body painting among myanmar ladies

etoneSeptember 16, 20101min08
မြို ့ပြနေ ဆယ်ကျော်သက် မြန်မာ်မိန်းကလေးငယ်များ ကြားတွင် ခန္တာကိုယ်ပေါ်၌ ဆေးမှင်
ကြောင်ထိုးခြင်းနှင့်ဆေးမှင်ကြောင်ကဲ့သို ့သောအရုပ်များရေးထိုးခြင်းခောတ်စားလာသည်ဟုသိရသည်။

ထိုကဲ့သို ့ခောတ်စားရခြင်းမှာ နိုင်ငံတကာ ဖျော်ဖြေရေးရုပ်သံလိုင်းများဖြစ်သည့် Fashion TV(FTV) နှင့် MTV ရုပ်သံလိုင်းများကြောင့်ဖြစ်သလို မြန်မာမိန်းကလေးတို ့အကြိုက်ဟောလိဝုဒ် သရုပ်ဆောင်များ ခန္တာကိုယ် ပေါ်ရှိ
တက်တူး အလှကြောင့် ဖြစ်သည် ဟု သိရသည်။

လက်မောင်၊တင်ပါးနှင့် ခြေသလုံးတွင် နှင်းဆီပွင့် နှင့်လှပသော ကနုတ်များပါဝင်သည့်အသက်နှစ်ဆယ်ခန့်အရွယ်ဆေးမှင်ကြောင်ထိုးထားသည့်ဧချိုဆိုသည့်မိန်းကလေးကမူ
“သမီးထိုးထားတာ သင်္ကြန် မတိုင်ခင်တုန်းက သူငယ်ချင်းတွေက အရင်ထိုးတာ နင် သင်္ကြန်မှာတက်တူးပါမှ လန်းမှာ ဒီခောတ်က ဘယ်လောက် စတိုင်ရှိရှိ တက်တူးမပါရင် မလန်းဘူးဆိုလို ့ထိုးလိုက်တာ ဒါပေမယ့် သမီး ကြိုက်တယ် ။လေးနေရာ ထိုးထားတယ် ၊ငါးသောင်းကျော်ကုန်တယ်” ဟု ဧချိုက သူမ၏ အတွေ ့အကြုံကို Freedom News Group သို ့ပြောသည်။

အမျိုးသမီးငယ်များကြားတွင် ဆေးမှင်ကြောင် ထိုးခြင်းမှာ ၁၉၉၈ ခုနှစ်မတိုင်ခင်ကတည်းက ရှိသော်လည်း ၂၀၀၈ ခုနှစ် နောက်ပိုင်းတွင်မူဆယ်ကျော်သက် အမျိုးသမီးများကြား၌ ပို၍ ပေါ်ပြူလာဖြစ်ခဲ့သည်။နာမည်ကျော် အမျိုးသမီး ပေါပ် အဆိုတော် တစ်ဦးက မူ “ဖက်ရှင်တီဗီမှာ လာတဲ့ Body Painting Contest မှာ ဆွဲထားတဲ့ တက်တူးတွေက ကောင်းတယ်လေအဲဒီ ဒီဇိုင်းတွေ ကို သေချာမှတ်ပြီး ပြန်ထိုးခိုင်းထားတာ ”ဟု သူမ ဆေးမှင်ကြောင် ထိုးဖြစ်ပုံအကြောင်း ကို ပြောပြသည်။

နာမည်ရလာသည့် တက်သစ်စမော်ဒယ်(လ)လေး ဂျူးဂျူးကေ၏ Body Art အလှ

မိန်းကလေးအများစုသည် လက်မောင်းနှင့် ရင်သားအထက်ပိုင်းနေရာများတွင် အထိုးများသော်လည်း ပန်ခ် ဂီတ အကျော်အမော်များ ဝတ်ဆင်သည့် စတိုင်လ် ကို လိုက်လံတုပ ထားသည့်မိန်းကလေး အများစုကမူ ၎င်းတို ့စိတ်ကြိုက် ခန္တာကိုယ် နေရာတွင် ထိုးကြသည်။

အမျိုးသမီးငယ်များကြားတွင် ဗန်းစကား ဖြင့် အရင်တုပ်(အရုပ်တင်)သည် ဟုခေါ်သည့်ဆေးမှင်ကြောင် ထိုးခြင်းတွင် တစ်ယောက်ခြင်း ထိုးသလို မိန်းကလေး အုပ်စု နှင့် သမီးရည်းစား ချစ်သူ နှစ်ဦး အတူထိုးခြင်းဟူ ၍ အမျိုးမျိုးရှိသည်။

