ဆေးကျောင်းတက်တဲ့လူတွေအတွက်

မမေလးSeptember 22, 20101min02
မယုံမရှိကြနဲ ့။ ဆေးကျောင်းသားဆိုတဲ့ သူတွေဟာ အင်မတန် ့ကို
ရည်ရွယ်ချက်ကြီးပြီး… သူတို ့လိုချင်တဲ့ ပညာတစ်ခုရဖို ့ ဆို
ဘာမဆိုလုပ်ဝံ့တဲ့… ဇွဲလုံ ့လရှိတဲ့… သူတွေပါ။ ဒါကိုက သူတို ့ ရဲ့
အားနည်းချက်လို ့ ဆိုရမလားပဲ…။

ရင်ခွဲရုံမှာ ပထမဦးဆုံး လက်တွေ ့ဆင်းရတဲ့ နေ ့တစ်နေ ့ပေါ့။
ကျောင်းသားကျောင်းသူတွေ အားလုံးကလည်း ခွဲရ စိတ်ရတော့မယ်ဆိုတော့ တအားကိုပဲ
ပျော်ကြ ရွှင်ကြ စိတ်အား ထက်သန် နေကြတာပေါ့။ သူတို ့တစ်ဖွဲ ့သားလုံးရဲ့
ရှေ ့ မှာလည်း ခွဲစိတ်ခံမယ့် အလောင်းကောင်ကြီးက မလှုပ်မယှက်… ငြိမ်သက်လို
့…။

အားလုံးလိုက်လုပ်ရမယ့် လက်တွေ ့သင်ခန်းစာ မစခင်မှာ ပရော်ဖက်ဆာက
ကျောင်းသား အားလုံး သိရမယ့် အချက်နှစ်ချက်ကို အသေးစိတ်ရှင်းပြပါတယ်။

“ပထမ အချက်အနေနဲ ့… … … အဟမ်းအဟမ်း…”

ကျောင်းသာတွေရဲ့ အာရုံ စူးစိုက်မှုရအောင် တစ်ချက် ဝေ ့ကြည့်လိုက်ပြီးမှ
လေးလေးပင်ပင်နဲ ့…

“ရင်ခွဲရုံမှာ… ခွဲတော့ စိတ်တော့မယ်ဆိုရင်… မင်းတို ့မှာ…
ရွံတတ်တဲ့စိတ်ရှိလို ့ လုံးဝမဖြစ်ဘူး”

ဒီစကားကို လက်ညှိုးတစ်ထောင်ထောင်နဲ ့ပြောနေရင်း… ရုတ်တရက်ဆိုသလိုပဲ သူ
့လက်ကို မသာကောင်ကြီးရဲ့ စအိုထဲကို ကောက်ကာငင်ကာ နှိုက်ထည့်လိုက်ပြီး… သူ
့ရဲ့ လက်ကို ပြန်ထုတ်… ပါးစပ်နဲ ့ စုပ်ပြလိုက်ပါတော့တယ်။

“အီးးးးးးး”
“အူးးးးးးး”
“အိုးးးးးးး”

ကြည့်နေကြတဲ့ သူတွေအားလုံး လန် ့ဖြန် ့ကုန်တော့တာပေါ့။ ကျောင်းသားတွေ ဆီက
အာမေဋိတ်သံတွေ ထွက်လို ့ မဆုံးခင်မှာတင်ပဲ ဆရာက …

“ကဲ… အားလုံးမြင်ပြီးကြတဲ့အတိုင်း… မင်းတို ့ တွေ
ဆရာဝန်ဖြစ်ချင်တယ်ဆိုရင်တော့… ဆရာလုပ်ပြတဲ့ အတိုင်း လိုက်လုပ်ကြပေတော့”

မယုံမရှိကြပါနဲ ့။

‘ဆရာဝန်ဖြစ်ချင်တယ်ဆိုရင’် ဆိုတဲ့ စကားဟာ အတော့်ကိုပဲ ‘တာ’ သွားပါတယ်။
စောစောတုန်းက ‘ဟင်’ ရယ် ‘ ဟယ်’ ရယ် လုပ်နေကြတဲ့ ကျောင်းသားတွေဟာ အဲဒီ
မသတီစရာ အပုတ်ကောင်ကြီးကို ဘယ်လိုမှ ရွံရှာမနေနိုင်တော့ပါဘူး။

လက်ညှိုးလေးကိုထောင်… အပေါက်ကလေးထဲကို ထည့်… ပြီးတော့ ‘ပြွတ်’ ကနဲ မြည်အောင် စုပ်…။

ဒီအတိုင်း ကျောင်းသားရော ကျောင်းသူပါမကျန် တလှည့်စီ လိုက်လုပ်ကြပါတော့တယ်။

အားလုံးလက်တွေ ့လုပ်ပြီးသွားတဲ့ အခါမှာတော့ ပရော်ဖက်ဆာက ကျန်ရှိနေသေးတဲ့
တစ်ချက်ကို ဆက်ပြီး ပို ့ချတာပေါ့။

“ဒုတိယအချက်ကတော့… ပိုပြီး အရေးပါတဲ့..အပြင်… အတွေ ့အကြုံ
မရှိသေးသူများအဖို ့… လိုက်လုပ်ဖို ့ အင်မတန်မှပဲ ခဲယဉ်းတယ်။ အဲဒီအချက်က
ဘာလဲဆိုတော့… မျက်စိလျင်လျင်ထားပြီး… စူးစမ်းလေ့လာတတ်ဖို ့ပါပဲ။”

“အခုနတုန်းက… ဆရာမင်းတို ့ရှေ ့မှာ နှိုက်ပြတဲ့ လက်က…
လက်ခလယ်ဖြစ်ပြီး… ပါးစပ်ထဲကိုတော့… လက်ခလယ် မဟုတ်ဘဲ… လက်ညှိုးကို
ထည့်ပြတာ ဖြစ်ပါတယ်။ ဆရာလိုက်ကြည့်ရသလောက်… ဒီအချက်ကို…
ဘယ်ကျောင်းသားမှ… သတိမမူမိလိုက်ကြပါဘူး…”

“တိန်…”


အလင်းစေတမန် မှ ဖြစ်ပါသည်။

2 comments

  • pyaesone

    September 24, 2010 at 8:06 am

    ဟဟား

    Reply

  • intro

    September 24, 2010 at 12:00 pm

    ဟဟ… မှတ်ကရောပဲနော်… ဟီးဟီး

    Reply

Leave a Reply to pyaesone Cancel Reply

Your email address will not be published.