Phobia(အကြောက်လွန်ရောဂါ)

ဆူးSeptember 26, 20101min04

လူတစ်ယောက်ဟာ ကြောက်စရာမဟုတ်ပဲနဲ့ အလွန်ကြောက်နေတတ်တာကို ရယ်မောခဲ့ဖူးကြမှာပါ။ဒါပေမဲ့ သူတို့ ဘာလို့ကြောက်တာလဲကို နားမလည်ကြပါဘူး။ဥပမာ ပင့်ကူကြောက်တတ်တဲ့သူကို
ပင့်ကူနဲ့ စပြီး ပျော်ရွှင်ကောင်းပျော်ရွှင်ခဲ့ဖူးလိမ့်မယ်။သူတို့
ဘာကြောင့်ကြောက်နေရတာလဲကို သတိမထားဂရုမစိုက်မိခဲ့ကြပါဘူး။၁၅ထပ်မြောက်မှာ
ရှိတဲ့ တိုက်ခန်းလေးတစ်ခန်းကို ဓါတ်လှေကားမသု့းပါပဲနဲ့ ရိုးရိုးလှေကားက
တတ်နေတဲ့လူကို “အရူး သက်သာရာနေရာကို မရွေးတတ်ဘူး” ထင်ကောင်းထင်ခဲ့
ပြောဖူးကောင်းပြောဖူးလိမ့်မယ်။အခု ကျွန်မတို့ “သူတို့ဘာကြောင့် ပင့်ကူ
အစရှိတဲ့ သေးသေးမွှားမွှားအကောင်တွေကြောက်တာလဲ၊ဓါတ်လှေကားမသုံးပဲနဲ့
လှေကားသုံးတက်ကြတာလဲ” ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

အကြောက်လွန်ရောဂါသယ်တွေ(Phobias)တွေကို စိတ်ရောဂါဒေနာသည်လို့ မထင်ကြပါနဲ့။သူတို့ဟာ သာမန်လူတွေ မကြောက်တဲ့အရာတွေကို ကြောက်တာမှန်ပါတယ်။ဒါပေမဲ့ သူတို့ဟာ
ရူးနေတဲ့သူတွေမဟုတ်ပါဘူး။အကြောက်လွန်ရောဂါသည်တွေကို သူတို့ပတ်ဝန်းကျင်
သူတို့မိသားစုက နားလည်မပေးတာဟာ ရောဂါပိုဆိုးလာအောင် တွန်းအားပေးနေသကဲ့သို့
ဖြစ်ပါတယ်။သူတို့ဘာလို့ phobias ဖြစ်လာရတာပါလဲ။phobias တော်တော်များများဟာ
ငယ်စဉ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်တွေကြောင့် ဖြစ်ပါတယ်။ငယ်ငယ်တုန်းက ပင့်ကူနဲ့
အလွန်အကျွံအစခံရဖူးတဲ့ကလေးက ကြီးလာတဲ့အခါ ပင့်ကူကို
အလွန်ကြောက်ပါတယ်။တချို့ phobias တွေကတော့ စိတ်ဖိစီးမှုတွေ
စိုးရိမ်မှုတွေကနေ ဖြစ်ပေါ်လာတတ်ပါတယ်။

Phobias အမျိုးအစားများ

(၁) specific phobias (အဖြစ်များသော တွေ့ရများသော အကြောက်လွန်ရောဂါ)
ဒီအမျိုးအစားမှာက ပိတ်ဆို့ကျဉ်းမြောင်းတဲ့နေရာတွေကိုကြောက်တဲ့ claustrophobia
animals တွေ ဥပမာ မြွေ ပင့်ကူ ကြွက် စတာတွေကို အလွန်ကြောက်တဲ့ acrophobia
pterygophobia ဆိုတဲ့ အမြင့်ကြောက်တဲ့ ရောဂါ
ရေကြောက်တဲ့ hydrophobia အစရှိတဲ့ phobias တွေပါပါတယ်။

(၂) social phobias ကတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့်ဖြစ်တာများပါတယ်။အခက်အခဲတွေကြုံတာများတာတို့
အဆင်ပြေမပြေမှာကို အလွန်စိုးရိမ်တာတို့ပါပါတယ်။

(၃)လူတွေကိုကြောက်တဲ့ ရောဂါ(agoraphobia)
ဒီအမျိုးအစားကတော့ လူများတဲ့နေရာတွေကိုကြောက်တာပါ။ဈေးတို့ ရုပ်ရှင်ရုံ စားသောက်ဆိုင်တွေ စတဲ့ လူထုများတတ်တဲ့နေရာတွေကို မသွားရဲတာတွေပါ။