စိန် ့ဩဂတ်စတင်းကျောင်းမှ ဆယ်တန်းကျောင်းသူ အိမြတ်ကမူ “ကျောင်းမှ ဆရာမ က ဆေးမှင်ကြောင်
ထိုးရင် ဝါနင် ပေးမယ် ဆိုလို ့သူမြင်တဲ့နေရာမှ မထိုးရဲ ဘူး နောက်ကျောက တင်ပါးနေရာ မှာထိုးထားတယ်
သမီးတို ့သူငယ်ချင်း ငါးဦး စလုံး ဒီဇိုင်း တစ်မျိုးတည်း ထိုးကြတာ လစ်ဘာတီ ရုပ်တုကြီး ကို မြွေက ခွေ နေတဲ့ ပုံ Prison Break  မှာ ပါလို ့သဘောကျလို ့ထိုးထားတာ ဆယ်တန်းပြီးရင် တော့ လက်ချောင်းလေးတွေမှာ ထပ်ထိုးမယ် ”ဟုဆိုသည်။

နိုင်ငံရပ်ခြားရှိ အမျိုးသမီးများကဲ့သို ့ခန္တာကိုယ် တစ်ခုလုံး ဖုံးလွှမ်းသွားအောင် Body Painting လုပ်သည့် မိန်းကလေးများ လည်းရှိသော် လည်း ထိုမိန်းကလေးများမှာ party
နှင့် ဧည့်ခံပွဲများ အတွက် အနည်းဆုံး လေးရက်ခန် ့ခံသော တစ်ခါ သုံးဆေးများကို အသုံး
”ပြုကြသည် ဟု သိရသည်။

ခန္တာကိုယ် ပေါ်တွင် ဆေးမှင်ကြောင်များထိုးသည့် မိန်းကလေးများ နှစ်ခြိုက်သည့် လက်ရာ
များကို ဖန်တီးပေးသည့် ဗိုလ်ချုပ်ဈေး ရှိ အလှပြင်ဆိုင် တစ်ခုမှ ဆေးမှင်ကြောင် ထိုးပေးသူ
တစ်ဦးကမူ“ သမီးရည်းစားစုံတွဲ တွေ က နှစ်ယောက်ပေါင်းမှ တစ်ပုံ ဆွဲကြတာများတယ်
နောက်သူ တို ့က လူမမြင်ကွယ်ရာတွေ မှာ သူတို ့ရဲ ့ချစ်သင်္ကေတ အဖြစ်ဆွဲကြတာများ
တယ် ပြတ်သွားပြန် ဖျက်ဖို ့လုပ် နောက် တစ်ယောက်ပြောင်းရင် နောက် တစ်ပုံတင် ဖို ့လုပ်
မလွယ်ဘူ း သူတို ့တွေက ”ဟု ဆိုသည်။

နိုင်ငံခြားမှာ တက်တူး ကတလောက်များ နှင့် ဆေးများကို မှာ ယူတင်သွင်းပြီး အပျော်တမ်း
ထိုးလေ့ရှိသူ တစ်ဦးက မူ “ရုပ်ရှင် မင်းသမီး အန်ဂျလီနာဂျိူလီ တို ့မယ်ဂန် ဖောက်စ် တို ့
ထိုး တာ သဘောကျ လို ့လာထိုးကြတာတဲ့ တချို ့မိဘ မသိအောင် ခိုးပြီးတော့ မတော် နေ
ရာတွေမှာ ထိုးကြတာရှိတယ် ။သူတို ့အချင်းကြားမှာ ပြန်ကြွားတာပေါ့ ၊အခုတော့ တော်
တော် ထိုးပေးရတယ် မင်းမော်ကွန်း တို ့ဝဏ္ဏခွာနီး တို ့တက်တူး ဓာတ်ပုံထွက် လာကတည်း
က ”ဟု သူက မြန်မာ နိုင်ငံတွင် တကျော့ ပြန် ဆေးမှင်ကြောင် ထိုးခြင်းခောတ်စားလာပုံ
ကိုရှင်းပြသည်။

ခန္တာကိုယ်ပေါ် တွင်ဆေးအလှခြယ်နေ သည့် မိန်းကလေး တစ်ဦး

ref: Freedom News Group

8 comments

  • kopauk mandalay

    September 16, 2010 at 9:09 am

    ကျနော့်အမြင်ကတော့ လူဆိုတာအလှကြျိက်တော့ လှသထက်လှအောင် ပြင်ကြထွင်ကြမှာပါ။
    ဒါပေမယ့်တက်တူးကတော့ ပြန်ဖျက်လို့မရတဲ့အထဲမှာပါတော့ ကိုယ်စိတ်ကိုယ်သေချာပြီဆိုမှ
    ထိုးသင့်ပါတယ်။
    မတော်လို့များနို့အုံပေါ်ဘီလူးရုပ်တို့ မြွေရုပ်တို့ထိုးထားမိရော ယောက်ျားယူကလေးရမှ
    ကလေးနို့လှန်တိုက်တိုင်းကလေးက အဲဒီပုံတွေမြင်တာနဲ့ လန့် လန့်ငိုရင်တော့ ဒုက္ခဘဲလို့ ကိုပေါက်က ပေါက်ပေါက်ရှာရှာတွေးမိပါသဗျား။
    အဲလိုတော့လုပ်နဲ့နော်………………………………

