နို့ဘိုး

etoneSeptember 28, 20101min03

နို့ဘိုး <<just a joke, no more other means 😀
တနေ့လင်မယားနှစ်ယောက်ရန်ဖြစ်ကြတယ်

မ။      ရှင်ကတခါလာလဲ အမေ့ဘို့အမေအတွက်ဒါပဲအမြဲပြောတယ်ကျွှန်မကိုရောသတိရသေးရဲ့လား။

ကျား။  ဟအမေကအသက်ကြီးပြီးလေဒါကြောင့်ငါကပိုပြီးဂရုစိုက်ရမယ်ကွ၊
တို့ဘုရားတောင်မှမိခင်အတွက်နို့တလုံးဘိုးတောင်ကျေမဆပ်နိုင်ခဲ့ဘူး

ဒါကြောင့်ငါ့မိဘမသေခင်မှာငါသောက်စို့ခဲ့တဲ့နို့ဘိုးအကြွေးကို
တတ်နိုင်သမျှပြန်ဆပ်နေတာလေမင်းပြစ်ထားလို့လား။

မ။        အော်….ရှင်ကတော်တော်နို့ဘိုးအကြွေးဆပ်ချင်တယ်ပေါ့ဟုတ်လား။

ကျား။  အေးဆပ်ချင်တာပေါ့အဲဒါဘာဖြစ်လဲ။

မ။        ဒါဆိုကျွှန်မမေးမယ်။

ကျား.    မေး…..မေးကြိုက်တာမေး

မ။        ရှင်နဲ့ကျွှန်မနဲ့ပေါင်းလာတာဘယ်နှစ်နှစ်ရှိပြီလဲ။
ကျား။    မင်းရူးနေပြီလား18နှစ်ရှိလေ။

မ။    အဲဒါကြောင့်ရှင့်ကိုပြောတာပေါ့..ရှင့်ကိုရှင့်အမေကချစ်လွန်းလို့ဆိုပြီးနို့တိုက်ရင်၃နှစ်ပေါ့……ခုဆိုရင်ရှင်ကျွှန်နို့ကိုဆို့လာတာ၁၈နှစ်ရှိပြီနောက်ထပ်-
ဘယ်နှစ်နှစ်ထပ်ဆို့ဦးမလဲဆိုတာစဉ်းစားပြီးမှပြောဟဲ့ငတုံးရဲ့…………………………

3 comments

  • michaelaungpu

    September 28, 2010 at 7:02 am

    တညိုကြီးဘဲ
    (တို့ဘုရားတောင်မှမိခင်အတွက်နို့တလုံးဘိုးတောင်ကျေမဆပ်နိုင်ခဲ့ဘူး)
    သံသရာဆုံးသွားတဲ့သူမှာ မည်သည့်အကြွေးမှ မကျန်ခဲ့ပါ
    (တတ်လို ့တော့ဟုတ်ဝူးနော် စာအုပ်ဖတ်ပြီး လွှတ်တာ)

    Reply

  • Ba Gyi Taw

    September 28, 2010 at 8:37 am

    မင်းပြန်ပြောသင့် တာက နေ ့စဉ်၊ လစဉ် ပေးနေတဲ့ အဝှါ ဖိုးရော မင်းဘယ်နား မှာ သုံးလိုက်လဲ လို ့။

    Reply

  • kai

    September 28, 2010 at 9:39 am

    အမှတ်မမှားဘူးဆိုရင်..
    ဦးသုခ ကအဲဒီစကား “ဘုရားက မိခင်အတွက် နို့တလုံးဖိုးတောင်မကျေဘူး”ဆိုတဲ့..(စာ)ကမှားတယ်လို့ သူ့ရဲ့စာအုပ်တအုပ်မှာ သေသေချာချာ ရှင်းပြပြီး ရေးဘူးပါတယ်။
    လူတွေ အတိသယ ဝုတ္တိအလုပ်လွန်သွားတာပါ…တဲ့။
    စကားစပ်မိလို့ ပြောရရင် နို့တလုံးဆိုတာ သားမြတ်တဖက်ကို ပြောတာပါနော။ နို့ဆီဗူးတလုံးစာကို ပြောတာ မဟုတ်ဘူး။

    ထပ်ပြီးအမှတ်တရ ပြောထားရရင်..
    ဦးပုညလား..မသေချာတဲ့စာဆိုတယောက်က.. မိခင်တွေနို့ထွက်များအောင် နွားမြှီးနဲ့ ချက်ရမဲ့ဟင်းခါးဆေးနည်းကို ကဗျာစပ်ရေးရာမှာ အဆုံးသတ်တော့ ..သူ့လင်စို့တောင်မကုန်တည်း လို့ ရေးခဲ့တယ် မှတ်မိတယ်..။
    ဟုတ်မဟုတ်တော့.. စာပေနဲ့နီးစပ်တွေတွေ လှန်လှောကြည့်ကြပါခင်ဗျား။

    Reply

Leave a Reply

Your email address will not be published.