ငါ့ကိုလူအ မှတ်နေလား

etoneSeptember 28, 20101min01

ညောက်စောက်ဆိုတဲ့ရွာမှာ ရာဂျစ်ဆိုတဲ့လူတစ်ယောက်ရှိတယ်။ အလုပ်ကိစ္စနဲ့ ရန်ကုန်သွားရတယ်ပေါ့” သူ့ကိုရွာသားလို့ထင်မှာဆိုးလို့ မြို့သားစတိုင်နဲ့သွားတာ မျက်မှန်က အနက်ရောင်နဲ့ ဆံပင်က အလယ်ခွဲထားသေး၊ ဘောင်းဘီကအရှည် ဘေးကအိတ်တွေကပါသေးတယ်၊ စတိုင်ကတော့တော်တော်မိုက်မဲ့ပုံပဲဗျ။ တွေးကြည့်တာနဲ့ကို မြင်တယ်။ အော် မေ့နေလို့ သူ့မှာထူးခြားတာတစ်ခုရှိတယ်။အဲဒါကသူ့အသားရောင်ပဲ။ အသားကဘာရောင်လဲဆိုတော့ လမိုက်ည အိုးမည်းသုတ်ထားတဲ့ကျွဲနဲ့သူ့နဲ့ယှဉ်ထားရင် ကျွဲကိုပဲနည်းနည်းမြင်ရတယ် အဲလောက်တောင်ပဲနော်။ တစ်ခါက ညမှောင်ရီအချိန် အကျီင်္အဖြူဝတ်ပြီးရွာထဲသွားတာ မူးလာတဲ့ ဇော်ကြီးနဲ့တွေ့တာ ဘယ်သူ့အကျင်္ီလေထဲလွင့်လာတာပါလိမ့် ဆိုပြီးဆွဲလိုက်တာ သူကြီးအိမ်သွားတိုင်တယ်လေ မှောင်ရိပ်ခိုပြီးယောက်ျားအချင်းချင်း လက်သရမ်းမှုနဲ့။ထားပါတော့။ အဲ ဘယ်ရောက်သွားပါလိမ့်။ အော် ရန်ကုန်ရောက်သွားတယ်။ ရန်ကုန်ရောက်တုန်း ရုပ်ရှင်ကြည့်မယ်ပေါ့။ တစ်ခါမှလည်းမကြည့်ဖူးဘူး။ သူကြားဖူးတာက ရန်ကုန်ကရုပ်ရှင်ရုံထဲမီးမှိတ်ပြီးတော့ ပစ္စည်းလုတက်တယ်တဲ့။ ရတယ်မကြောက်ဘူး ဘောင်းဘီအိတ်ထဲ ဓါးမြှောင် ထည့်သွားတယ်။ ဒီလိုနဲ့ ရုံထဲရောက်သွားတယ်ဆိုပါတော့။ အော် သူကရွာ ဗီဒီယိုရုံမှာဆိုထိပ်ဆုံးကကြည့်ရမှ။ ခုလဲ ထိပ်ဆုံးကပဲ။ ရုံထဲမှာ အေးကအေးနဲ့ သူကြားဖူးသလို လုခံရမှာဆိုးသေး ပါလာတဲ့ပိုက်ဆံက မနည်းဘူးလေ။ ဒါကြောင့် သူ့မှာဆိုဖာခုံပေါ်မှာ ငုတ်တုတ်လေးထိုင်နေတယ်။ ရုပ်ရှင်ကစခါနီးပြီ။ မီးကလဲ တဖြည်းဖြည်း မှောင်လာတယ်။ ရာဂျစ်လည်း ဘေးကြည့်၊နောက်လှည့်ကြည့်နဲ့တော်တော် စိတ်လှုပ်ရှားနေတယ်။ နောက်ဆုံး မီးက လုံးဝ အမှောင်တိ။ အဲချိန်မှာ ဘယ်လိုမှ မခံစားနိုင် တဲ့ ရာဂျစ် က နောက်လှည့်ပြီး အိတ်ထဲက ဓါးကိုထုတ်ရမ်းပြီးပြောလိုက်တဲ့စကားက ” ညောင်စောက်သား ဂျစ်ကြီးကွ ငါ့ကိုလူအမှတ်နေလား ဟင်.. မင်းတို့ငါ့ကို မီးမှိတ်ပြီး ဝိုင်းလုမယ် တော့စိတ်မကူးနဲ့ မရဘူးကွ ဟား ဟား ဟား..”

One comment

  • michaelaungpu

    September 28, 2010 at 7:07 am

    ဗြဲ

    Reply

Leave a Reply to michaelaungpu Cancel Reply

Your email address will not be published.