    Reply

  • antimoe

    September 16, 2010 at 9:11 am

    ္မမလုပ်ခင် စဉ်းစားစေချင်တယ်။ တက်တူးကိုလက်မခံသေးတဲ့တိုင်းပြည်(ဂျပန,်etc)ကိုသွားဖို့ရှိတဲ့သူတွေသတိထားသင့်ပါတယ်။

    Reply

  • intro

    September 16, 2010 at 10:35 am

    ပြချင်လို့ထိုးကြတာနေမှာပေါ့ဗျာ… ခုချိန်ထိတော့ အရုပ်ကလေးတွေနဲ့ အပြင်မှာတစ်ခါမှ မကြုံဖူးသေးဘူး၊ 😛

    Reply

  • ဆူး

    September 16, 2010 at 12:03 pm

    ကိုပေါက်အတွေးကတော့ လန်ထွက်နေတာဘဲ.. အဲဒါတွေ ထိုးလို့ ကင်ဆာ ဘာညာ ကွိကွမဖြစ်နိုင်တာ အာမခံလား..

    Reply

  • Gong Zhu

    September 16, 2010 at 1:36 pm

    ရှက်စရာကြီးနော် . . .

    Reply

  • moethidasoe

    September 17, 2010 at 9:09 am

    ဆေးခြယ်တယ် ဆိုရင်တော့ ပွဲပြီးတဲ့အခါ ဖျက်လို့ ရတယ် .. ဆေးမင်ရည် စုတ်ထိုး .. အတည်ထိုးထားလို့ကတော့ .. မမြင်ရတဲ့ နေရာ ဆိုပေမယ့် .. ထိုးပေးတဲ့ လူတော့ မြင်မှာပေါ့နော် .. ဒီလူတော့ ပွတာပဲ .. playboy ထဲက မိန်းကလေးတွေကတော့ ယုန်ရုပ် ရေးကြတယ် .. ယုန်ရုပ် ပါရင် သူတို့တွေလို့ မှတ်လိုက်လို့တောင် အမှတ်အသားစွဲ ရှိကြတယ် .. ဟိုတုန်းက လမ်းသရဲတွေပဲ အရုပ်တွေ ရေးကြတယ် .. ကျန်တာတွေကတော့ စာတွေ အသည်းဓါးထိုးပုံတွေ များကြတယ် .. ဦးကျော်ဟိန်းတောင် မှ လေဆာနဲ့လား ဘာနဲ့လားမသိ ဖျက်ထားတာ .. ပုခုံးမှာ စိန်ဂေါ်လီ အမှတ်အသားနဲ့ .. တကယ် လူကြီးလူကောင်း ဟိတ်ဟန် ထုတ်ရမယ် ဆိုရင်တော့ အဲဒီ မင်ကြောင်တွေက ကိုယ့်ကို သိက္ခာ ချပြီသာမှတ် .. ဒေးဗစ်ဘက်ခမ်းတောင် အင်္ကျီကိုယ်ချွတ် နေတဲ့အခါ ကြည့်ရ ရုပ်ဆိုးပါတယ် ..ယောက်ျားတွေအတွက်တောင် ဒီလောက်ခက်နေရင် မိန်းကလေးများအတွက် ဘယ်လောက် ပြဿနာ တက်မလဲပဲ .. ဒီကြားထဲ ရည်းစားနာမည် ထိုးထားပြီး အဲဒီလူနဲ့ ပြတ်သွားတဲ့အခါ ဘာလုပ်ရမလဲ စဉ်းစားကြဦးနော် ..

    Reply

  • thethtet87

    September 28, 2010 at 11:04 am

    လူမမှားအောင်အမှတ်အသားလုပ်တာနဲ့တူတယ်။ဆေး
    မှင်ကြောင်ထိုးတဲ့သဘာဝကိုတော့အားမပေးဘူး။
    မပြောတတ်ဘူးလေ။သူ့စိတ်ကူးနဲ့သူထင်တာဘဲ။

    Reply

  • intro

    September 28, 2010 at 1:06 pm

    အမျိုးသမီးငယ်တွေက အသားပေါ်မှာ ဆေးမင်ကြောင်ထိုးတာထက် ခဏတာအတွက် Sticker ဆေးကပ်တာကိုတော့ ပိုပြီးကြိုက်ကြတာ တွေ့တယ်ဗျ… သူငယ်ချင်းတွေထဲမှာလဲ ရှိတယ်၊ body painting ကတော့ အဆွဲခံရဲဖို့ လိုသေးတယ်လေ… မြန်မာ မိန်းကလေးငယ် အများစုက အလှကပ် Sticker တွေ သုံးတာပါ…

    Reply

Leave a Reply

Your email address will not be published.