အထာပေးတာတောင် မသိတာ ဒီကောင်လေး မျက်စိမမြင်ဘူးလားပေါ့။ အရင်နေ့က အဖော်ပါတယ် ဒီနေ့မပါဘူးလို့ ထပ်မြင်တော့ သေချာပြီ မျက်မမြင်ကောင်လေးလို့လေ။ အဲ..နောက်ဆုံးမှ မထင်တဲ့ ဘက်က လှည့်ထွက်သွားလို့ မရီနဲ့ပြောထားတာတောင် ရီလိုက်မိပါကြောင်း။

    Reply

  • MOEPWINTPHYU

    July 20, 2011 at 4:55 pm

    ရီမှာပဲ ငါကိုလာမထားနဲ ကောင်းတယ်ရီလိုက်မိပြီး စိတ်မဆိုးကြေး

    Reply

  • R Ga

    July 20, 2011 at 6:41 pm

    နှစ်သက် သဘောကျမိပါတယ်။ ခေါင်းစဉ်လေးပြောင်းပြီး စာနည်းနည်းထပ်ထည့်လိုက်ရင် ကောင်းမွန်တဲ့ ဝတ္တုတို တစ်ပုဒ်ဖြစ်သွားမယ်ထင်တယ်။

    Reply

  • chitpyae

    July 21, 2011 at 7:05 am

    မရီနဲ့ဆိုမှပဲ ပိုပိုုပြီးရယ်ချင်စိတ် ကို ထိန်းမရတော့ဘူး …. 🙂
    မျိုးကြီးသီချင်းနဲ့ ကောင်မလေးကို ဂုဏ်ပြုလိုက်မယ် … ငါ့ရဲ့ အချစ်တွေ မရပ်နိုင်ဘူးးးးး …… 🙂

    Reply

  • ရွှေဘိုသား

    July 21, 2011 at 9:37 am

    ဟုတ်တယ် အဲဒီတုန်းက ကျွန်တော် ကျောင်းနောက်ကျလို. စိတ်ဆိုးနေတာမို. အဲလိုပြောလိုက်တာပါ
    အဲဒီ ခြောက်ဒီရွာထဲရောက်နေရင်လည်း ငါ.ဆီကိုလာခဲ.နော်

    ကြာလှပြီ မေးထဲဖတ်ဖူးတာ မေ.တောင်နေပြီ
    အခုပြန်ရယ်ရလို. ကောင်းပါတယ်

    Reply

  • shweaeimsi

    July 21, 2011 at 1:39 pm

    နဲနဲတူတယ်…ဒို ့လည်းဒိလိုတစ်ပုဒ်ရေးဘူးတယ်…နောက်မှပြန်ရှာတင်ပေးမယ်

    Reply

  • ဆူး

    July 22, 2011 at 1:01 am

    ဒီဇတ်လမ်းနဲ့ ခပ်ဆင်ဆင် အလုပ်ရှပ်ရတဲ့ အထဲ ဒီ အခြောက်က တမျိုးဆိုပြိး ဇတ်သိမ်းထားတဲ့ ဇတ်လမ်းလေး တခု ဖတ်ဖူးတယ်။
    ကိုယ်တိုင် ရေးထားတာလား ရေးထားတာ ကောင်းပါတယ်။

    Reply

  • cum min

    June 21, 2012 at 5:03 pm

    ahee. yee bu naw… ha ha..ma yee ya bu… 🙂

    Reply

  • Nyein Nyein

    June 21, 2012 at 5:34 pm

    အစ်ကိုရေ………. မရယ်ဘူးလို့တင်းထားတာ။ ရေသောက်နေရင်းဖတ်လိုက်တော့ ရေတွေတောင် ဖိတ်ကျသွားတယ်။ မရယ်ဘူးနော်။ ရေသီးပြီး ဖိတ်ရုံလောက်ပါပဲ။

    Reply

  • အလင်းဆက်

    June 21, 2012 at 7:32 pm

    အလို လင်းလက်ရဲ ့ ဖြစ်ရပ်မှန်လား..
    ဒါဆိုရင်တော့ လင်းလက်ရယ် …ဖရဲ .ရယ်.. မိုးမင်းသား ရယ်..တစ်ဂိုင်းထဲပေါ့

    မရီနဲ ့ဆိုပေမယ့် ခိုး ရီ လိုက်တယ် ။ အဟိ ။

    Reply

  • cum min

    June 24, 2012 at 2:04 pm

    ဟယ်…သွာ…..သူငယ်လေးကလဲ..ဘာတွေရေးထားတာလဲနော်……သူများတို့လဲ…အသဲနဲပါကွယ်……
    (အခြောက်တကောင်ကပြောခြင်းဖြစ်သည်)…ကျတော်ကတော..ယောကျင်္ာ.စ်စ်ပါ..ဗျာ….ငါလဲယောကျာ်း…ယောကျင်္ာပါဆို့…..

    Reply

Leave a Reply

Your email address will not be published.