အသက် ၁၃ နှစ်အရွယ် သမီးကို တစ်နှစ်နီးပါး နေ့စဉ် အဓ္ဓမမှု ကျူးလွန်

smytu1996September 26, 20101min07

စိတ်မနှံ့သော ဖခင်တစ်ဦးသည် မိမိ၏ အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူကကို တစ်နှစ်နီးပါး နေ့စဉ် အဓ္ဓမမှု ကျူးလွန်ခဲ့သဖြင့် ဖီလစ်ပိုင် နိုင်ငံ မနီလာ တစ်ရားရုံးက နှစ်ပေါင်း ၁၄၄၀ဝ အထိ ထောင်ဒဏ် ချမှတ်လိုက်သည်။ အဆိုပါ ဖခင်ဖြစ်သူမှ ဆိုဒ်ကားမောင်းသည့် အလုပ်ကို လုပ်ကိုင်သူဖြစ်ပြီး လူမဆန်သော ပြစ်မှုကို သူ၏ ဇနီး ဟောင်ကောင်သို့ အလုပ်သွားလုပ်နေစဉ် တစ်နှစ်အတွင်း ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

တရားရုံးက မဒိန်းကျင့်သည့် အကြိမ် တစ်ကြိမ်လျင် နှစ်ပေါင်း ၄ဝ နှုန်းဖြင့် စုစုပေါင်းပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။ ထိုစဉ်က အသက် ၁၃ နှစ်ရှိပြီး ယခုအခါ အသက်၂၂ နှစ်ရှိပြီ ဖြစ်သော သူမ၏ အခက်အခဲဆုံး ခုနှစ်မှာ ၂၀၀၁ ခုနှစ် ဇန်နဝါရီလ ကာလက ဖြစ်သည်။ ဟောင်ကောင်တွင် အိမ်ဖေါ်အဖြစ် သွားရောက် လုပ်ကိုင် နေသော မိခင်ဖြစ်သူက သူမ၏ သားသမီး သုံးယောက်ကို ဖခင်နှင့်အတူ မနီလာမြို့တောင်ပိုင်း Los Banous တွင် စိတ်ချ လက်ချ ထားခဲ့ခြင်း ဖြစ်သည်။

တရားလိုဖြစ်သူက ပြောကြား ခဲ့ရာတွင် သူမကို ဖခင်ဖြစ်သူက နေ့စဉ်နီးပါးမျှ မတရား ပြုကျင့်ခဲ့ကြောင်းနှင့် သူမ၏ မိခင်ဖြစ်သူနှင့် ဆွေမျိုးများ အားလပ်ရက် ခရီးထွက်သည့် အချိန်ကျမှသာ အခက်ခဲဆုံး ကာလများ အဆုံးသတ် ခဲ့ရကြောင်း နှင့် အားလပ်ရက် ခရီးစဉ် အပြီးတွင်မှ မိခင်ဖြစ်သူကို သူမ ကြုံတွေ့နေရသမျှ ဖြစ်ကြောင်း ကုန်စင် ကို ဖွင့်ဟ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

အဖြစ်အပျက်များကို မိခင်ဖြစ်သူက သိသိခြင်း အိမ်ပြန်လာပြီးနော် ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ပြီး အမှုဖွင့် တိုင်ကြား စေခဲ့ခြင်း ဖြစ်သည်။ တရားရုံးတွင် ဖခင်ဖြစ်သူက ခုခံပြောဆိုရာတွင် သူ၏ မိန်းမသည် သက်သက် စွပ်စွဲခြင်းသာဖြစ်ပြီး ကလေးငယ်များ၏ ယုံကြည်မှုကို ရယူလိုခြင်းနှင့် နိုင်ငံခြားသားကို လက်ထပ်လိုသော ဆန္ဒရှိခြင်းကြောင်း ဇာတ်ကွက်ဆင်ခြင်းသာ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

