Mobile HouseSeptember 23, 20101min02

ငါကျေနပ်ပါတယ်

Wednesday, December 12th, 2007

ငါမသိတဲ့ ငါ့အမှားကို

နင်နားကျည်းလို့

သူကို တွဲ ပြီး

ငါ့အသဲခွဲဖို့ နင်ကြံနေတာလား ချစ်သူ
တကယ်တော့မလိုအပ်တော့ပါဘူး

မုန်းတယ်လို့ နင်ပြောလိုက်တုန်းက

နင့်နားထဲ အသံ သဲ့သဲ့တစ်ခုကြားရတာ

ငါ့အသဲ ကျကွဲသံပေါ့ ချစ်သူ

နောက်ထပ် အသံ ပြင်းပြင်းတခုက

အချစ်နဲ့ တည်ဆောက်ထားတဲ့

ငါ ဘဝ ပြိုကျသံပေါ့
နောက်ထပ် မုန်းတယ်လို့ နင်မပြောပါနဲ့တော့

နင်မောသွားပါ့မယ်

ငါမှာ နောက်ထပ်ကွဲစရာအသဲလဲမရှိတော့လို့ပါ

ဒါဆိုနင်ကျေနပ်ပြီလား ချစ်သူ
ဒါဆို ငါအသဲကွဲတောင်

ငါကျေနပ်ပါတယ် ……

2 comments

  • etone

    September 23, 2010 at 6:47 am

    နောက်ထပ်ကွဲဖို့အသဲ…. ရှိမှမရှိတော့ပဲ….. ပြေလည်အောင်ကြိုးစားရင်တို့တတွေဝေးကြပြီပဲ …..ဟီးဟီး ကဗျာဖတ်ပြီး အဲ့ဒီသီချင်းလေးသတိရမိလို့ ။

    Reply

  • Gong Zhu

    September 23, 2010 at 4:04 pm

    အသည်းကွဲတာ ထူးဆန်းတယ်နော် . . . အသံတွေတောင် မြည်တယ် . . . 😛

    Reply

Leave a Reply

Your email address will not be published.