အဖေ့ကျေးဇူး

ဆုိးဆုိးSeptember 25, 20101min01

သားသမီးအတွက်ဆို

ခွန်အားကိုသုံး

နွားတကောင်လို ရုန်းပြရမလား

လက်သီးလက်မောင်းတန်း

အမှားအမှန်မခွဲခြား

လောကကြီးကို စိန်ခေါ်လိုက်ရမလား

လိုအပ်မယ်ဆိုရင်

သူစားမယ့်ထမင်း သားသမီးကိုကျွေး

သားသမီးတွေပျော်ရင် သူလည်းပျော်တယ်တဲ့

သားသမီးတွေ ဗိုက်ပြည့်တာ သူဗိုက်ပြည့်တာပဲတဲ့လေ…….။

ချိုသာတဲ့ စကားလုံးတွေနဲ့

သာသမီးတွေကို ဆုံးမခဲ့ချင်ပေမယ့်

မရတဲ့အဆုံး

သူ့မျက်နှာကို မုန်တိုင်းအသွင်ဖန်ဆင်း

တုတ်တစ်ချောင်းကို လက်မှာကိုင်လို့

အမုန်းတွေကို ခံယူ

သူ့ရင်ထဲမှာတော့ အတိုင်းအဆမရှိ ကြေကွဲလို့နေပါသတဲ့လေ……..။

ဘယ်လောက်ဆိုးဆိုး ဘယ်လောက်မိုက်ခဲ့မိုက်ခဲ့

ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ပြစ်တင်သံတွေနဲ့ အကြည့်တွေကို

ခေါင်းကိုငုံ နားကိုပိတ်

အားလုံးကို ခွင့်လွတ်

လမ်းကြောင်းမှန်ပေါ်ရောက်အောင် ခွန်အားတွေပေး

သားသမီးတွေကို ပြုံးပြခဲ့တာလည်း ဒီ ဖေဖေ ပဲ………………။

ဘာမှရယူခြင်းမရှိတဲ့ ပေးဆပ်မှုတွေနဲ့

ပေးဆပ်ခဲ့တဲ့ အဖေ့ မေတ္တာ ဂုဏ်ကျေးဇူး

…………………အန န္တ ပါ ဖေဖေ………………………………………။

မှတ်ချက်။  ။ လောကမှာရှိတဲ့ အဖေ အာလုံးကို မဆိုလိုပါ။

One comment

  • Gong Zhu

    September 25, 2010 at 5:32 pm

    မျက်ရည်တောင် လည်ချင်လာပြီ . . . ဓါးတောင်ကျော်ရကျော်ရ ၊ မီးပင်လယ် ဖြတ်ရဖြတ်ရ ပေါ့ . . . သားသမီးတိုင်း မိဘ ကျေးဇူးဆပ်နိုင်ကြပါစေ . . .

    Reply

Leave a Reply

Your email address will not be published.