တစ်ချို့ phobia gamophobia ဆိုတဲ့ လက်ထပ်ရမှာကို ကြောက်တဲ့ ဟာလည်းရှိပါသေးတယ်။

တစ်ချို့လူတွေကတော့ သူတစ်ပါးဖြစ်နေတဲ့ရောဂါတွေကို ကိုယ့်ဆီမှာကောရှိတဲ့ ထင်တဲ့ ရောဂါပါ။ဥပမာ မိတ်ဆွေသူငယ်ချင်းတွေထဲကတစ်ယောက်ယောက်က
လေးဖက်နာဖြစ်နေတယ်ဆိုပါစို့။့phobia ရှိနေတဲ့ သူက သူငယ်ချင်းခ့စားနေရတဲ့
အဆစ်တွေကိုက်တာ ရောင်တာတွေ သူလည်းခံစားလာရသလိုဖြစ်ပြီး
လေးဘက်နာဖြစ်နေတယ်လို့ထင်လာတာပါ။

phobias ရောဂါသည်တွေကို ဘယ်လိုကုသမလဲ?

သူတို့ကို ပစ်ပယ်ထားရင် ကိုယ့်ကိုယ်ကို သတ်သေတဲ့အထိ ဖြစ်နိုင်လို့ သူတို့ကို ဂရုစိုက်သင့်ပါတယ်။
phobias ရောဂါသည်တွေကို ကုသတဲ့နည်းက အမျိုးမျိုးပါပဲ။
ဆေးပေးပြီးကုသတဲ့ နည်းလည်းရှိပါတယ်။ဒါပေမဲ့ သိပ်မသုံးပါဘူး။ရောဂါအခြေအနေ အလွန်ဆိုးနေမှာ သုံးတာများပါတယ်။
အိမ်မွေ့ချပြီး ကုသတဲ့ psychotherapy ။ behavior therapy အစရှိတာတွေနဲ့ ကုသပေးကြပါတယ်။

ကျွန်မတို့ ပတ်ဝန်းကျင်မှာရှိတဲ့ phobias ရောဂါသည်တွေကို မလှောင်ပြောင်မစနှောက်ပဲ အားပေးကူညီကြပါစို့။
ကျွန်မတို့ ကိုယ်တိုင်လည်း phobias ရှိမရှိ သေချာမသိနိုင်ပါ။
ထို့ကြောင့် “ကိုယ်ချင်းစာနာ နားလည်ပါ သင်လည်းလူသားပါ” ဆိုတဲ့ အတိုင်း ကိုယ်ချင်းစာတရား လက်ကိုင်ထားလို့ အားပေးကူညီလိုက်ကြပါစို့။

မြန်မာ မိသားစု မှ ဖော်ပြတာ ဖြစ်ပါသည်။

4 comments

  • kopauk mandalay

    September 26, 2010 at 3:31 pm

    ကျနော်ဆိုရင် ရွစိရွစိနေတာကိုမြင်ရင်ကြောက်တာမဟုတ်ဘူး။
    စိတ်ထဲက ရွံတာ။
    ကျနော်အလုပ်ထဲက ကလေးမလေးတစ်ယောက်က ကြွက်ပေါက်စလေးတွေကိုကြောက်တယ်။
    တစ်ခါက ကောင်လေးတစ်ယောက်က ကြွက်ပေါက်စလိုရာဘာရုပ်နဲ့သွားစလို့
    ညာညာတာတာ နပန်ကျင်းပြီးဆုံးမထားရတယ်။
    နောက်ထပ်စနေမှာစိုးလို့ပါ။

    Reply

  • kk

    September 26, 2010 at 4:31 pm

    ဟုတ်တယ်နော်
    နာမည်ကျော်ဘောလုံးသမား ဒီဖိုး ဆိုရင် ပင့်ကူအရမ်းကြောက်တယ်တဲ့
    သူကိုယ်တိုင် အင်တာဗျူးတစ်ခုမှာဖြေဘူးတယ်
    ကျနော်ဆို အမြင့်ကြောက်တယ်ဗျ
    ကျနော့်ယောက်ခမနာမယ်က ဒေါ်မြင့်လေ
    🙂

    Reply

  • kyansitthar101

    September 26, 2010 at 4:48 pm

    ကျနော်လဲ အမြင့်ကြောက်တတ်တယ်။ ဘာလို့ ကြောက်လဲ တော့ မသိဘူး။ အမြင့်တွေသွားရင် ဒူးတုန်တယ်။
    ဘယ်လို ကု ရမလဲ မသိဘူး။
    ထူးဆန်းတာဆိုလို့ ရွှေဖရုံသီး ကြောက်တဲ့သူမြင်ဖူးတယ်။
    အဲဒီလူ ရွှေဖရုံသီးကို တကယ်ကြောက်တာ။ ရွှေဖရုံသီး ဟင်းဆိုလဲ ကြောက်တယ်။ အသီးကိုလဲ ကြောက်တယ်။
    ဘာလို့လဲ မသိဘူး……

    Reply

  • Gong Zhu

    September 26, 2010 at 4:52 pm

    ပိုးဟပ် အရမ်းကြောက်တာ . . . ချွေးတောင်ပြန်တယ် . . .

    Reply

Leave a Reply to Gong Zhu Cancel Reply

Your email address will not be published.