နာဂစ်ကို စိန်ခေါ်နေသော ဒါလီလင်း…(အိုးကြီးလှုပ်ပါဟေ့…ဆိုပြီး)

lu ta loneMarch 30, 20101min07

ဆိုင်/မဆိုင်တော့ မသိပါ..တချို့ အယူသီးတဲ့ လူကြီးတွေ ပြောကြတာပါ..နင်တို့ စိုင်းစိုင်းခမ်းလှိုင်က အိုးကလေးလှုပ်ခိုင်းတော့ နာဂစ်တိုက်ပြီး..ငါတို့ ဆန်အိုးကြီးလို့တင်စားတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ရစရာတောင် မရှိတော့တာ..အခု တခါ  ဒါလီလင်းက အိုးကြီးလှုပ်ပါဟေ့..ဆိုတော့..အမယ်လေးဆိုပဲ..ဗျ..  ကျွန်တော် သိဘူးနော်..လူကြီးတွေ ပြောပြတာကို ရေးတာပါ… ဟဲ   ..ဒါကတော့ ကျွန်တော်ထပ်ဖြည့်စွက်တာပါ..သူက အိုးကြီးတောင်   ခပ်ကြမ်းကြမ်းလှုပ်ခိုင်းတယ်လို့ ဆိုလိုက်သလားပဲ…ကြားမိတာပြောတာပါ..  ပြောရင်းတောင် ကြက်သီးထလာတယ်…  တခါ တခါတော့လည်း  ခေတ်လူငယ်ဆိုပေမဲ့… ရှေးထုံးလည်း မပယ်ရဲဘူးဗျ…..

Download Link: http://www.4shared.com/file/253349454/f0149f0b/Dar_Li_Linn.html

7 comments

  • kai

    March 30, 2010 at 10:00 am

    အရင်တုံးကလည်း “မြောင်းထဲရောက်သွားမယ်” ပြောလို့ လူငယ်တွေပျက်စီးကြတယ်ဆိုပဲ…
    ဗိုလ်ချုပ်က “ဖာနိုင်ငံ” ပြောလို့ အခုလိုဖြစ်ကြတယ်ဆိုပဲ..။
    မြန်မာရှေးလူကြီးဆိုတဲ့လူတွေ အင်မတန်အယူသီးပါတယ်။
    မုန်တိုင်းတိုက်တာ လေဖိအားအပြောင်းအလဲတွေကြောင့်ပါ။ ကြိုလည်းသိပါတယ်။ ကာကွယ်ရင် လူအသေအပျောက်အင်မတန်နည်းပါတယ်။
    ငလျှင်လည်း ဒီအတိုင်းပါပဲ။ ဘယ်ဘုရင်။ဘုန်းကြီး၊ဆရာတော်မှ သေလို့မွေးလို့ လှုပ်တာမှ မဟုတ်ပါဘူး။
    ပြတ်ရွေ့ကြောတွေကြောင့် ဖြစ်တယ်လို့ အတိအကျသိနေကြပါပြီ။

    ဆိုလိုချင်တာက…
    ခေတ်လူငယ်တွေ ခေတ်မှီမှီသာ တွေးခေါ်ကြစေချင်တာပါပဲ။
    ဆိုတော့ …နောက်ဆို …ဒါလီလင်းက အိုးကြီးလှုပ်ပါဟေ့ဆိုရင် စင်ပေါ်တက်ပြီး ခပ်ကြမ်းကြမ်းသာ ဖက်နမ်းလိုက်ပါလို့
    ပါးကိုပြောတာနော..။

