ပစ်စုပ်ပန်

ဆုိးဆုိးSeptember 9, 20101min00

မလှပတဲ့ ပုံရိပ်တွေနဲ့

ကြွေလွင့်ခဲ့တဲ့ အတိတ်အတွက်

ဝမ်းနည်း ပူဆွေးနေခဲ့ရင်

ကို်ယ့်ဘဝကို ကိုယ့် အဆိပ်ခတ်ပြီး သတ်နေတာ။

မရောက်ရှိသေးတဲ့ အနာဂတ်နဲ့

ရှေ့မှာ ကြုံတွေ့ရမယ့်အခက်အခဲတွေ အတွက်

တွေးတော ပူပန် နေခဲ့ရင်

ကိုယ့် ယုံကြည့်မှု ကို မယုံကြည်ခဲ့တာ။

တကယ်တော့

အတိတ်ဆိုတာ

ပြီးဆုံးခဲ့တဲ့ ပစ်စုပ်ပန်

အနာဂတ်ဆိုတာ

ရောက်ရှိလာမယ့် ပစ်စုပ်ပန်

နောင်လာမယ့်

အတိတ် နဲ့ အနာဂတ် ဆိုတာ

အခု ပစ်စုပ်ပန် ရဲ့ လက်ထဲမှာ………..။

(လက်ရေးဆင့် စာလုံးများ မရသောကြောင့် သည်းခံ ဖတ်ပေးပါရန်)

Leave a Reply

Your email address will not be published.