ယာဉ်မောင်းသူအချို့အကြောင်း

moethidasoeSeptember 9, 20101min06

ယာဉ်မောင်းသူအချို့အကြောင်း ပြောပြချင်တယ် ပြောပြန်ရင်လဲ နှိမ်ရာကျမယ်  ကိုယ်တိုင်တော့ ကား မဝယ်နိုင်သေးပါ .. ကိုယ်ပိုင်ကား မရှိလို့ ဒီစာ ရေးတာတော့ မဟုတ်ပါ .. ဒီမြင်ကွင်းကို တွေ့ပါများတော့ စိတ်အချဉ်ပေါက်လာတယ် .. ဘယ်နဲ့ .. သူတကာတွေ စနစ်တကျ တန်းစီပြီး မီးပွိုင့်ကို ဖြတ်ကျော်ကြတာကို ကြားဖြတ်ဝင် တစ်ခါတစ်လေတော့ လက်ကလေး ထောင်ပြပါရဲ့ .. အများအားဖြင့် ခတ်တည်တည်ပဲ .. ဖြတ်ဝင်တဲ့ ကားတွေ ကြည့်ရင် အဟောင်းရော အသစ်ရော .. ကိုယ်ပိုင်ရော .. taxi ရော အားလုံးပဲ .. အဆိုးဆုံးက လိုင်းကားတွေ .. သူတို့က နေ့စဉ် ဆက်ကြေး ပေးရတဲ့သူတွေဆိုတော့ ငါတို့ကို ဖမ်းမှာ မဟုတ်ဘူး ဆိုပြီး ဘေးကပ်မောင်းရမယ့် လမ်းမှာ အလယ်ကြော အထိတက် .. ပြီးတော့မှ တစ်ကြောပြီးတစ်ကြော ကြားဖြတ်တက် .. ပြီးတော့မှ မီးပွိုင့်ကို သတ်မှတ်လမ်း ကြောင်းအတိုင်းဖြစ်အောင် အတင်းပြန်ဝင် .. ကြားက ကားတွေမှန်သမျှ ဂရုစိုက်စရာ မလို ဆိုတဲ့ ပုံစံနဲ့ပေါ့ .. ပွိုင့်မှာတော့ ယာဉ်ထိန်းရဲ ရှိပါတယ် .. ပုံမှန် ဆက်ကြေးကိုပဲ တွက်နေတာ များတယ် မတိုက်မချင်း ထိုင်ရာက မထ ထဲကပဲ ထင်ပါရဲ့ .. အဲဒီတော့ ယာဉ်မောင်းတွေ ဥပဒေ ချိုူးဖောက်ကြတာ ဘာဆန်းသလဲ .. ယာဉ်တိုက်မှုဖြစ်မှသာ .. ကျွန်တော့်မှာ မိန်းမက ဘယ်နှယောက် .. ကလေးက ဘယ်နှယောက် ကို လုပ်ကျွေးနေရတာပါ .. အမေအိုကြီးကို လုပ်ကျွေးနေတာပါနဲ့ ငိုပြကြဦးမယ် ..  ဟော သူတို့ကားကို လမ်းမဖယ်ပေးရင်တော့ ပွတ်ဆွဲမယ် တကဲကဲနဲ့ .. ပြီးရင် ပြောလိုက်သေး တယ် .. ကားသမားချင်း ကိုယ်ချင်းမစာဘူးတဲ့ .. ကဲ .. အခု တန်းစီနေတဲ့လူတွေ .. ဒီနေရာကိုရောက်ဖို့ ဘယ်လောက် စနစ်တကျ လာခဲ့ရသလဲ ဆိုတာကိုရော သူတို့ ကိုယ်ချင်းစာကြည့်ဖူးလို့လား .. တစ်ကယ်နော် .. စိတ်ကုန်တယ် ..  