မဟာဗန္ဓုလတံတားအဆင်း ဒေါပုံသင်္ဘောကျင်းအနီး၌ စက်တင်ဘာလ ၁၃ ရက်နေ့ ည ၁ဝနာရီဝန်းကျင်အချိန်တွင် သစ်လုံးတင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား

etoneSeptember 16, 20101min03
မဟာဗန္ဓုလတံတားအဆင်း ဒေါပုံသင်္ဘောကျင်းအနီး၌ စက်တင်ဘာလ ၁၃ ရက်နေ့ ည ၁ဝနာရီဝန်းကျင်အချိန်တွင် သစ်လုံးတင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား

မဟာဗန္ဓုလတံတားအဆင်း ဒေါပုံသင်္ဘောကျင်းအနီး၌ သစ်လုံးတင်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၃ရက်နေ့ ည၁ဝနာရီဝန်းကျင်အချိန်က သစ်လုံးရေ ၈ လုံးဝန်ကျင် သယ်ဆောင်လာသည့် ၁ဝ ဘီးကားတစ်စီးသည် မဟာဗန္ဓုလတံတားအဆင်းတွင် အရှိန်လွန်ကာ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ပြီး တိမ်းမှောက်ခဲ့မှုကြောင့် လူသေဆုံးမှုမရှိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဖြစ်ပွားမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် မဟာဗန္ဓုလတံတားအနီးရှိ ထမင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက “တံတားပေါ်ကနေ သစ်လုံးတင်ကားကြီးတစ်စီးအရှိန်နဲ့ ပြေးဆင်းလာတာကိုတွေ့ရတယ်။ အဲဒီကားကြီးကို ကြည့်ရတာ အရှိန် မထိန်းနိုင်ဖြစ်ပြီး ဒယိမ်းဒယိုင် မောင်လာရင်းက တံတားအဆင်း မြေညီလမ်းပေါ်လည်းရောက်ရော ဖြည်းဖြည်းခြင်းယိုင်ပြီး လဲကျသွားတယ်။ ကားပေါ်က သစ်လုံးတစ်ဝက်ကျော်က လမ်းမပေါ်ကို ပြုတ်ကျကုန်တယ်။ ညပိုင်းဆိုတော့ တစ်ဖက်ယာဉ်ကြောက ကားမလာတာကံကောင်းသွားတယ်။ ပြီးတော့ ဖြစ်တဲ့အချိန်မှာ လမ်းဘေးပလက်ဖောင်းပေါ်မှာ လူတွေရှိမနေလို့ အခြေအနေကောင်းသွားတယ်”ဟု ပြောပြခဲ့သည်။

အရှိန်လွန်တိမ်းမှောက်ခဲ့သည့် နေရာသည် သစ်လုံးတင်ယာဉ်ကြီးများ တိမ်းမှောက်လေ့ရှိသော နေရာတစ်ခုဖြစ်ပြီး ယခုဖြစ်ပွားသည့် သစ်လုံးတင်ယာဉ်တိမ်းမှောက်မှုသည် ယခုနှစ်အတွင်းဒုတိယ အကြိမ်မြောက်ဖြစ်ကြောင်း၊ ယခုနှစ် နှစ်ဆန်းပိုင်းတွင်လည်း သစ်လုံးတင်ယာဉ်ပေါ်မှ သစ်လုံးများပြုတ်ကျကာ အနီးအနားရှိ မော်တော်ယာဉ်များကို ပိမိခဲ့သဖြင့် လူသေဆုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

ref: Freedom News Group

3 comments

  • Gong Zhu

    September 16, 2010 at 2:46 am

    ကားကြီးအကြီးကြီးမောင်းပြီးတော့ ဂရုလည်းမစိုက်ဘုူး ။ ဥပဒေအရအရေးယူခံရမှာပေါ့နော်

    Reply

  • doekalay

    September 16, 2010 at 4:21 am

    ကားအကြီးမောင်းတော့ သတိထားရတာပေါ့။ စက်ချို့ယွင်းမူဆိုတာ
    ဘယ်အချိန် ဖြစ်မယ်မသိရဘူး။ ဒါကြောင့် ပိုသတိထားသင့်တယ်လို့ ထင်ပါတယ်။

    Reply

  • လင်းဝေကျော်

    September 16, 2010 at 4:38 am

    အဲဒီတံတားအဆင်းမှာ လမ်းက လှိုင်းထနေတာလဲပါတယ်လေ။
    မြန်မာပြည်မှာ အင်ဂျင်နီယာ သူခိုးတွေသတ်လို့သေတဲ့သူတွေများလှပြီ။
    အဆင်းမှာ ဖရီးရိုက်လာတုန်း လမ်းကလှိုင်းထနေတော့ ခုန်ပေါက်ပြီး
    အပေါ်ကအလေးချိန်ကလည်းများ ချည်ထားတာကလည်းမမြဲတော့
    သစ်လုံးတွေရွဲ့စောင်းကျပြီး မှောက်တော့တာပေါ့။

    Reply

Leave a Reply to doekalay Cancel Reply

Your email address will not be published.