အကောင်းဆုံး ဖြစ်ပါစေ

Good IdeaSeptember 13, 20101min01

ရေးသူ – နောင်နောင်

မိမိကိုယ်သာ အကောင်းဆုံး ဖြစ်ပါစေ
ကဗျာ ဆရာကြီး ဒေါက်ကလပ်စ်မာလော့ ရဲ့ ကဗျာလေးပါ။

သင်သည် တောင်ထိပ်ပေါ်က ထင်းရှုးပင်လေး မဖြစ်နိုင်ခဲ့ရင် တောင်ကြားထဲက ချုံပင်လေး ဖြစ်ပါစေ၊ သို့သော်လည်း တောင်ကြားနဘေး နေရာမှာ အကောင်းဆုံး ချုံပုတ်လေး ဖြစ်စေရပါမယ်။

သစ်ပင်ကြီး မဖြစ်နိုင်လျှင်လည်း ချုံပုတ်လေးတော့ ဖြစ်ပါစေ။

ချုံပုတ်လေး မဖြစ်နိုင်ရင် မြက်ပင်လေးဖြစ်ပါစေ၊ ဒါပေမဲ့ အဲဒီ မြက်ပင်လေးဟာ လမ်းမကြီးကို လှပအောင် တန်ဆာဆင်ပေးနေတဲ့ မြက်ပင်လေးတွေ ဖြစ်ပါစေ။

အကယ်၍ သင်ဟာ ငါးသလောက် မဖြစ်လျှင် ငါးစင်ရိုင်းလေး ဖြစ်ပါစေ၊ အဲသည် ငါးစင်ရိုင်းလေးဟာ အလှဆုံး ငါးလေးတကောင် ဖြစ်နေပါစေ။

ကျွန်တော်တို့ အားလုံးဟာ ခေါင်းဆောင်ချည်း မဖြစ်နိုင်ပါဘူး နောက်လိုက်တပည့် များလည်းဖြစ်နိုင်ပါတယ်။

ဦးဆောင်ရသည် ဖြစ်စေ၊ နောက်လိုက်ရသည် ဖြစ်စေ မိမိရောက်ရာကနေ မိမိတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နိုင်ဖို့သာ အဓိက ဖြစ်ပါတယ်။

အရေးကြီးတဲ့ အချက်ကတော့ ကြီးကြယ်တဲ့ အလုပ်ကိုပဲ ဖြစ်စေ၊ အသေးအဖွဲ သေးငယ်တဲ့ အလုပ်ဖြစ်စေ အစွမ်းကုန် လုပ်ဖို့ပါပဲ၊ မည်သည့် အလုပ်မဆို အတတ်နိုင်ဆုံး ကြိုးစားပါ။

သင်ဟာ လမ်းမကြီး မဖြစ်နိုင်လျှင် လူသွားလမ်းလေးတော့ ဖြစ်ပါစေ။

သင်ဟာ နေမင်းကြီး မဖြစ်နိုင်လျှင် ကြယ်ပွင့်လေးတော့ ဖြစ်ပါစေ။

အကြီးအသေး အရွယ်အစားကို တွေးပြီး နေမင်းကြီး ဖြစ်မှသာ အောင်မြင်တယ် မယူဆလိုက်ပါနဲ့၊ သူ့အရွယ်အစားနဲ့သူ အရည်အချင်းလဲ မတူပါဘူး၊ ဘာကိုပဲ လုပ်လုပ် အရွယ်အစားကို လိုက်ပြီး အနိုင်အရှုံး ဘယ်လိုမှ ဆုံးဖြတ်လို့ မရဘူးဆိုတာ သိပါ၊ ဘာပဲ ဖြစ်ဖြစ် ဖြစ်သမျှ အခြေအနေမှာ အကောင်ဆုံးဖြစ်အောင် ကြိုးစားဖို့သာ အဓိက ပါပဲ။

ဘာပဲဖြစ်ဖြစ် အကောင်းဆုံးသာ ဖြစ်ပါစေ။

ဒါကြောင့် ကျွန်တော်တို့ ဘဝမှာ ပူပင်သောက ကင်းဝေးပြီး ငြိမ်းချမ်းစွား အသက်ရှင် နေထိုင်လိုလျှင် အောင်ပါ အချက်တွေကို အမြဲသတိရပြီး ကျင့်ကြံပါလေ။

သူတပါးကို မတုပနှင့်

ကိုယ့်အစွမ်းအစကို တွေ့အောင်ရှာ

အရှိကို အရှိအတိုင်းကြိုးစားပါ။

Myanmar Medical Community မှ ကူးယူဖော်ပြသည်။

One comment

  • japanesegirl

    September 16, 2010 at 3:07 am

    အကောင်းဆုံးဖြစ်ပါစေတဲ့
    မှန်ပါတယ် ကိုယ်ဘဝမှာ ရရှိတဲ့အခြေအနေကို အကောင်းဆုံးဖြစ်အောင်
    ကြိုးစားသင့်ပါတယ်
    အကောင်းဆုံးဖြစ်ဖို့သာ ကြိုးစားပါ သင့်အတွက်နေရာတခု အမြဲရှိနေမည်။

    Reply

Leave a Reply

Your email address will not be published.