စိတ်တိုတတ်တဲ့ လူနဲ့တွေ့လို့ကတော့ .. ဂျိမ်းကနဲပဲ .. ပြီးရင် နှစ်ဖက်စလုံး မကောင်းဖြစ်တော့မယ် ..  တစ်ခါက စင်္ကာပူမှာ ညပိုင်း မီးနီ ဖြတ်ဝင်တဲ့ လူတစ်ယောက် .. အိမ်ကို ချလံရောက်လာတော့ .. သွားမဆောင်ဘူးလေ .. ဘယ်သူသိမှာလဲလို့ အတွေးနဲ့ပေါ့ .. တစ်ပတ်လောက်ကြာတဲ့အထိ မသွားဖြစ်တော့ နောက်ထပ် ဓါတ်ပုံအထောက်အထားနဲ့ ဆင့်ခေါ်စာရောက်လာပါလေရော .. ပုံထဲမှာ ဘယ်နေ့ ဘယ်အချိန် ဆိုတဲ့ နာရီ စာသားရယ် .. ကင်မရာချိန်ထားတာက ဘယ်နေရာဆိုတာရယ်ကို အတိအကျ ပါတဲ့အပြင် မောင်းသူရဲ့ဘေးမှာ မိန်းမ တစ်ယောက် ပါလာတာကိုပါ ထင်ရှားအောင် ရိုက်ထားတဲ့ ပုံဖြစ်နေတော့မှ .. အိမ်က မိန်းမနဲ့ ကွိုင်တက်ပါလေရော တဲ့ ..   ဒီတော့ နိုင်ငံခြားမှာဆိုရင် အဲဒီ ယာဉ်မောင်းတွေ .. လိုင်စင် ပိတ်ခံရမှာ သေချာတယ် .. သူတို့မှာ စိမ်းစိမ်းကျက် ကျက် .. ချလံဖြတ် .. လာမဆောင်ရင် .. တရားရုံးက ဆင့်ခေါ်မှာ .. ဪ သူတို့မှာ ကားမှန်သမျှ အမည်ပေါက် ရှိနေရတာကိုး  လုပ်နိုင်မှာပေါ့ ..  ကြားဖြတ်ခံရတဲ့ ကားတွေဖက်ကလဲ စဉ်းစားကြည့်ကြပါ .. သူသူငါငါ ကိုယ်သွားမယ့်ခရီးကို မြန်မြန်ရောက် ချင်ကြတာချည်းပဲ (သေဖို့ကလွဲလို့) .. သူဌေး မြန်မြန်ဖြစ် .. ထီ မြန်မြန်ပေါက် .. အမွေ မြန်မြန်ရ .. ကား ကြီးကြီးစီး .. တိုက် ကြီးကြီး ဆောက် .. မိန်းမ +++ ယူ .. ဒီလိုချည်းပဲ .. ဒါပေမယ့် သူများကို ထည့် မစဉ်းစားကြဘူး .. သူတို့လဲ ငါ့လို အလျင်လိုကြမှာပဲ .. မြန်မြန်ရောက်ချင်ကြမှာပဲ ဆိုတာ ..  သူတို့ မြန်မြန် မရောက်ချင်တာ .. ကြားဖြတ် မသွားချင်တာ သချင်္ ိုင်းပဲ ရှိတယ် .. အဲဒါကြတော့ စောစော မရောက်ချင်ကြဘူး .. ဒါပေမယ့် သူတို့လုပ်ရပ်ဟာ အဲဒီကို စောစောရောက်နိုင်တယ် ဆိုတာကို မသိကြသေးဘူး ဆိုတာတော့ ထင်ရှားတယ် .. ဒါပါပဲ .. စိတ်ချဉ်လို့ ရေးလိုက်တာ ..

