တရုတ် စစ်တက္ကသိုလ်တွင် တက်ရောက်ရန် ဖိုးလပြည့် စာရင်းဖြည့်သွင်းခဲ့

etoneSeptember 16, 20101min04

အဘိုး ဖြစ်သူ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် အတူ တရုတ် ပြည်သို ့ ငါးရက် ကြာအလည်အပတ်
သွားရောက်ခဲ့သည့် နေရွှေသွေးအောင် သည် သက်တမ်း ၈၅ နှစ် ရှိပြီ ဖြစ်သည့် တရုတ် ပြည်သူ ့
လွတ်မြောက်ရေးတပ်မတော်၏ စစ်တက္ကသိုလ် တွင် ပညာသင်ယူ နိုင်ရန် အတွက် စာရင်းသွင်း
ထားပြီး ဖြစ်သည် ဟု သိရသည်။

စစ်တက္ကသိုလ် များ အနေဖြင့် အရည်အချင်း ပြည့်မှီ မှု ရှိမှ အချိန်ပြည့် သင်ကြားခွင့်ရရှိရန်
လက်ခံသော်လည်းနေရွှေသွေးအောင် ကိုမူ တရုတ်ပြည်၏ အဆွေတော် နိုင်ငံမှ ခေါင်းဆောင် တစ်ဦး
၏ သားသမီး အဖြစ် ချွင်းချက် ဖြင့် လက်ခံ နိုင်သည် ဟု ရုရှား နိုင်ငံ မော်စကို မြို ့တွင်ပညာ သင်ကြားနေ
သည့် စစ်တပ် အရာရှိတစ်ဦး က Freedom News Group သို ့ပြောသည်။

ထိုအရာရှိ က ဘယ်လို ပြောရမလဲ Honorable Doctrine ပေါ့ ဒီရုရှား မှာ လည်းရှိတယ်။ ရုရှား စစ်တက္ကသို လ်
ကနေ အရှေ ့ဥရောပ နဲ ့ တခြား နိုင်ငံက ဒိုင်နက်စတီ သားသမီး တွေ ကို ခေါ်ပြီး တစ်နှစ် လောက် ပညာ
သင်ပေး သူတို ့ရဲ ့တိုက်ချင်းပစ် လက်နက် ထားတဲ့ နေရာ (ရှေ ့တန်း) တွေ နဲနဲ ပါးပါး လိုက်ပြပြီး ရင် ဂုဏ်
ထူးဆောင် ဘွဲ ့ပေးလိုက်တာ တို ့ ဘာတို ့ရှိတယ်။ သူက ဘယ် လို ဘာသာရပ် ကို ယူမလဲ တော့ မသိဘူး။
ဒါမျိုးက ပညာတော် သင် ဆုပေး သလိုမျိုး ပဲ ဟု ပြောသည်။

နေရွှေသွေးအောင် သည် ပြီးခဲ့သည့် လက သူ၏ ရဟတ်ယာဉ် မိတ်ဆက် ပွဲ တွင် သူငယ်ချင်း များ အား
နိုင်ငံ အုပ်ချုပ် ရေး ကို စိတ်မဝင်းစား ဟု အတိအလင်းပြောကြားခဲ့သည်။

ယခု ဆေးတက္ကသိုလ် တက်နေ သည့် နေရွှေသွေးအောင် သည် အမေရိကန် စစ်ဘက်သုံး အပါချီ နှင့် ဘလက်ဟော့ ရဟတ်ယာဉ် များ ကို မောင်းနှင် လိုစိတ် ရှိ သည် ဟု ဆိုသည်။ ၎င်းသည် ထိုင်းတပ်မတော်
သုံး အမေရိကန် ရဟတ်ယာဉ် များ ရရှိ ရန် နည်းလမ်းများ စွာ ဖြင့် ကြံဆနေ သည် ဟု ၎င်း ၏ သူငယ်ချင်း
တစ်ဦးက FNG သို ့ပြောသည်။

4 comments

  • intro

    September 16, 2010 at 10:31 am

    သူ့ကုသိုလ်နဲ့ သူပဲဗျ… အနည်းဆုံးတော့ ဖြစ်ချင်တာကို ဖြစ်အောင် လုပ်နိုင်ကြပါတယ်… (ကောင်းပါတယ် ကောင်းပါတယ်)

    Reply

  • babymay

    March 29, 2011 at 9:20 am

    ဘာလို့မြန်မာပြည်မှာမတက်တာလဲ။ ကိုယ့်ကိုယ်ပိုင် စစ်တပ်ကြီး တခုလုံး ရှိရဲ့သားနဲ့။

    Reply

  • kai

    March 29, 2011 at 9:52 am

    အဟမ်း..
    သူသာဆန္ဒရှိရင်..ဝက်စ်ပွိုင့်မှာ တက်လို့ရမယ် ထင်ပါတယ်..။

    အီဂျစ်တပ်က.. ကဒါဖီနောက်မပါပဲ.. လူထုဖက်ကရပ်နေတာဟာ.. အီဂျစ်တပ်ရဲ ့ ထရိန်းက.. ယူအက်စ်ဖြစ်လို့ပါ..။
    မြန်မာပြည်ရဲ့ တပ်မတော် ထရိန်းက.. လက်အောက်ငယ်သား ပါးချလို့ရတဲ့ ဖက်ဆစ်ဂျပန်ဆီကယူခဲ့တာကိုး..။
    ဖက်ဆစ်ဂျပန်က စစ်ရှုံးလို့.. မျိုးကန်းသွားပေမဲ့.. မြန်မာတပ်မတော်မှာ သူတို့အမြုတေကျန်ခဲ့တယ်ထင်မိတယ်..။
    ဒါကို.. ဖျောက်နိုင်ဖို့က.. ကမ္ဘာ့အင်အားအကြီးဆုံးစစ်တပ်မှာ နောက်ပိုင်းဂျင်နရေးရှင်းတွေ စစ်ပညာသင်ပေးနိုင်မှဖြစ်မှာ..။
    ဒါဆို.. နောက်အနှစ် ၃-၄ဆယ်လောက်မှာ..မြန်မာပြည် နည်းနည်းကောင်းလာနိုင်တယ်..။

    Reply

  • လင်းဝေကျော်

    March 29, 2011 at 10:37 am

    အနောက်က သင်လာတဲ့ အောင်ကြည် လည်း အခုတော့ ရောပြီး ချေးစားတာပါပဲ။
    အေဘယ်လည်း ညာဖြီးခဲ့တာပဲ။
    အရေအတွက်နည်းသေးတာကိုး။

    Reply

Leave a Reply

Your email address will not be published.