For Ko Pauk (Mandalay),Would like to know about Mandalay

la won ngeSeptember 22, 20101min04

မန်းမြေ မှ ကိုပေါက်ရေ

လူကိုမမြင်ဘူးပေမယ့် သိချင်တာလေးရှိလို့ မေးခွင့်ပြုပါနော်၊ မှားသွားရင်တော့စိတ်တော့မဆိုးပါနဲ့။

ဘုရားဖူးသွားရင်းနဲ့ တွေ့လိုက်ရတဲ့ မြင်ကွင်းတချို့ကြောင့် သိချင်စိတ်ဖြစ်မိလို့ပါ၊ အခုနောက်ပိုင်း ဘုရားဖူးတွေကို အလှူခံလိုက်တောင်းတဲ့ အထဲမှာ ကလေးအလှူခံတွေတအားပေါလာ တာသတိထားမိပါတယ်။ ဘာရယ်မဟုတ်စုံစမ်းကြည့်လိုက်တော့ အလှူထွက်ဖို့ ကလေးငှားစားတဲ့ မိဘတွေတောင်ရှိတယ်ဆိုပြီးလဲပြောကြတယ်။ ကလေးတစ်ယောက် ထမင်းကျွေးအပြီး တနေ့2000ကျပ်နဲ့ မိဘတွေဆီက ငှားပြီး ပိုက်ဆံလိုက်တောင်းခိုင်းတယ်ဆိုပဲ။ စီးပွားရေးအဆင်မပြေလို့ ကိုယ့်ကလေးကို ငှားတဲ့ မိဘတွေကလဲ ရှိသေးတယ်ဆို။ ကြားရတာကြက်သီးထစရာပါလား။ ဈေးကွက်ကြီးတစ်ခုတောင်ဖြစ်နေပြီဆိုတော့ လုပ်စားလာကြတာကြာပြီဆိုတဲ့ သဘောပေါ့၊ ဒါပေမယ့် ကျွန်မ က အခုမှ သိကြား လာရတာဆိုတော့ ဒီအကြောင်းလေးတကယ်ဟုတ်မဟုတ် နဲ့ တကယ်ဟုတ်ခဲ့ရင် လည်း အဲဒီအကြောင်းလေးကို ပြောပြပေးပါလား။ အခြေအနေပေးရင် Information လေးတွေပြန် Share လုပ်ပေးပါအုံးနော်။ ဪ —- အဲဒီကလေးဈေးကွက်က မြို့ဟောင်းဘက်မှာ လို့လဲပြောပါတယ်။ ကျေးဇူးတင်ပါတယ်နော်။ ဒါကိုမေးရတာဘာရည်ရွယ်ချက်နဲ့မှ မဟုတ်ပါ။ တွေ့ခဲ့တာလေးကိုစူးစမ်းချင်တဲ့စိတ်နဲ့ အခြေအနေကိုမြန်မာပြည်က ဗမာတစ်ယောက်အနေနဲ့ သိချင်ရုံသက်သက်ပါ။

4 comments

  • kyansitthar101

    September 22, 2010 at 6:13 am

    ကိုပေါက်တော့ ဘယ်လိုနေမလဲ မသိဘူး။ မန္တလေးသားဖြစ်တဲ့ ကျနော်လဲ ကြားရတာ စိတ်မကောင်းဘူး။