6 comments

  • ဆူး

    September 9, 2010 at 11:04 am

    စာရေးသူ စိတ်ကို နားလည်ပါတယ် လိုင်းကားသမားတွေ အလျင်လိုပြီး မတရား အတင်းကျော်တတ်ချင်နေတာမျိုး နောက်ပြီး အငှားကားတွေ အတင်းအလုအယက် ဝင်တိုးတာတွေ ခဏခဏ ကြုံရတယ် သူတို့ကို ပြသနာ ရှာတဲ့ သူနဲ့တွေ့တော့ အမြီးတောင် မထောင်ရဲဘူး ကုတ်နေတာဘဲ။ ပလိပ်တွေလည်း အတင်းကာရော ဖမ်းမှ ငြိမ်တာ။ အတင်းကာရော ဖမ်းဖို့ တိုက်တွန်းပြန်တော့ အမှုရှာတွေ ဖြစ်လာ ပြန်ကော ဘယ်လို လုပ်ရမလဲ။ အိမ်ကားတွေမှာ ကားမောင်း ရမ်းကားတာတွေတော့ ရှိကြမှာပါ ဒါပေမဲ့ ပြောရလောက်အောင်တော့ သိပ်မဆိုးဘူးထင်တာဘဲ။ သိမ်ကြီးဈေး က သိမ်တော်ကြီး အရှေ့က လမ်းမှာဆို လမ်းကလည်း ကျဉ်း တဖက်က လည်း လူတွေ ဈေးဝယ် ဈေးရောင်းနဲ့ ၂လိုင်းယှဉ်မောင်းလို့ရတဲ့ လမ်း ၁လမ်းဖြောင့်ဖြောင့် မောင်းသာရုံပေါ့ အလယ်မှာလည်း ဓါတ်တိုင်က ခံနေတော့ နောက်တခြမ်းက မောင်းပြန်တော့လည်း ဘစ်ကားဆိုတဲ့ ကားသမားတွေက အလု အရက် အတိုးနေကြတာ တစီးက ဂိတ်မှာ ရပ်နေရင် သူနောက်က တန်းစီမယ်လို့ မတွေ့ဘူး သူမထွက်ခင် သူထက် အရင်ထွက်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ပိတ်ရပ်လိုက်တယ် အဲဒီမှာတင် ၂လမ်းမောင်းက ကား၂စီးနဲ့ ကျပ်နေပြန်ရော ကားလမ်းက ကျဉ်း ကားသမားတွေက အပြိုင်အဆိုင် ဖြစ်တော့ နောက်က ကားတွေ စိတ်တွေပျက်.. ဒီကြားထဲ အရှေ့ကားက လူတွေ ဈေးဝယ်ဈေးပြန် လမ်းကူးနေလို့ ရပ်စောင့်ရင် သူတို့က မစောင့်နိုင်ဘူး အတင်းတိုးတာ အနောက်က ဝင်စောင့်တာတောင် မြင်လိုက်သေးတယ် တော်သေးတာ တိုက်ခံရတဲ့ကားကလည်း ကုန်ကား အသေးစားမျိုး ဆိုတော့ ကားကိုယ်ထည် ပိန်သွားတာက လွဲရင် ဘာမှ မဖြစ်ဘူး။ ဘစ်ကား ဆိုတဲ့ ကား စီးတဲ့ လူတွေ ကြတော့လည်း ဘုရားတရား မမြဲ သူတွေပါ ဘုရားစာ အကုန်ရသွားလောက်အောင် ကို အတွေ့အကြုံရတယ်။ မယုံမရှိနဲ့ ကိုယ်တွေ့နော်.. အခုပြောတာတောင် တနေရာ စာဘဲ ရှိသေးတယ်..

