ဗိုလ်ချုပ်အောင်ဆန်းဈေးအနီးမှ ချိန်ကိုက်မိုင်း

etoneSeptember 13, 20101min06

ဗိုလ်ချုပ်အောင်ဆန်းဈေး ရထားလမ်းခုံးကျော်တွင် ချိန်ကိုက်မိုင်း တစ်လုံးတွေ ့ရှိဟု မြန်မာဝဘ်ဆိုက်တစ်ခုတွင်ဖော်ပြထားပါသည် ။ အသေးစိတ်သတင်းရှိပါက share ပေးကြပါ ။

6 comments

  • ဆူး

    September 13, 2010 at 9:47 am

    မြန်မာ့ အလင်း သတင်းစာ မှာ ပါတယ်လေ မနေ့က သတင်းစာမှာ တွေ့မိတယ်

    Reply

  • michaelaungpu

    September 13, 2010 at 10:05 am

    မြန်မာ့ အလင်း သတင်းစာ မှာ ပါတယ်လား
    အားတော့နာပါတယ်
    အဲ့သည် သတင်းစာကြီးကိုယုံဘူး
    ဖောက်ခွဲဘို ့ထောင်ထားတဲ့ဗုံးကို မကွဲခင်တွေ ့တယ်ဆိုတာကိုက
    အကြောင်းတစ်ခုဖြစ်လေတယ်ဆိုတာ ကို သေသေခြာခြာ
    စားစားဆင်းဆင်း လုပ်ကြပေါ့
    မတော်နေ ကြေးမှုံ တွက် ကုန်ကြမ်းဖြစ် ပါဦးနေမယ်

    Reply

  • ဆူး

    September 13, 2010 at 10:07 am

    အယုံအကြည်မရှိလို့ ဖတ်တောင် မဖတ်မိဘူး တွေ့မိတာကို ပြန်ပြောပြတာ

    Reply

  • intro

    September 13, 2010 at 12:36 pm

    မြန်မာ့အလင်းဆိုတာ လက်နဲ့ မကိုင်မိတာတောင် ကြာပေါ့ဗျာ…

    Reply

  • Team X

    September 13, 2010 at 12:39 pm

    အင်း ဒါကတော့လေကွယ် ပဲခူးမှာက အခြေအနေမကောင်းတော့လေကွယ် တို့များ ဘကြိး အတွက် အခြေအနေမကောင်းတော့ အဲဒီကိစ္စကို မေ့သွားကြအောင်လို့ နောက်ထပ် လှည့်ကွက်လေးလုပ်ပြီး ဆင်လိုက်တာပါ။ ဒါကိုလိုက်ပြိး သံယောင်လိုက်ယင်တော့ သူလှည့်ကွက်ထဲမှာ မျှော့နေမယ်နော်။ နောက် ဗိုလ်ချျုပ်ဈေးမှ မတွေ့ခင် ပထမတစ်ရက်ကလား မသိဘူး။ ချိန်ကိူက်မိူင်းတွေလေ။ မိတာမိတာ လျပ်စစ်တာဝါတိုင်ကိုဆိုတာ ဘာကိုဆိုတာ ထောင်ထားတာ သွားဖြုတ်တုန်း လှည့်ကွက်ဆင်ထားတဲ့ မိုင်းကဆိုလား ထပေါက်တယ်ဆိုလား တစ်ယောက်တောင် ထိသွားဆိုပဲ။ ဒိတော့ ကျွန်တော်တို့ သိထားရမှာက သူဆီမှာ ကာကွယ်စရာများရှိလာပါက ဟိုနေရာမှာ မိုင်းတွေ့ ဒိနေရာမှာ မိုင်းထောင်များကို ကြားရသည်မှာ 10 စုနှစ် တစ်ခုလောက်ထည်းက မှတ်မိနေပါတယ်။ ကျန်တာတော့ ကျွန်တော်မပြောလိုတော့ပါ။