7 comments

  • michaelaungpu

    September 26, 2010 at 7:18 am

    ဘာပြောရမှန်းတောင်မသိတော့ဝူး
    ငါလခွီး

    Reply

  • kk

    September 26, 2010 at 10:12 am

    စိတ်မနှံ့ဘူးဆိုတဲ့ အချက်ကို တရားရုံးမှာ ဘယ်လို သက်သေပြလဲ
    တကယ်စိတ်မနှံ့ခဲ့ဘူးဆိုရင် ဆိုက်ကားနင်းစားနိုင်ပါ့မလား
    တကယ်စိတ်မနှံ့တဲ့ ဖခင်နဲ့ ကလေး ၃ ယောက်ကို မအေတယောက်က
    အတူတူထားခဲ့တယ်တဲ့လား
    ဟောင်ကောင်ကအလုပ်လုပ်ပြီးပြန်လာတော့လဲ မိသားစုအားလပ်ရက်ခရီးတောင်ထွက်လိုက်သေး
    မုဒိန်းကျင့်ခံရတာကိုလည်း မအေနဲ့တွေ့တွေ့ချင်းချက်ချင်းမပြောဘဲ
    ခရီးကပြန်လာမှပြောသတဲ့
    တစ်နှစ်လုံးလဲ (ဆွေမျိုးတွေရှိရဲ့သားနဲ့)ဘယ်သူ့မှမပြောဘဲနေ နေတယ်လား
    တော်တော်အောင့်အီးနိုင်တာဘဲ
    အင်း……စဉ်းစားစရာ….

    Reply

  • search123

    September 26, 2010 at 10:32 am

    မကြားဝံ့ မနာသာ ပါလား။

    Reply

  • Gong Zhu

    September 26, 2010 at 9:40 pm

    နှစ်ပေါင်း ၁၄၄၀ဝ တောင် အများကြီးပေါ့. . . ကြောက်စရာကြီးနော် . .. စိတ်မနှံ့တဲ့သူက အပြစ်မရှိဘူးဆို . . .

    Reply

  • osprey

    September 27, 2010 at 2:32 pm

    ချဉ်သီးနဲ့ဆား အတူမထားရဖူးတဲ့ စကားပုံ ရှိတယ်လေ။ သမီး အရင်းမဟုတ်လို့ထင်တယ်။

    Reply

  • kopauk mandalay

    September 27, 2010 at 3:26 pm

    သားသမီးအရင်းမဟုတ်ဘူးလို့ယူဆနိုင်သလို
    တကယ်အဖြစ်မှန်ကတော့ကာယကံရှင်တွေကသာ သိနိုင်မှာပါ။
    နှစ်အများကြီးထောင်ချလဲအလကားပါ သူကအဲဒီလောက်နှစ်အထိအသက်ရှည်မှာမှ မဟုတ်တာ။
    တကယ်ကျုးလွန်တာမှန်ရင်သေဒဏ်ပေးသင့်ပါတယ်။

    Reply

    • ဆူး

      September 28, 2010 at 3:08 am

      ကိုပေါက်ရေ ကြားဘူးတာတော့ တခု ရှိတယ် နှစ်တွေ အများကြီး ထောင်ချရင် မင်းမိန့် နဲ့မို့ သေလည်း သူရဲ့ ဝိညာဉ် မလွတ်ဘဲ အကျဉ်း ဆက်လက် ကျခံရတယ်လို့ ကြားမိပါတယ်။ ထောင်ထဲမှာ အချုပ်ခံနေရတဲ့ နှစ်မစေ့သေးတဲ့ သရဲတွေ လည်းရှိတယ်လို့ ကြားမိတယ် အဲဒါတော့ ဟုတ်မဟုတ် ဆိုတာတော့ ထောင်မှူးတွေက သိမှာပေါ့နော်…

      Reply

Leave a Reply

Your email address will not be published.