ထူးကဲအံ့ဖွယ် အလင်းရောင် ၄-မျိုး

badbabylay09@gmail.comSeptember 11, 20101min00

အခါတပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား
မြတ်စွာဘုရားပွင့်ထွန်းပေါ်ပေါက်
ခြင်းကြောင့် ထူးကဲသော အံ့ဖွယ် ၄-ပါးတို့ ဖြစ်ပေါ်လာကြောင်းကို ဟောတော်မူသည်။

ရဟန်းတို့ မြတ်စွာဘုရားတို့၏ ပွင့်ထွန်းပေါ်ပေါက်ခြင်းကြောင့် မဖြစ်စဖူး ထူးကဲသောအံ့ဖွယ်တို့
ဖြစ်ပေါ်လာကုန်၏။ ယင်းတို့ကား-
(၁) ဘုရားလောင်းသည် တုသိတာနတ်ပြည်မှ စုတေ၍ မယ်တော်၏ဝမ်းတိုက်သို့ သက်ဝင်သောအခါ နတ်နှင့်တကွသော လောက၌ အတိုင်းအဆမရှိ
အလင်းရောင်သည် ဖြစ်ပေါ်လာ၏။ ထိုအလင်းရောင်ဖြင့် အမိုက်တိုက်အတိဖြစ်သော
လောကန္တရိတ်ငရဲသားတို့သည်ပင် အချင်းချင်း မြင်ကြရ၏။

(၂) ဘုရားလောင်းသည် မယ်တော်၏ဝမ်းမှ ဖွားမြင်သောအခါ နတ်နှင့်တကွသော လောက၌
ထူးကဲသောအလင်းရောင်သည် ဖြစ်ပေါ်လာ၏။

(၃) မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်တော်ကို ရရှိတော်မူသောအခါ၌လည်း လောက၌
ထူးကဲသော အလင်းရောင်သည် ဖြစ်ပေါ်လာ၏။

(၄) မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော ဓမ္မာစကြာ (တရားစက်ကို လည်စေခြင်း၊ ဟောကြားခြင်း) ကို
ဟောတော်မူသောအခါ၌ လောက၌ ထူးကဲသော အလင်းရောင်သည် ဖြစ်ပေါ်လာ၏-ဟု
ဟောောတ်မူသည်။
(မှတ်ချက်)

လောကန္တရိက=လောကန္တရိတ်=စကြာဝဠာတို့၏ အကြား၌ရှိသော ငရဲ။
သမ္မာသမ္ဗောဓိဉာဏ်=အရဟတ္တဖိုလ်အရင်းခံသော
သဗ္ဗညုတဉာဏ်။

Leave a Reply

Your email address will not be published.