ရန်ကုန်ဘူတာကြီး

manawphyulaySeptember 15, 20101min00

တံတားအောက်ခြေ ဘူတာကြီးမှ
မီးပျပျတို့ တစ်စတစ်စွန်း
ညှိထွန်းလေပြီ။
တံတားပေါ်က ဓာတ်တိုင်များလည်း
လွင့်ဖြာရောင်လျှံ သူ့အားအင်ဖြင့်
တံတားပေါ်က လမ်းအစကို
ထွန်းပချေပြီ။
လိုရာခရီး ပို့ဆောင်ပေးဖို့
တရိပ်ရိပ်ဖြင့် ခုတ်မောင်းလာမည့်
အိုဘယ့် ရထားငယ်
သင်လာမယ့်အချိန် ရောက်ရှိလာပြီ။
စောင့်မျှော်နေသော လူအများလည်း
ပျားများကဲ့သို့
ယောက်ယက်ခတ်လျက်
သင်လာရာလမ်းဆီ
မျှော်ငေးကြပြီ။
အချိန်ကျသော်
အို ရထားငယ်
သင့်ရဲ့ လုပ်ငန်းဆောင်တာ
ထမ်းဖို့အရေး
မှန်မှန်ခုတ်မောင်း
လာချေပြီတကား။

Leave a Reply

Your email address will not be published.