    Reply

  • kai

    September 13, 2010 at 7:16 pm

    စက်တင်ဘာလ ၉ ရက် ညပိုင်းက ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းဈေး မြောက်ဘက်တန်းနှင့် ယောမင်းကြီးလမ်းသို့ ဆက်သွယ်သည့် ရထားလမ်းခုံးကျော် လူကူးသစ်သား တံတားပေါ်၌ အပြာရောင်တိပ်ဖြင့် ပတ်ထားသည့် မသင်္ကာဖွယ်ရာ ကွန်ပါဘူးတစ်ခုကို တွေ့ရှိကြောင်း တာဝန်သိ ပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ ကျောင်းသုံး ကွန်ပါဘူးကို အသုံးပြု မိုင်းထောင်ထားသည့် ချိန်ကိုက်မိုင်း တစ်လုံးကို စစ်ဆေး တွေ့ရှိခဲ့ကြောင်း၊ အဆိုပါမိုင်းမှာ အလျား ၁၉ စင်တီမီတာ၊ အနံ ရ စင်တီမီတာ၊ အမြင့် ၂ ဒသမ ၅ စင်တီမီတာ အရွယ်ရှိ ကျောင်းသုံး ကွန်ပါဘူးအတွင်း ထည့်သွင်း တပ်ဆင်ထားပြီး အလျား ၈ ဒသမ ၅ စင်တီမီတာ၊ အနံ ၅ ဒသမ ၅ စင်တီမီတာ၊ အမြင့် ၂ ဒသမ ၅ စင်တီမီတာနှင့် အလေးချိန် ဝ ဒသမ ၅ ပေါင်ခန့်ရှိ C4 အမျိုးအစား ယမ်းတုံး တစ်တုံး၊ ယမ်းတုံးအတွင်း တပ်ဆင်ထားသည့် အလျား ၄၂ မီလီမီတာနှင့် အချင်း ရ မီလီမီတာရှိ လျှပ်စစ်ဒီတိုနေတာ တစ်ခု၊ ဝိုင်ယာကြိုးများ တပ်ဆင်ထားသည့် ဓါတ်ခဲနာရီတစ်လုံး၊ လျှပ်စီးပတ်လမ်းထိန်း ခလုတ်တစ်ခုနှင့် AA အရွယ်အစား Panasonic ဓါတ်ခဲအသေး သုံးလုံးတို့ ပါဝင်ကြောင်း၊ ၎င်းမိုင်းကို အချိန်ကိုက် ပေါက်ကွဲစေရန် အသက်သွင်းထားပြီး အပြာရောင်တိပ်ဖြင့် ပတ်ထားသည်ကို တွေ့ရသဖြင့် မိုင်းရှင်းလင်းရေးအဖွဲ့က အသက်မဲ့သွားစေရန် အချိန်မီရှင်းလင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ချိန်ကိုက်မိုင်းကို နောက်တစ်နေ့ နံနက် ၆ နာရီခန့်တွင် ပေါက်ကွဲစေရန် ချိန်ကိုက်ထားပြီး ပြည်သူအများ နံနက်ခင်း ဈေးဝယ်ရန် သွားလာစည်ကားချိန်တွင် အချိန်ကိုက်ပေါက်ကွဲပြီး ထိခိုက်သေကျေဆုံးရှုံးမှု ကြီးမားများပြားအောင် ကြံစည်လုပ်ဆောင်ထားခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ တာဝန်သိ ပြည်သူတစ်ဦး၏ သတင်းပေး ပူးပေါင်းဆောင်ရွက်မှုကြောင့် တာဝန်ရှိသူများက အချိန်မီဖော်ထုတ် ရှင်းလင်းနိုင်ခဲ့သည့်အတွက် အပြစ်မဲ့ပြည်သူများစွာ သေကျေထိခိုက်ကြရမည့် အန္တရာယ်ဆိုးမှ ကာကွယ်နိုင်ခဲ့ကြောင်း ၊ သို့ပါ၍ ပြည်သူများအနေဖြင့် မသင်္ကာဖွယ်ရာ တွေ့ရှိပါက တာဝန်ရှိသူများထံ အမြန်ဆုံး သတင်းပေးပို့လျက် လက်တွဲပူးပေါင်း ဆောင်ရွက်ကြရန် သက်ဆိုင်ရာက တိုက်တွန်း နှိုးဆော်ထားကြောင်း ၂၀၁ဝ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

    Reply

Leave a Reply

Your email address will not be published.