    Reply

  • intro

    March 31, 2010 at 5:09 am

    ဟုတ်ပါတယ်။ kai ပြောတာကို လုံးဝကို ထောက်ခံပါတယ်။ ကျွန်တော်တို့ မြန်မာတွေ အများစုဟာ တစ်ယောက်ပြောတာကို တစ်ယောက်က နားယောင်တတ်ကြတယ်။ အယူသည်းတယ်ဆိုတာကလဲ အမြဲတမ်းတော့ မကောင်းပါဘူး။ စိုင်းစိုင်းခမ်းလှိုင်က “အိုးလေးလှုပ်ပါဟေ့” ဆိုတာ သူ့အဓိပ္ပါယ်နဲ့ သူရှိမှာပါ။ သူ့ရဲ့သီချင်းကို လူငယ်တွေ ပိုစိတ်ဝင်စားအောင် လုပ်တာလည်း ဖြစ်ချင်ဖြစ်မယ်။ အခြား ကိစ္စလည်း ပါချင်ပါမယ်။ ဒါပေမယ့် သူက ဒီလို ပြောလို့ နာဂစ်တိုက်ရပါတယ်လို့ ဆိုလာရင်တော့ လုံးဝကို လက်မခံနိုင်ပါဘူး။ ဖြစ်လာခဲ့ရင်လည်း “ထန်းသီးကြွေခိုက် ကျီးနင်းခိုက်” ပဲ ဖြစ်မှာပါ။ ကျွန်တော်တို့ မြန်မာလူငယ်တွေ ခေတ်ကို အမှီလိုက်နေတဲ့နေရာမှာ တစ်ခါတစ်လေ ကိုယ့်အယူအဆနဲ့ကို ခေတ်မှီမှီသာ တွေးခေါ်ကြရင်၊ မလိုအပ်တဲ့ အယူအဆဟောင်းတွေကို တတ်နိုင်သမျှ ပယ်သတ်နိုင်ကြရင် ပိုပြီးတော့ ကောင်းမယ်လို့ ထင်မြင်မိပါတယ်။ ဒီလိုပဲ ဒါလီလင်း လဲ “အိုးကြီးလှုပ်ပါဟေ့” ဆိုရင် သူဘယ်လောက်လှုပ်နိုင်မလဲ ဆိုတာကို ကြည့်ပြီး အားပေးကြပါလို့။ 😀

    Reply

  • susunosuki

    April 17, 2010 at 8:59 am

    ဟုတ်တယ်
    ခုတလော ဇတ်သဘင်မှာ
    အဖော် အချွတ်တွေ ဇောင်းပေးလာတာကိုတွေ့ရတယ်
    သိပ်မကြိုက်တော့လို့ မကြည့်တော့ဘူး
    တော်တော်များများဇတ်အဖွဲ့တွေပျက်စီးကုန်ကြပြီ

    Reply

  • mickylay

    April 19, 2010 at 6:57 am

    အော် သူလှုပ်လေ တို့ရင်ခုန်လေပေါ့

    Reply

  • Shwemannmay

    June 17, 2010 at 6:40 am

    အဲ ဝတ်ထားပုံကြီးကလဲ … မြန်မာ့ရိုးရာဆုတံဆိပ်ရှင်လို ့ကျိန်ပြောရမယ့်ပုံ ပဲ
    မြန်မာအနုပညာရှင်အမျိူးသမီးတွေပာာလေ မွေးထားတုန်းက အကောင်း ဒီအနုပညာအလုပ်လုပ်မှပဲ မိန်းမပျက်လိုလို ဘာလိုလိုပုံပေါက်အောင် ဝတ်ကြစားကြ ပြုမုူကြနဲ့
    စိတ်ပျက်စရာ

    Reply

  • FuQi

    June 17, 2010 at 10:50 am

    ဟုတ်ပါတယ်.. ဘာကြောင့် အမျိုးသမီးတွေက အဲ့ဒီ အနုပည်လောကထဲ ဝင်သွားတာနဲ့ ဘာလို့အဲ့လောက်ပျက်စီးသွားရတာလဲ မသိဘူး..

    Reply

  • blacktiger

    July 13, 2010 at 10:05 am

    ဒါလီလင်းအိုးနဲ့ နာဂစ် ဆိုင်မဆိုင်တော့မသိဘူး အဲ့ဒီလောက်လှုပ်တဲ့အိုး ကြည့်ဖြစ်အောင်ကြည့်မယ်ဆိုပြီး download လုပ်နေတာအခုထိ မရသေးဘူး ကောင်းလိုက်တဲ့ connection …….

    Reply

Leave a Reply to mickylay Cancel Reply

Your email address will not be published.