ကုလအတွင်းရေးမှုးချုပ်ဦးသန့်ရရှိခဲ့သော ဘွဲ့မျာ

smytu1996September 28, 20101min01

ဦးသန့်၏ ကုလအတွင်းရေးမှုးချုပ်ဘဝတွင် တာဝန်ကို နိုင်နိုင်နင်းနင်းထမ်းဆောင်နိုင်မှု၊ ကမ္ဘာအရေးအခင်းများကို ပြေလည်အောင် စွမ်းစွမ်းတမန် ဖြေရှင်းပေးနိုင်ခဲ့မှုတိုေ့ကြာင့် သူအားကမ္ဘာတစ်ဝှ်းလုံးရှိတက္ကသိုလ်ကောလိပ်တို့မှ ဒေါက်တာဘွဲ ( ၁ရ ) ဘွဲံကို ပေးအပ်ချီးမြင့်ခဲ့ကြသည်။

ဦးသန့်ရရှိခဲ့သော ဘွဲ့များမှာ အောက်ပါအတိုင်းဖြစ်သည်။

၁၉၄၉ ဝဏကျော်ထင်ဘွဲ့ မြန်မာနိုင်ငံအစိုးရ ၁၉၅၃ သီရိပျံချီ ဘွဲ့ မြန်မာနိုင်ငံအစိုးရ ၁၉၅ရ စည်သူ ဘွဲ့ မြန်မာနိုင်ငံအစိုးရ ၁၉၆၁ မဟာသရေစည်သူ မြန်မာနိုင်ငံအစိုးရ ၁၉၆၂ ဇွန် ၁ဝ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အာလီတန်တက္ကသိုလ် ကနေဒါ ၁၉၆၂ ဇွန် ၁၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ပရင်စတန်တက္ကသိုလ် နယူဂျာစီပြည်နယ် ၁၉၆၃ ဇွန် ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် တောင်ဟတ်ဒလေမောင့်ဟိုလ်ကောလိပ် မက်ဆာချူးဆက်ပြည်နယ် ၁၉၆၃ ဇွန် ၁၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကင်းဘရစ်ဟာဘတ်တက္ကသိုလ် မက်ဆာချူးဆက်ပြည်နယ် ၁၉၆၃ ဇွန် ၁၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်နိုဗာဒတ်မောက်ကောလိပ် နယူဟမ်ရှားပြည်နယ် ၁၉၆၄ ဧပြီ ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကာလီဖိုးနီးယားတက္ကသိုလ် ကာလီဖိုးနီးယားပြည်နယ် ၁၉၆၄ ဧပြီ ၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဒင်းဗားတက္ကသိုလ် ကိုလိုရာဒိုပြည်နယ် ၁၉၆၄ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဆွပ်သမိုးကောလိပ် ပင်ဆင်ဗေးနီးယားပြည်နယ် ၁၉၆၄ ဇွန် ၁ဝ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူးယောက်ယူနီဗာစီတီ ၁၉၆၄ ဂျူလိုင်၃ဝ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မော်စကိုတက္ကသိုလ် ဆိုဗီယက်ယူနီယံ ၁၉၆၅ မေ ၂၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တာရီယိုကင်းစတန်းဘုရင်မတက္ကသိုလ် ၁၉၆၅ ဇွန် ၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဝါတာဗီလီကော်ဗိုင်းကောလိပ် ၁၉၆၅ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူဟေဗင်ရေး တက္ကသိုလ် ၁၉၆၆ မေ ၂၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တေရီယိုဝင်တက္ကသိုလ် ကနေဒါ ၁၉၆၆ ဇွန် ၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်မလင်တန်ကောလိပ် နယူးယောက် ၁၉၆၆ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဖော့ဒ်ဟင်းတက္ကသိုလ် နယူးယောက် ၁၉၆၆ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မင်ဟတ်တန်ကောလိပ် နယူးယောက်

၁၉၆၂ စက်တင်ဘာ တွင် ချက်ကိုစလိုဘက်ကီးယား နိုင်ငံ ပရက်မြို့တော်၊ ချားလ်စ် တက္ကသိုလ်၏ အနှစ်၆၀ဝ ပြည့် အထိမ်းအမှတ်အခမ်းအနားမှ ဦးသန့်ကို ရွှေတံဆိပ်ပေးအပ်ချီးမြင့်ခဲ့သည်။

၁၉၆၆ စက်တင်ဘာ ၂၈ တွင် အိန္ဒိယ နိုင်ငံမှ ပေးအပ်သော ဂျဝ်ဟာလာနေရူး ဆု ကို ရရှိခဲ့သည်။ ရူပီး တစ် သိန်း ရရှိသည်။ ၎င်းရရှိသော ဆုငွေကို ဦးသန့်ပညာတော်သင်ဆု အဖြစ် ကုလသမဂ္ဂကျောင်းသို့ပြန်လည် လှူဒါန်းခဲ့သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးကို စွမ်းစွမ်းတမံဆောင်ရွက်သူများအတွက် ချီးမြင့်လေ့ရှိသောအမေရိကန် မှပေးသည့် စတီဗင်ဖောင်ဒေးရှင်းဆု ကိုလည်းရရှိခဲ့သည်။

One comment

  • kyansitthar101

    September 28, 2010 at 1:18 pm

    ဒို့ နိုင်ငံ မှာ လဲ ဒီလို ဂုဏ်ယူ စရာတွေ ရှိခဲ့တယ်။ ဒီလို ထူချွန်သူတွေ ရှိခဲ့တယ်။ မေ့ထားဖို့ တော့ မကောင်းဘူး။ ဒါကို အများသိစေချင်ပါတယ်။ ကျနော်လဲ ဒီထက်မက သိချင်ပါသေးတယ်။

    Reply

Leave a Reply

Your email address will not be published.