    Reply

  • kopauk mandalay

    September 22, 2010 at 12:14 pm

    အခုလိုမေးတာကို စိတ်မဆိုးပါခင်ဗျာ။
    မြင်ခဲ့တာမှန်သလိုကြားခဲ့တာလဲမှန်ပါတယ်။
    ကျနော်ကိုယ်တိုင်ပြီးခဲ့တဲ့လထဲက 34-35ကြား 76လမ်းက တရုပ်အစားအစာတွေအဓိကရောင်းတဲ့ညဈေးတန်းမှာ ဒီလိုအဖြစ်မျိုးကိုကြုံခဲ့ပါတယ်။
    လူမမယ်လေးတွေကို ပိုက်ဆံပေးကြွေးမွေးပြီး အကာအကွယ်ပေးထားပြီးတောင်းခိုင်းတာရှိသလို မိဘတွေကနေ့တွက်တဲ့ပုဒ်ပြတ်အငှားချတာလဲတကယ်ရှိပါတယ်။
    ခပ်မြင့်မြင့်လေးနဲ့ နိုင်းပြောရရင် ပရီးမီးယားလိဂ် က ဘောလုံးသမား အငှားချသလိုပေါ့ဗျ။
    နောင်ဆိုရင် များများရအောင်တောင်းနိုင်သူကိုတောင် သူကို့စတင်မွေးထားတဲ့လူက ကြေးကောင်းကောင်းနဲ့ အသင်းပြောင်းပြီးရောင်းသလိုရောင်းတာတို့
    တစ်ရာသီစာ အငှားချတဲ့ဈေးကွက်တွေတောင် ဖြစ်ချင်ဖြစ်လာနိုင်ပါတယ်.။
    ကြော်ငြာတယ်တော့ မထင်ပါနဲ့နော့်။
    ဒီတောင်းစားသူတွေနဲ့ပါတ်သက်တဲ့ ဆောင်းပါးလေး “မတွေးစကောင်း တွေးစကောင်း “ဆိုတဲ့နာမယ်နဲ့ရေးဘူးပါတယ်။
    ရှာလို့ဖတ်ကြည့်စေလိုပါတယ်။
    တကယ်တမ်းပြောရင် ဒီလိုမျိုးမြင်ကွင်းတွေ့ရတဲ့အခါမှာ စိတ်မကောင်းပါဘူး။
    အနာဂါတ်တိုင်းပြည်အတွက်တွေဘာတွေ ကြီးကြီးကျယ်ကျယ်မပြောလိုပါဘူး။
    ငါ့သားသမီးလေးများသာဒီလိုဖြစ်ခဲ့ရင်ဆိုတဲ့အတွေးလေးဝင်မိတာပါ။
    တစ်ချို့ပျောက်သွားတဲ့ကလေးတွေ ဒီဘဝထဲကိုရောက်သွားတာတွေလဲရှိနိုင်လို့ပါ။
    အခုလို တကူးတက ပြောပေးတာ ကျေးဇူးတင်ရှိကြောင်းပါခင်ဗျာ။

    Reply

  • unclegyi1974

    September 22, 2010 at 2:57 pm

    တဘဝစံ တွေလုပ်နေကြတာပါ ၊ ကြာပါပြီ မန်တလေး မဟာမြတ်မုနိဘုရာကြီးကိုလာဖူးတဲ့ မိန်းမကြီးတယောက်ကို
    တောင်းစားတဲ့ ကလေးတယောက် မျက်နှာမှာလဲဂျီးအထပ်ထပ်နဲ့ စကားလဲမပြောဘူး
    အတင်းလာပြီးဖက်ရော မိန်းမကြီးလဲဘာလဲပေါ့ နောက်သေချာကြည့်လိုက်တော့ ပျောက်သွားတဲ့သူ့သားဖြစ်နေတာ
    လို့ကြားဘူးပါတယ် ကလေးကိုလဲလျှာဖြတ်ထားတယ်လို့ပြောပါတယ်
    အဲဒီအဖြစ်ကလေးကြားဘူးတာကြာပါပြီ
    ဒါလူမှောင်ခိုကူးတာပါဘဲ ပြည်သူတရပ်လုံးပတ်ဝန်းကျင်ကို သတိနဲ့လေ့လာပြီး သက်ဆိုင်ရာနဲ့ ပူးပေါင်းဖော်ထုတ်ဖို့ကြိုးစား
    ချိန်ရောက်နေပါပြီ
    မြန်မာပီပီသနားတတ်တာကိုလဲ ကြိုးစားဖျောက်သင့်ပါပြီ
    သူတို့ကိုငွေမထဲ့ရင် ဝင်ငွေနဲသွားမယ် ဒါဆိုကလေးခိုးတာလဲလျော့သွားမယ်လို့ယုံပါတယ်

    Reply

  • Khin Thida Soe

    October 14, 2010 at 4:52 am

    ဟူးးးးးးး ကိုပေါက်ရေ……..ကျနော် လည်း အဲဒါမျိုးတွေ တွေ့တယ်ဗျ
    ကျနော် ကန်တော်ကြီး အနောက်ခြမ်းမှာ နေတုန်းက တွေ့ဖူးတယ်
    ကျနော် ကိုယ်တိုင်ကလေးတွေကို ခိုင်းနေတာလည်းတွေ့ခဲ့ရတယ်
    စိတ်မကောင်းစရာဘဲဗျာ………..

    Reply

Leave a Reply to kopauk mandalay Cancel Reply

Your email address will not be published.