မန္တလေးမြို့တွင်း မြေကွက်ကျယ်များ ခေါ်ဈေး ကျပ်သိန်းနှစ်သောင်းခွဲအထိမြင့်တက်

klnSeptember 13, 20101min03

မြန်မာနိုင်ငံတွင် ဒုတိယမြောက်လူဦးရေအများဆုံး၊ အကြီးဆုံးမန္တလေးမြို့တော်အတွင်းရှိ မျက်နှာဖွင့် မြေကျယ်သော မြေကွက်များ၏ ခေါ်ဈေးသည် စက်တင်ဘာလ ပထမပတ်အတွင်း ကျပ်သိန်းနှစ်သောင်းခွဲအထိ ဖြစ်ပေါ်နေကြောင်း မန္တလေးအခြေစိုက် အိမ်၊ ခြံ၊ မြေအကျိုးဆောင်များက ပြောကြားသည်။ မန္တလေးမြို့ ၃၅လမ်း၊ ၇၃လမ်း၊ ၇၄လမ်းနှင့် ၇၈လမ်းပတ်ဝန်းကျင်ရှိ မြေကွက်များ ကျပ်သိန်း ၅၀၀ဝမှ တစ်သောင်းကျော်အထိ ပေါက်ဈေးဖြစ်ပေါ်လျက်ရှိပြီး ရတာနာပုံဈေးနှင့် နီးစပ်သည့်အတွက် လုပ်ငန်းလုပ်ကိုင်လိုသူများ အများဆုံးဝယ်ယူကြကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံမှ ယူနန်နွယ်ဖွားများက အများဆုံးဝယ်ယူကြကြောင်း သိရသည်။ မြို့သစ် ၆၃လမ်း၌ ဇွန်လတွင် မျက်နှာဖွင့်ပေ ၄၀x ပေ၆ဝ ကျယ်မြေကွက်တစ်ကွက်လျှင် ကျပ်သိန်း ၉၀ဝအထိ ပေါက်ဈေးဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာလတွင် ကျပ်သိန်းတစ်ထောင်ကျော်အထိ ဈေးမြင့်သွားခဲ့ကြောင်း၊ ယင်းသို့ခေါ်ဈေးမြင့်တက်လာသည့်အတွက် အဝယ်အေးသွားပြီး မြို့တွင်းပိုင်းမှ အချို့နေရာများသာ အရောင်းအဝယ်ပြန်ဖြစ်လျက်ရှိကြောင်း၊ မြို့တွင်းပိုင်းတွင်လည်း ဆက်လက်၍ ဈေးနှုန်းမြင့်တက်ပါက အရောင်းအဝယ် အေးသွားနိုင်ကြောင်း ပွင့်လင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ လုပ်ငန်းရှင်ဦးသန့်ဇော်လင်းကပြောကြားခဲ့သည်။

3 comments

  • kai

    September 13, 2010 at 7:48 am

    ဘုရားရေ..
    ယူအက်စ်က..ဟောလိဝုဒ်ဆယ်လီဘရိတ်တီတွေနေတဲ့ ရပ်ကွက်..ပစိဖစ်သမုဒ္ဒရာကို လှမ်းမြင်နေရတဲ့နေရာက..အိမ်ရယ်ဒီမိတ်ဈေးတွေတောင်..ယူအက်စ်ဒေါ်လာ သန်းဂဏ္ဍန်းဆိုရနေပြီ။
    http://www.trulia.com/CA/Malibu/
    ဒေါ်လာသန်းဂဏ္ဍန်းရင်းနှီးမြုတ်နှံဝယ်ရင်..ယူအက်စ်မှာအမြဲတန်းနေထိုင်ခွင့်ပါ တင်လို့ရမဲ့အခြေအနေ..။
    မြန်မာတွေပဲ..မှားသလား..၊တရုတ်တွေပဲ..ကြောင်သလား..တခုခုပဲ..။
    ကြည့်ရတာ..အဲဒီ မြန်မာငွေသိန်းသောင်းချီတန်တဲ့အိမ်တွေအောက်မှာ..သဘာဝဓါတ်ငွေ့ထွက်တယ်နဲ့တူတယ်..။

    Reply

  • michaelaungpu

    September 13, 2010 at 9:24 am

    အထူးသဖြင့် မြန်မာနိုင်ငံမှ ယူနန်နွယ်ဖွားများက အများဆုံးဝယ်ယူကြကြောင်း သိရသည်။
    အဲ့သည်လူတွေက မြန်မာနိုင်ငံထဲမှာမွေးတဲ့မြန်မာနိုင်ငံသားတွေလား ဒါမှမဟုတ် မြန်မာပြည်ထဲက ဝါး တွေကို တရုတ်ပြည်ထဲသွင်း
    ပြီးရင် သွားကြားထိုးတံလုပ်ပြီး မြန်မာပြည်ထဲပြန်သွင်းတဲ့ တရုပ်တွေလား

    Reply

  • kyansitthar101

    September 13, 2010 at 11:08 am

    ဘာလို့ ဒီလောက် ဈေးတွေမြင့် နေကြပါလိမ့်
    ဒီလောက် ပိုက်ဆံ တွေ ဘယ်သူတွေပေးဝယ်နေကြလဲ မသိဘူးနော်

    Reply

Leave a Reply

Your email address will not be published.