ဆက်ဆံရေးအမတန် ညံ့သော မန်နေဂျာတစ်ဦး

ospreySeptember 24, 20101min02

ဈေးကွက်စီးပွားရေးခေတ်မှာ ပိုက်ဆံပေးပြီး ကုန်စည်ကိူ ဝယ်ယူရတဲ့နေရာမှာ မန်နေဂျာတစ်ယောက်အနေနဲ့ ရင့်ရင့်သီးသီးဆက်ဆံခံရတဲ့ အဖြစ်မျိုး သင် ကြုံဖူးပါသလား။ထိုကဲ့သို့သော မန်နေဂျာ ကို  ပုဂလိက စက်သုံးဆီရောင်း တဲ့ ဆိုင် မှာ သင် တို့ ကြုံတွေနိုင်ပါတယ်။ အဲ့ဒီ အရောင်းဆိုင်ကတော့  တောင်ဥကလာ ၁၆ကွေ့ ဆီဆိုင် ဖြစ်ပါတယ်။ ပိုက်ဆံပေး ပြီး  ဆီလာထုတ်တဲ့ကား ကို နောက်လာမထှတ်နဲ့ လို့ ပြောဆိုခံရတဲ့ အဖြစ်တစ်ခုပါ။ ကျန်တော်က ရတနာပုံ ပရိတ်သက်တစ်ဦးပါ။  ဆီ ထည့်ရင်လဲ အဲဒီဆိုင်မှာထည့်ပါတယ်။ ပန့် ကိုင်တွေရဲ့ ဝန်ဆောင်မူ့ကတော့ တော်တော်လေးကောင်းပါတယ်။ ဘာဖြစ်လို့လဲ လို့မေးတော့  ကားပေါ်မှာ  ပုံးတွေ တင်လာလို့ တဲ့။   ကျန်တော်က စားအုံးဆီ ရောင်းဝယ်ရေး  လုပ်ပါတယ်။ ကျန်တော်ရဲ့  စားဆီ ပုံး တွေကို  ဘယ်နေရာသွားထားရမလဲ။ ဆိုးတာက  သူ့ရဲ့ ဆက်ဆံရေး ပါ။ ဘယ် ဆိုင်ကမှ  သု့ လိုမဆက်ဆံပါဘူး။ သူ့ကို ဂျာလေး လို့ ခေါ် ကြပါတယ်။  ဆီလာထည့်တဲ့ကားတိုင်းကို  ဝန်ဆောင်မူ့ပေးနိုင်ဖို့ထက် အပြစ်ရှာ နေတဲ့ ပုံစံ ပေါက်ပါတယ်။  အများကြီးပြုုပြင်သင့်ပါတယ်။  ကျန်တော်ကတော့ အဲဒီဆိုင် မှာလုံးဝ  ဆီမထည့်တော့ပါဘူး။      အခုခေတ်ကာလမှာ မရှိသင့်တော့တဲ့  အဖြစ်တစ်ခုပါ။

2 comments

  • kyansitthar101

    September 24, 2010 at 5:59 pm

    သည်းခံလိုက်ပါဗျာ။ (ဂျာလေး) သူက မန်နေဂျာ ရာထူးနဲ့ အဆင့်မမှီသေးလို့ ဒီလိုဖြစ်ရတာပါ။
    အဲဒီဆိုင်မှလုံးဝ ဆီမထည့်တော့ဘူးဆိုရင်တော့ မကောင်းဘူးဗျ ။ osprey အတွက် ဆီထည့်စရာ တစ်နေရာ ရော့သွားတာပေါ့။
    နောက်ကျရင် သူလဲ အလုပ်ထွတ်ချင် ထွက်သွားရမှာပါ။ သူကို ခေါင်းထဲ မထည့်ပါနဲ့ ။ ကိုယ်က မှန်နေတာဘဲ လေ။
    ဆီထုတ်ရောင်းစားတာမှမဟုတ်တာ။ စားအုန်းဆီ ပုံးတွေကို သူအထင်မှားလို့ပါ။ သူဆက်ဆံရေးမပြေပြစ်တာ သူ့ အရေအချင်းပေါ့။

    ဆရာလုပ်တယ်လို့တော့ မထင်ပါနဲ့ ။ ကျနော်လဲ ဒါမျိုးအဖြစ်မျိုး ခဏခဏကြုံခဲ့ ဖူးလို့ ပြောတာပါ။

    Reply

  • etone

    September 25, 2010 at 3:59 am

    စိတ်ဓါတ်မပြည့်ဝတဲ့လူတွေ အထက်လူကြီးနေရာရရင် ဒီလိုမျိုးပြသနာတွေဖြစ်လေ့ဖြစ်ထရှိပါတယ် ။
    တစ်ချို့ကလည်း ဘာမဟုတ်တဲ့ရာထူးလေးကို ပါဝါပြချင်တယ် လူတွင်ကျယ်လုပ်ချင်တယ်ပေါ့ ။ ရုံးတွေမှာလည်းဒီလိုပါပဲ ။ အဲ့ဒီလို အထက်လူကြီးမျိုးမှာ ဘယ်တော့မှ သစ္စာရှိတဲ့လက်အောက်ငယ်သားမျိုးမရှိဘူး ။
    ဒီလူ့မျက်နှာထပ်မတွေ့ချင်ရင် မသွားတာအကောင်းဆုံးပါပဲ ။ etone ဆိုရင်လည်း အဲ့ဒီဆိုင်မျိုးကို ထပ်သွားမှာမဟုတ်ပါဘူး ။

    Reply

Leave a Reply

Your email address will not be published.