စင်္ကာပူရောက် ကိုသန်းစော ရထားကြိတ်ခံရပြီး သေဆုံး

CharTooLanSeptember 24, 20101min01

စင်္ကာပူရောက် ကိုသန်းစော ရထားကြိတ်ခံရပြီး သေဆုံး
asiaone.com
စက်တင်ဘာ ၂၀၊ ၂၀၁ဝ Khatib MRT ဘူတာရုံ (photo: h88.com.sg)

ယမန်နေ့ နံနက်စောစောပိုင်းက စကာင်္ပူရှိ Khatib MRT ဘူတာရုံတွင် မြန်မာပြည်သားတဦး ရထားကြိတ်ခံရခြင်းကြောင့် သေဆုံးသွားသည်။

ရထားလမ်းပေါ် ပြုတ်ကျသွားသူ ဆောက်လုပ်ရေး ကုမ္ပဏီ တခုမှ project supervisor ကိုသန်းစော (Mr Than Saw) သည် အရက်သောက်ထားသည်ဟု ယူဆရသည်။ နံနက် တနာရီ မထိုးမီ (12.45am) တွင် ရထားလမ်းပေါ် ကျသွားခြင်း ဖြစ်သည်။

ကိုသန်းစောကို ရထားအောက်မှ ဆွဲထုတ်ရန် မိနစ် ၂ဝ ခန့် ကြာခဲ့ပြီး ဘယ်ခြေထောက် အောက်ဘက်ကို ဖြတ်တောက်ခဲ့ရသည်ဟု စင်္ကာပူ အာဏာပိုင်တို့က ဆိုသည်။

ကိုသန်းစောသည် အသက် ၃ဝ ကျော်အရွယ် ဖြစ်သည်။ ဒဏ်ရာ အကြီးအကျယ်ရသွားသော သူ့ကို အနီးရှိ Khoo Teck Puat ဆေးရုံသို့ ပို့ဆောင်ရာ တနာရီခန့် အကြာတွင် သေဆုံးသွားသည်။

ရဲတို့က ဤအမှုမှာ ပုံမှန်သေဆုံးခြင်း မဟုတ်ဟု ယူဆပြီး စုံစမ်းစစ်ဆေးလျက် ရှိသည်။

ခရီးသည်များ ရထားလမ်းပေါ် ပြုတ်ကျခြင်းကို အကာအကွယ် ပေးမည့် အရံအတားကို Khatib ဘူတာတွင် တပ်ဆင်ထားခြင်း မရှိပေ။

ပို့ဆောင်ဆက်သွယ်ရေး ဌာန၏ အဆိုအရ ၂၀၁၂ မတိုင်မီ မြေပေါ်ဘူတာ ၃၆ ခုတွင် တံခါးပေါင်း ၁၉၂ဝ တပ်ဆင်ရန် ဒေါ်လာ ၁၂၆ သန်း သုံးမည်ဟု သိရသည်။

ယခုနှစ်အတွင်း ခရီးသည်များ ရထားလမ်းပေါ် ပြုတ်ကျမှု၊ ခုန်ချမှု ပေါင်း ၆ မှု ရှိသည်။ ၄ မှုတွင် အသက်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည်။

Khatib MRT ဘူတာရုံတွင် နောက်ဆုံး ဖြစ်ခဲ့သည့် အမှုမှာ ၂၀၀ဝ ပြည့်နှစ်က ဖြစ်သည်။ ထိုစဉ်က ရထားလမ်းပေါ် အမျိုးသမီးတဦး ရောက်သွားရာ ရထားမောင်းသူက အချိန်မီ ရထားရပ်တန့်နိုင်ခဲ့သောကြောင့် ထိုအမျိုးသမီး ထိခိုက် ဒဏ်ရာရခြင်းမှ လွတ်မြောက်သွားသည်။

ယမန်နေ့က အဖြစ်အပျက်ကြောင့် နောက်ဆုံး ရထား ၄ စီး မပြေးဆွဲနိုင်သဖြင့် Yishun နှင့် Ang Mo Kio ကြားရှိ ဘူတာများတွင် ခရီးသည် ၅ဝ ခန့် သောင်တင်သွားသည်ဟု ပို့ဆောင်ရေးဌာန (SMRT) ပြောခွင့်ရသူထံမှ သိရသည်။

ထိုခရီးသည်များကို ၎င်းတို့ သွားရမည့် ဘူတာများသို့ ကားဖြင့် အခမဲ့ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။

ယမန်နေ့က အဖြစ်အပျက်ကြောင့် ခရီးစဉ် ထိခိုက်သွားသူ ခရီးသည်များသည် SMRT ဘူတာရုံ ၆၉ ခုရှိ ခရီးသည်အကျိုးဆောင်ဌာနများတွင် လက်မှတ်ဖိုးငွေ အပြည့်အဝ ပြန်လည် ထုတ်ယူနိုင်ကြောင်း၊ လာမည့် ရုံးဖွင့်ရက် ၃ ရက်အတွင်း ထုတ်နိုင်ကြောင်း ထို ပြောခွင့်ရသူက ဆိုသည်။

http://news.asiaone.com/News/AsiaOne%2BNews/Singapore/Story/A1Story20100920-237997.html
မှ သတင်းကို ဆီလျော်အောင် ဘာသာပြန်သည်။

from forward mail…..

One comment

  • Gong Zhu

    September 24, 2010 at 7:16 pm

    အဲ့ဒီလူကြီးက နာကျင်တာတွေ ခံစားလိုက်ရသေးတာပေါ့နော် . . . သနားပါတယ် ။

    Reply

Leave a Reply to Gong Zhu Cancel Reply

Your email address will not be published.