    Reply

  • joejarminthat

    September 9, 2010 at 4:23 pm

    Driver .,
    some one driver stupid man ..
    person for life don’t care full?
    for money…………..
    drive your safety…

    Reply

  • joejarminthat

    September 9, 2010 at 4:28 pm

    kyawtaw laptop ka myanmar loe yite loe ma ya loe myanmar loe write chin tar byar
    driver twe spare twe about ko write chin tar myar ma pyaw chin bu myanmar loe ya ma write ohnn mal

    Reply

  • kyansitthar101

    September 10, 2010 at 2:06 am

    မန္တလေးမှာ လဲစည်းမဲ့ ကမ်မဲ့ မောင်းကြ တဲ့ ယဉ်မောင်းတွေလဲပေါမှပေါ……
    သူတို့တွေကြည့်လိုက်ရင် အသည်းယားစရာပါ……..
    ပေါင်ဖြူဖြူ လေးတွေပြထားပြီး လက်ကိုတော့ အသားမည်းမှာ ကြောက်တတ်ကြသတဲ့……
    ဆိုင်ကယ်ကို ဖင်ကြားညှပ်ပြီး ဟွန်းတီး လဲ လည့်မကြည့်……
    သူတို့ကိုသူတို့ အလှပြ ဆိုင်ကယ်မောင်းနေကြသလိုလို…….
    ဟိုလိုဖြတ်ဒီလိုဖြတ်…. ဟိုကြားတိုး ဒီကြားတိုး အသည်းယားစရာ …..

    Reply

  • pan pan

    September 10, 2010 at 5:33 am

    ဟုတ်တယ်။ ဘတ်စ်ကားတွေဆိုတာ မှတ်တိုင်မှာ တက်တက် ဆိုပြီးအတင်းဆွဲတင်လိုတင်၊ မတရားအမြန်မောင်းလိုမောင်း၊ သူတို့ဖြင့်ရပ်ချင်ပြီဆိုရင် တော်တော်နဲ့ ကားကမထွက်နိုင်ဘူး။ ဘတ်စ်ကားစီးရတာ သာမန်လူတွေက မထောင်းသာပေမယ့် သက်ကြားအိုတွေ၊ ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ မသန်စွမ်းသူတွေအတွက်တော့ အန္တရာယ်ကြီးလွန်းပါတယ်။

    Reply

  • Maung Dae`

    September 10, 2010 at 7:39 am

    ကျွန်တော်ကိုယ်တိုင်လည်းကားမောင်းနေတာပါ… ကိုယ်ပိုင်ကားတော့မဟုတ်ဖူး သူများကား… အစမှာတော့ သည်းခံပါတယ် ကိုယ်ချင်းစာပေးတယ်… ကြားဖြတ်ဝင်တယ်ဆိုလဲ အဝင်ခံလိုက်တယ်… ဘာမှမပြောခဲ့ဘူး.. တစ်ချို့ကတော့ ရိုရိုသေသေလေး အစ်ကိုရေ တစ်စီးလောက်ပါ ဆိုပြီးပြောတယ်… တစ်ချို့ကတော့ ဆရာကြီးအထာနဲ့ ငါဝင်လိုက်ရင် ဒီကောင်နောက်တွန့်ပြီး ရပ်ပေးမှာပဲဆိုတဲ့ အထာနဲ့ ဇွတ်ဝင်ကြတယ်.. အထူးသဖြင့် နောက်ဆုံးပေါ်ကားမှာ မှန်အမည်းတွေတပ်ထားတဲ့ ကားတွေပေါ့.. တစ်ချို့ကားတွေဆို နံပါတ်ပြားတောင်မပါဘူးနော်…. ဘယ်လိုပဲသည်းခံခဲ့ သည်းခံခဲ့ လူပဲလေ နောက်တော့ ပေါက်ကွဲတာပေါ့… အခုနောက်ပိုင်းမှာတော့ အစ်ကိုရေ တစ်စီးလောက်လဲလာမပြောနဲ့ ခပ်တည်တည်လဲဝင်မဖြတ်နဲ့ ကိုယ့်ဘက်ကမှန်လို့ကတော့ အကုန်ဝင်အောင်းပစ်မယ်… လမ်းမှာ မောင်ဒဲ့ကားတွေ့ရင်ဝေးဝေးကရှောင်ကြပေတော့ပဲ…. 😀

    မောင်ဒဲ့

    Reply

Leave a Reply

Your email address will not be published.