ရွေးကောက်ပွဲ မလုပ်နိုင်သော ဒေသများ ထွက်လာ

smytu1996September 16, 20101min01

မြို့နယ်ပေါင်း ၃၂ ခုအောက်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကော်မရှင်က နိုင်ငံပိုင် ရုပ်မြင်သံကြားမှတဆင့် ယနေ့ ထုတ်ပြန်လိုက်သည်။

ရွေးကောက်ပွဲ ကျင်းပနိုင်သော အခြေအနေ မရှိဟု ဆိုကာ ကချင်၊ ကယား၊ ကရင်၊ မွန် နှင့် ရှမ်းပြည်နယ်တွင်းရှိ မြို့နယ် ၃၂ မြို့နယ်အောက်မှ ဒေသအချို့တွင် ရွေးကောက်ပွဲ မလုပ်ကြောင်း မြန်မာ့ ရုပ်မြင်သံကြားက ကြေညာသွားသည်

ကချင်တွင် ၉ မြို့နယ်၊ ကယားတွင် ၂ မြို့နယ်၊ ကရင်တွင် ရ မြို့နယ်၊ မွန်တွင် ၂ မြို့နယ်နှင့် ရှမ်းပြည်နယ်တွင် ၁၂ မြို့နယ်တို့ ဖြစ်ပြီး အချို့ မြို့နယ်များတွင် မြို့နယ် တခုလုံးတွင် ရွေးကောက်ပွဲ မလုပ်နိုင်ခြင်း ဖြစ်သည်။ အထူးသဖြင့် ဝ ပြည် သွေးစည်း ညီညွှတ်ရေးအဖွဲ့ ထိန်းချုပ်ရာ ဒေသများ ဖြစ်သည်။

ရွေးကောက်ပွဲ မလုပ်နိုင်သော ဒေသများတွင် အပစ်ခတ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထိန်းချုပ်ထားသော ဒေသအများစု ပါဝင်သည်။ စစ်အစိုးရက နယ်ခြားစောင့်တပ် ပြောင်းရေး အစီအစဉ် မအောင်မြင်ခြင်း၏ နောက်ဆက်တွဲလည်း ဖြစ်သည်။Source:Myanmar News

One comment

  • kyansitthar101

    September 16, 2010 at 11:46 pm

    ရွေးကောက်ပွဲ မလုပ်ဖြစ်တဲ့ နယ်တွေတော့ ဘယ်ပါတီမဲထည့်ရမလဲဆိုပြီး ခေါင်းစားစရာ မလိုတော့ဘူးပေါ့။

    Reply

Leave a Reply

Your email address will not be published.