မြဝတီရဲစခန်းအား ဒုတိယအကြိမ်မြောက် လက်နက်ဖြင့် ဝိုင်းရံခံရ

etoneSeptember 22, 20101min01

ယနေ့ညနေ ၆နာရီ ၁၅မိနစ်အချိန်တွင် ယခင် DKBAတပ်ရင်း ၉၀၁မှ ဗိုလ်ကြီးစောကျော်သက် ဦးဆောင်သော မောင်းပြန်လက်နက်မျိုးစုံကိုင်ဆောင်ထားသော အင်အား ၃ဝခန့်ပါအဖွဲ့သည် မြဝတီရဲစခန်းအား ဝိုင်းခဲ့ကြောင်း မြဝတီမြို့ခံများက Freedom News Groupသို့ပြောသည်။

၁၉ရက်နေ့ညက မြဝတီကော့ကရိတ်လမ်းရှိ တံတားကျိုးဂိတ်တွင်တာဝန်ကျနေသောနအဖ ဗိုလ်ကြီးကျော်နိုင်ဦးနှင့် စအဖ တို့ပူးပေါင်းပြီးတရားမဝင် လိုင်စင်မဲကားမျိုးစုံ ၆၅စီးကိုဖမ်းဆီးခဲ့သည်။တနင်္လံာနေ့တွင် စစ်ဗိုလ်ချုပ်သားသမီးတို့သက်ဆိုင်သောကားအချို့ ၊နယ်ခြားစောင့်တပ် အသွင်ပြောင်းတပ်ပြောင်းကား အချို့ကို ပြန်လွတ်ပေးခဲ့ပြီး မြဝတီဗျူဟာတပ်ရင်းတွင် ကားမျိုးစုံ ( ၄ရ )ကျန်သေးကြောင်း တပ်ကြပ်ကြီးတဦးကပြောသည်။
မြဝတီစစ်ဗျူဟာမှုးနှင်အဖွဲ့ရောက်လာပြီး ဖမ်းဆီးသောကားများနှင့်ပါတ်သက်ပြီး ရဲများနှင့်မသက်ဆိုင်ကြောင်း။ ဖမ်းဆီးသူများမှာစအဖနှင့် စစ်ဗျူဟာမှ ဖြစ်သောကြောင့် ရှင်းလိုလျင် ဗျူဟာရုံးတွင် လာရှင်းနိုင်ကြောင်းပြောသဖြင့် ဝိုင်းထားသူများပြန်သွားကြောင်းသတင်းရရှိသည်။
ဗိုလ်ကြီးကျော်နိုင်ဦးသည် တံတာကျိုးဂိတ်တွင် တာဝန်ကျအရာရှိတဦးဖြစ်ပြီး တရားမဝင်ကားများ၊တရားမဝင်ကုန်များ တင်ဆောင်သောကားများကို ငွေတောင်းကြမ်းသ ူဟုနာမည် ကျော်တဦး ဖြစ်သည်။ငွေပေးလျင်ကြိုက်တဲ့ကုန်သယ်လို့ရကြောင်း စီးပွားရေးသမားကပြောပြပါသည်။ ထိုဗိုလ်ကြီးမှာငွေမပေးသော တနိုင်တပိုင်ခရီးသွားများကိုဖမ်းဆီးသောကြောင့် ခရီးသွားကားများမှာတံတားကျိုးဂိတ်တွင် အချိနကြန့်ကြာပြီးဒုက္ခရောက်ကြောင်း သိရသည်။

ပြီးခဲသည့် တနင်္ဂံနွေဖမ်းဆီးမှုမှာ နေပြည်အထူးတပ်ဖွဲ့မှ လိုင်စင်ကားဝင်ရောက်မှု၊ လူမှေင်ခိုကုန်ကူးမှုများကို ဖမ်းဆီးရန်ရောက်နေမှုကြောင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ဖြစ်ကြောင်းသိရသည်။
တနင်္ဂံနွေညနေပိုင်းကလည်း လူကုန်ကူးမှုတားဆီးရေးအဖွဲ့၊ စရဖ အဖွဲ့စုံမှ မြဝတီဘက်ကမ်း သုညဂိတ်နှင့် တစ်ဂိတ်အကြားရှိကိုဒေါင်တလုံးအား ဝင်ရောက်ရှဖွေရာ လူ( ရ )ဦးအားပိတ်လှေင်ထားမှုကြောင့် မြဝတီမြို့အမှတ် ၃ ရပ်ကွက်တွင် နေထိုင်သော ဒေါ်တင်ရွှေ နှင့် မကြည် ဆိုသည့် အမျိုးသမီး (၂) ဦးကိုလူကုန်ကူးမှုဖြင်ဖမ်းဆီးအရေးယူထားကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့မှ တရားမဝင်နေထိုင်သူများကိုဖမ်းဆီးပြီး ထိုင်းလဝကမှ မြန်မာဘက်ခြမ်းထိုဂိတ်သို့ပို့ဆောင်ကြောင်း၊ ထိုသို့ ပြန်ပို့သူခံရသူများမှာ ဘတ်၁၀၀ဝ ပေးလျင်ပြန်လွတ်ပေးပြီး၊ မပေးနိုင်သူများကိုမလွတ်ဘဲ ထိုင်းငါးဖမ်းလှေများသို့ ရောင်းစားကြောင်း လည်းသတင်းထွက်ပေးသည်မှာကြာမြင့်ခဲ့ပြီဖြစ်သည်။

မြဝတီအာဏာပိုင်တို့မှ လျစ်လျူရှုထားပြီး ပါဝင်ပါတ်သက်မှုရှိကြောင်း၊ ယ္ခုကဲ့သို့ဖမ်းဆီးရခြင်းမှာနေပြည်တော်အထူးဖွဲစုံစမ်းနေသောကြောင့်အဖမ်းပြအရေးယူခြင်းဖြစ်ကြောင်းမြဝတီဒေသခံတဦးကပြောပြပါသည်။
ပြီးခဲ့သည့် စနေနေ့ က မဲဆောက်မှ ပြန်ပို့ခံရသော အလုပ်သမားတဦးမှာ ဘတ်ငွေ ၇၀ဝ ကိုတောင်းပန်ပြီးပေးရာမှာလွတ်မြောက်လာခဲ့သည်။

ထိုဂိုဒေါင်ထဲတွင် ဖမ်းဆီးခံထားရသူ ၃ဝခန့်ရှိသော်လည်း နောက်ရက်တွင် အဖွဲ့စုံဝင်ရှာရာတွင် ရ ဦးဘဲတွေ့ရှိခြင်းမှာ အခြားသူများကို သတင်းရခြင်းကြောင့် တခြားနေရာကိုရွှေ့ပြောင်းထားခြင်းဖြစ်နိုင်ကြောင်းပြောပြခဲ့သည်။

ref : Freedom News Journal

One comment

  • blackprince72

    September 22, 2010 at 3:20 pm

    ဒါ ကိုတော.ဘာမှ မပြော ရဲဘူး ။ သား သား ကြောက် ကြောက် ။

    Reply

Leave a Reply

Your email address will not be published.